Teutonic thrash metal

Teutonic thrash metal သည် thrash metal ဂီတ၏ အရပ်ဒေသဆိုင်ရာဖြစ်ရပ်ဖြစ်ပြီး ၁၉၈၀တွင် ဂျာမနီတွင် စတင်ခဲ့ခြင်းဖြစ်သည်။ Bay Area thrash metal, East Coast thrash metal နှင့် Brazillian thrash metalတို့နှင့်တစ်လျှောက် ၁၉၈၀ thrash metal အဓိက ဖြစ်ရပ်မှ တစ်ခုဖြစ်သည်။

သမိုင်းကြောင်း

teutonic thrash metal ပေါ်တွင် လွှမ်းမိုးခဲ့သော တီးဝိုင်းနှစ်ခုမှာ Lorrach မှ Destruction နှင့် Achen မှ Holy Moses တို့ဖြစ်သည်။ Venomတီးဝိုင်းပေါ်လာပြီးနောက်ပိုင်းတွင် တီးဝိုင်းများသည် သူတို့၏အသံများကို ပြောင်းလဲခဲ့သည်။ အခြားတီးဝိုင်းများလည်း သူတို့၏နောက်သို့လိုက်လာကြသည်။ Gelsenkirchen အခြေစိုက် Sodom တီးဝိုင်းသည် သူတို့၏ပထမဆုံး demo ဖြစ်သော Witching Metal ကိုဖြန့်ချိခဲ့သည်။ သူတို့၏ အစောပိုင်းနေ့များတွင် New Wave of British Heavy Metalကို လွှမ်းမိုးခဲ့သည်။ power trio တီးဝိုင်းများဖြစ်သော Motorhead, Tank, Raven နှင့် Venom ကဲ့သို့ဖန်တီးခဲ့ကြသည်။ သူတို့၏ ဒုတိယ album “ Persecution Mania” ဖြန့်ချိမှုတွင် ဂီတာသမား Frank Blackfireသည် သူတို့၏ မူလအသံများမှနေ၍ ရွှေ့ပြောင်းထားပြီး thrash metal တီးဝိုင်းဖြစ်လာခဲ့သည်။ ၁၉၈၅တွင် Essenမှ Kreator တီးဝိုင်း၏ ပွဲဦးထွက် “ Endless Pain” album ထွက်လာခဲ့သည်။ ထိုနှစ်အတွင်းမှာ Destruction ၏ “Infernal Overkill” album ထွက်ရှိလာခဲ့သည်။ ထိုအချိန်အတွင်းတွင် ဂျာမနီတွင် Steamhammer imprint label ကို ဖန်တီးခဲ့သည်။ ဤ Label သည် အများအားဖြင့် metal တီးဝိုင်းများအတွက် ဒီဇိုင်းဆွဲထားခြင်း ဖြစ်သည်။ Noise Record ကိုလည်း တည်ထောင်ခဲ့သည်။ ဤ label နှစ်ခုစလုံးသည် teutonic thrash metal ဖြစ်ရပ်ကို ကမ္ဘာအနှံပျံနှံစေရန် ကူညီခဲ့သည်။ Teutonic thrash metalသည် ဂျာမနီတွင်သာမက ဩစတေးလျ၊ ချက်နှင့် ဆွစ်ဇာလန်တွင်လည်း ပေါ်ပေါက်လာခဲ့သည်။ ဤဖြစ်ရပ်တွင်ပါသော အကြီးမားဆုံးတီးဝိုင်းမှာ မြင့်မားသောနည်းပညာ များနှင့် ဆွစ်ဇာလန်မှ progressive thrash metal တီးဝိုင်း Coroner ဖြစ်သည်။ တီးဝိုင်းများခွဲထွက်လာခဲ့ပြီး သူတို့၏အသံများကို ပြောင်းလဲခဲ့သည်။ Kreatorသည် gothic နှင့်industrial လွှမ်းမိုးများဖြင့် သူတို့၏ဂီတကိုဖန်တီးခဲ့သည်။ Sodom သည် album တစ်ခုလုံးအတွက် death/thrash ပုံစံနှင့် ကြိုးစားခဲ့ပြီး hardcore punk လွှမ်းမိုးမှုဆီသို့ ရှေ့ဆက်သွားခဲ့သည်။ Destructionမှ Schmier ခွဲထွက်ခဲ့ပြီး သူမပါဘဲ Cracked Brain ထွက်လာခဲ့သည်။ ဆက်လက်၍ “The Least Successful Human Cannonball” album ထွက်ရှိလာခဲ့သည်။ ထိုအတောအတွင်း Schimier သည် Headhunter ကို တည်ထောင်ခဲ့ပြီး album သုံးခုနှင့် အောင်မြင်မှုအချို့ရရှိသည်။ အသံများမှာ Rage တီးဝိုင်းနှင့်ဆင်တူသည်။

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.