Old-time music

old-time ဂီတသည် မြောက်အမေရိကန် folk ဂီတ၏အမျိုးအစား၏မျိုးခွဲတစ်မျိုးဖြစ်သည်။ မြောက်အမေရိကန် folk အကများနှင့်အတူ ဖွံဖြိုးတိုးတက်ခဲ့ပြီး square dancing, clogging နှင့် buck dancing အစရှိသဖြင့်ဖြစ်သည်။ acoustic တူရိယာများနှင့်တီးခတ်ခဲ့သည်။ ယေဘုယျအားဖြင့် တယောနှင့် ကြိုးတပ်တူရိယာများနှင့် ပေါင်းစပ်၍ တီးခတ်သည်။

သမိုင်းကြောင်း

ယဉ်ကျေးမှုသည် မြောက်အမေရိကမှ အခြေစိုက်၍ old-time ဂီတ၏ အရင်းအမြစ်သည် ဗြိတိသျှကျွန်းများ၊ အိုင်ယာလန်နှင့် အာဖရိက၏ရိုးရာဓလေ့အမျိုးအစားများမှ ပေါ်ပေါက်လာခဲ့သည်။ ပြင်သစ်နှင့် ဂျာမန်ဒေသတို့၏ နယ်မြေဒေသအချို့များလည်း အရေးပါသည်။ အကတေးသွားများနှင့် သီချင်းများသည် ဥရောပဒေသအချို့ကို ခြေရာကောက်နေစဉ် အခြားမှာ မြောက်အမေရိကန်မှဖြစ်သည်။

Old-time ဝေါဟာရ

သီချင်းများသည် ဥရောပဒေသအချို့ကို ခြေရာကောက်နေစဉ် အခြားမှာ မြောက်အမေရိကန်မှဖြစ်သည်။ အာဖရိကဂီတနှင့် ဥရောပ၏ရိုးရာဓလေ့ဂီတမှ စတင်ခဲ့သည်။ old-time ဂီတသည် မြောက်အမေရိကရိုးရာဂီတနှင့် အခြားအမေရိကန်ဂီတတို့၏ သက်တမ်းရင့်သော ဂီတပုံစံကို တင်ပြထားခြင်းဖြစ်ကောင်းဖြစ်နိုင်သည်။ old-time သည် သင့်လျော်သော အမျိုးအစား ဝေါဟာရတစ်ခုဖြစ်သည်။ label အရ ၁၉၂၃ သို့ပြန်လည်ရှာကြည့်နိုင်သည်။ Fiddlin’s John Carson သည် Okeh label တွင် အမေရိကန် country ဂီတ၏ ပထမဆုံးစီးပွားရေးအရ မှတ်တမ်းတင်ခြင်းပြုလုပ်ခဲ့သည်။ Okeh သည် Appalachia နှင့် တယော အခြေခံထားသည့် ဘာသာရေးဂီတနှင့် အာဖရိကအမေရိကမှတ်တမ်းအနုပညာရှင်များကို ဖော်ပြရန် hibilly ဂီတဟုသော ဝေါဟာရကို အသုံးပြုခဲ့သည်။ Old-time ဟုသော ဝေါဟာရကို Carson ပုံစံနှင့် အနုပညာရှင်များဖန်တီးထားသည့် ဂီတကို ဖော်ပြရန် စတင်အသုံးပြုခဲ့သည်။ သို့သော် ထိုဒေသများ၏ အခြားဝေါဟာရများနေရာတွင် အစားထိုးခဲ့သည်။ old-timey သို့ mountain music ဟုလည်း ရည်ညွန်းသည်။



အခြားအရင်းအမြစ်များ

၁၉ရာစုနှင့် ၂၀ရာစုတေးသွားများသည် minstrel, Tin Pan Alley, gospel နှင့် အခြားဂီတပုံစံများကို old-time ပုံစံတွင် ဆက်သွယ်ခဲ့သည်။ ဆင်တူသောဂီတကို ၁၈ရာစုနှင့် ၁၉ရာစုတွင် အမေရိကန်ပြည်ထောင်စု၏ဒေသများတွင် တီးခတ်နေစဉ်တွင် ၂၀ရာစု Appalachia ဒေသနှင့် ဆက်သွယ်လာခဲ့သည်။

ပြန်လည်ရှင်သန်ခြင်း

ရှင်သန်စေခဲ့သောသူများထဲတွင် Mike Seeger နှင့် Pete Seeger တို့လည်းပါဝင်သည်။ သူသည် ၁၉၄၀တွင် နယူးယောခ့်မြို့သို့ ဂီတကို ယူဆောင်ခဲ့သည်။ New Lost City Ramblers သည် သက်တမ်းကြီးရင့်သော ဂီတသမားများဖြင့် ထူးခြားသည်။ တီးဝိုင်းသည် Mike Seeger, John Cohen နှင့် Tom Paley တို့ဖြင့်စတင်ခဲ့သည်။ Tom သည် တီးဝိုင်းကို စွန့်ခွာခဲ့ပြီး Tracy Schwaz တို့ဖြင့် အစားထိုးခဲ့သည်။ New Lost City Ramblers သည် old-time ဂီတထဲတွင် စိတ်ဝင်စားခဲ့သည်။

တီးခတ်ခြင်း

old-time ဂီတကို ကွဲပြားသော ကြိုးတပ်တူရိယာများကျယ်ပြန့်စွာအသုံးပြုခဲ့ကြသည်။ အဓိကကျသော အကူးစတစ်ကြိုးတပ်တူရိယာများဖြစ်သည်။ သမိုင်းအရ တယောကို ဦးစားပေးတူရိ ယာအဖြစ်အသုံးပြုခဲ့သည်။ ယခုအကများကို တယောဖြင့် အသုံးပြုခဲ့သည်။ ၁၉ရာစုအစောပိုင်းတွင် ဘင်ဂျို (အာဖရိကမှ လူများထံမှ ဆင်းသက်လာသော အနောက်အာဖရိက တူရိယာတစ်မျိုးဖြစ်သည်) ကို တယော၏ တွဲဖက်တူရိယာအဖြစ်အသုံးပြုခဲ့ကြ သည်။ အထူးသဖြင့် အမေရိကန်တောင်ပိုင်းတွင်ဖြစ်သည်။ ဘင်ဂျိုကို “drone String” ဟုလည်း ခေါ်သည်။ ယနေ့ခေတ် old-time ဘင်ဂျိုတီးခတ်သူများသည် အဓိကအားဖြင့် clawhammer ပုံစံဖြင့် အသုံးပြုကြသည်။ သို့သော်လည်း ကွဲပြားသော ပုံစံများရှိသည်။ အဓိကကျသောပုံစံမှာ clawhammer, two-finger, thumb lead (Kentucky and East Tennessee) နှင့် three-finger “Fiddle Style” (၁၉ရာစုနောက်ပိုင်း Urban classical ပုံစံ လွှမ်းမိုးခဲ့သည်)။ ငယ်ရွယ်သော အတီးသမားများသည် မည်သည့်ပုံစံမဆို သင်ယူချင်ကြပြီး ဓာတ်စက်များ၊ ရေဒီယို၊ ခရီးသွားဖျော်ဖြေသူများနှင့် ရွေ့ပြောင်းနေထိုင်သော အလုပ်သမားများ၊ နယ်ခံဂီတာသမားများနှင့် ဘင်ဂျိုအတီးသမားနှင့် အခြားဂီတသမားများသည် အိမ်နီးချင်းဒေသများသို့ လှည့်ပတ်ခဲ့ကြသည်။ ထိုပုံစံကို တယောဖြင့်ဦးဆောင်တီးခတ်ပြီး ဘင်ဂျိုဖြင့်စည်းဝါးကျကျတီးခတ်ပြီး အခြေခံကျသော Appalachian old-time ဂီတပုံစံဖြင့် ပေါင်းစပ်ထားသည်။ Appalahian old-time ဂီတသမားများသည် classic တီးခတ်နည်းဟု ယူဆကြသည်။ ကိုယ်ပိုင်ဟန်ရှိသော three-finger ပုံစံကို Uncle Dave Macon, Dock Boggs နှင့် Snuffy Jekins တို့မှ ဖွံဖြိုးစေခဲ့သည်။ နောက်ပိုင်းတွင် bluegrass ဂီတထဲတွင် ပါဝင်လာခဲ့သည်။ ၁၉ရာစုနှင့် ၂၀ရာစုအတောအတွင်းတွင် အခြားကြိုးတပ်တူရိယာများကို တယောနှင့် ဘင်ဂျိုတွင် ပေါင်းထည့်ခဲ့ပြီး ဂီတာ၊ မယ်ဒလင်နှင့် double bass (washtub bass) တို့ပါဝင်ခဲ့သည်။ cello, piano, hammered dulcimer, Appalachian dulcimer, tenor banjo, tenor guitar, mouth bow နှင့် အခြားတူရိယာများဖြစ်သော jug, harmonica, autoharp, jaw harp, concertina, accordion, washboard, Spoons သို့ bones တို့ပါဝင်ခဲ့သည်။ တယောကို တစ်ခါတစ်ရံတွင် လူနှစ်ယောက်တီးခတ်ခဲ့ကြသည်။ တစ်ယောက်က လက်ချောင်းများနှင့် တီးခတ်နေစဉ် နောက်တစ်ယောက် Fiddlesticks များနှင့်တီးခတ်သည်။ ထိုနည်းပညာကို Al and Emily Cantrell ကို အသုံးပြုခဲ့သည်။ old-time ရိုးရာဓလေ့ထဲတွင် ကွဲပြာသောအကပုံစံများရှိသည်။ clogging နှင့် flatfoot,contra dancing၊ square dancing နှင့် step dancing (Nova Scotia, အထူးသဖြင့် Cape Breton Island) တို့ပါဝင်သည်။

ဒေသဆိုင်ရာပုံစံများ

old-time ဂီတထဲတွင်များပြားစွာသော ဒေသဆိုင်ရာပုံစံများရှိသည်။ Appalachia, Native American Old-time ဂီတ၊ New England Midwest၊ Texas and the West နှင့် Canada အစရှိသဖြင့်ဖြစ်သည်။

ဒေသဆိုင်ရာပုံစံများ

old-time ဂီတဖြစ်ရပ်သည်များသောအားဖြင့် သက်ဝင်လှုပ်ရှားနေသည်။ ၁၉၉၀အလယ်တွင် ကွဲပြား၍ ရုပ်ရှင်များမှ ပေါ်ထွက်လာခဲ့သည်။ The Freight Hoppers, The Wilders, Uncle Earl, Old Crow Medicine Show နှင့် Moonsville Collective စသော တီးဝိုင်းများ၏ အလုပ်တွင် တွေ့ရှိနိုင်သည်။ မျိုးဆက်သစ် old-time ဂီတသမားများတွင် Mat Strokes, Brad Leftwich, Bruce Molsky, Rafe Stefanni, Bruce Greence, Rayna Gellert, Riley Baugus, Leroy Troy, Alice Gerrad, Dirk Powell နှင့် Martha Scanlan တို့ပါဝင်သည်။ Appalachia ဒေသ Galax, VA မှကြိုးတပ်တူရိယာမှ တီးဝိုင်းများပေါ်ထွက်လာခဲ့ပြီး old-time ဂီတမှ တူရိယာများ ပေါ်ထွက်လာခဲ့သည်။ Don Pedi, David Schnaufer, Lois Hornbosted, Wayne Seymour, Milltown နှင့် Stephen Seiferst တို့ လွှမ်းမိုးခဲ့သည်။ ဝါရင့်ဂီတသမားများတွင် Alcoa မှ Charlie Acuff, Mount Airy, North Carolina မှ Chester McMillan၊ Line Fork, Kentucky မှ Lee Sexton, Murfreesboro မှ Thomas Maupin၊ Chapel Hill, North Carolina မှ Rob Morrison၊ Talcott, West Virginia မှ Jimmy Costa၊ Chattanooga မှ Curtis Hicks၊ Monticello မှ Clyde Davenport Waverly Tennessee မှ Delmer Holland နှင့် Chelsea, Vermont မှ Harold Luce တို့ပါဝင်သည်။

ဒေသဆိုင်ရာပုံစံများ

အရေးပါသော old-time ဂီတပွဲတော်များမှာ (တစ်ချို့မှာ bluegrass, အကများနှင့် အနုပညာအများစုနှင့် ဆက်စပ်နေသည်) Saskatoon, Saskatchewan, Canada မှ Northern Lights Blugrass and Old Tyme Music (၂၀၀၅ခုနှစ်တွင်စတင်ခဲ့သည်)၊Camp and Festival၊ Galax Virgina မှ Old Fiddler’s Convention (၁၉၅၃တွင် စတင်ခဲ့သည်)၊ West Virgina မှ West Virgina State Folk Festival (၁၉၅၀တွင် စတင်ခဲ့သည်)၊ Weiser, Idahoမှ National Oldtime Fiddler’s Contest (၁၉၅၃တွင် စတင်ခဲ့သည်) Mount Airy၊ North Carolina မှ Mount Airy Fiddlers Convention (၁၉၇၂တွင် စတင်ခဲ့သည်)၊ Murfreesboro, Tennesseeမှ Uncle Dave Macon Days၊ Charleston, West Virginaမှ Vandalia Gathering (၁၉၇၇တွင် စတင်ခဲ့သည်)၊ Clifflop, Fayctte Country, West Virginia မှ Appalachian String Band Music Festival (၁၉၉၀တွင် စတင်ခဲ့သည်) Lebanon, Tennessee မှ Breakin’ Up Winter၊ Winfield, Kansas မှ Winfield Music Festival နှင့် Smithville, Tennessee မှ Smithville Fiddlers’ Jamboree and Crafts Festival (၁၉၇၂တွင် စတင်ခဲ့သည်)။

အကဂီတ သို့မဟုတ် Old-time ဂီတ

Old-time ဂီတသည် ကြိုးကို အခြေခံထားသော တီးဝိုင်းများကြောင့် မကြာခဏအကများအတွက်တီးခတ်ကြသည်။ ဝိသေသလက္ခဏာများမှာ အကဂီတဖြစ်သည်။ မည်သို့ပင်ဆိုစေ ကြာမြှင့်သော ရိုးရာဓလေ့နှင့် တယောသီချင်းများနှင့် ဆက်စပ်နေသည်။ West Virginia မှ Erynn Marshall ၏ Music in the Air Somewhere: The Shifting Borders of West Virginia’s Fiddle and Song Traditions (WVU Press, ၂၀၀၆) တွင် ပါရှိသည်။ အကဂီတထဲတွင် old-time ကြိုးတပ်တီးဝိုင်းများ ပါဝင်ပြီး ပြင်းထန်သောတီးလုံးများနှင့် solo များကို အလေးထားသည်။ Bluegrass ဂီတသည် ၁၉၄၀တွင် ဖွံဖြိုးခဲ့ပြီး old-time ဂီတမှ ဖွံဖြိုးလာခဲ့သည်။ old-time ဂီတထက် solo ဖျော်ဖြေမှုများကို ဦးတည်ထားသည်။ ကနေဒါဂီတသမားများသည် အထူးသဖြင့် Maritime (စကော့တလန်လွှမ်းမိုးခဲ့သည်) တွင် reels နှင့် Jigs အမျိုးအစားများ ကျော်ကြားလာခဲ့သည်။

Old-time ဂီတသင်ယူခြင်း

ကစားသမားများသည် old-time ဂီတကို နားဖြင့် သင်ယူခဲ့ကြသည်။ old-time ဂီတကို ရေးသားခြင်းဖြင့် မသင်ယူနိုင်ဟု ယုံကြည်ကြသော်လည်း ဂီတအကြောင်းများ ရေးသားခြင်းကျယ်ပြန့် လာခဲ့သည်။ အမှတ်ရစရာတီးခတ်သူအချို့လက်တန်းစပ်ဆိုသီကုံးကြသည်။ အတီးသမားများသည် old-time ဂီတကို ဒေသများမှ သင်ယူကြပြီး နိုင်ငံတစ်ဝိုက်တွင် ပွဲတော်များကျယ်ပြန့်စေခဲ့သည်။ old-time ဂီတကို web radio နှင့် web site အသေးစားများမှ ဂီတ ပြုလုပ်ခြင်းကို လက်ခံနိုင်လာကြသည်။ အမေရိကန်နှင့် ကနေဒါသည် ရိုးရာတေးဂီတမှ သက်တမ်းအရင့်ဆုံးပုံစံဖြစ်သော်လည်း old-time ဂီတသည် မြောက်အမေရိက အခြေခံစာသင်ကျောင်းများ၊ အလယ်တန်းများနှင့် တက္ကသိုလ်များ မသင်ကြရချေ။ square dancing ကို တစ်ခါတစ်ရံတွင် အခြေခံမူလတန်းကျောင်းများတွင် သင်ကြားရသည်။ old-time တူရိယာများနှင့် အကများသည် ပညာရေးစနစ်တွင် မပါဝင်ချေ။ စာသင်ကျောင်းအပြင်၌သာ သင်ကြားရသည်။

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.