ကန္ဒရဝတီနယ်

ကန္ဒရဝတီနယ်သည် လက်ရှိ ကယားပြည်နယ်ရှိ ယခင်က ကရင်နီပြည်နယ်များ ၏အ​ရှေ့ပိုင်းရှိနယ်​မြေတစ်ခုဖြစ်သည်။ယ​နေ့​ခေတ် ကယားပြည်နယ်ဖြစ်သည်။သံလွင်မြစ်အ​ရှေ့ပိုင်းတွင်ရှိ၍ အ​ရှေ့ကရင်နီ​ဒေသဟု​ခေါ်သည်။ကရင်နီ​ဒေသ၅ခုတွင် အကြီးဆုံး​ဒေသဖြစ်သည်။[1]

ကန္ဒရဝတီနယ်
(အ​ရှေ့ကရင်နီ​ဒေသ)
ကရင်နီပြည်နယ်များ၏ အ​ရှေ့​ဒေသကြီး

၁၈ရာစု–၁၉၅၉
ကန္ဒရဝတီနယ်၏ တည်နေရာ
၁၉၁၇ခုနှစ်က ကရင်နီ​ဒေသ
အစိုးရ ပ​ဒေသရာဇ်
သမိုင်း
  လွတ်လပ်​​သော​မြေ ၁၈ရာစု
  ကယား​ခေါင်း​ဆောင်များ အာဏာစွန့်ခြင်း ၁၉၅၉
ဧရိယာ
  ၁၉၃၁ ၆၄၇၅ km2 (၂၅၀၀ sq mi)
လူဦးရေ
  ၁၉၃၁ ၃၀၆၇၇ 
သိပ်သည်းမှု ၄.၇ /km2  (၁၂.၃ /sq mi)
ဒုတိယကမ္ဘာစစ်အတွင်းက ထိုင်းတို့သိမ်းယူထား​သော နယ်​မြေများ
၁၉၀၃တွင်​တွေ့ရ​သော ကရင်နီပြည်နယ်များ အုပ်ချုပ်သူများ

သမိုင်း​ကြောင်း

ဒေသခံများ၏စကားများအရ ယခင်က ရှမ်း​စော်ဘွားများ၏သစ္စာခံ ​စော်ဘွားများအုပ်ချုပ်ကြသည်။၁၈ရာစုတွင် လွတ်လပ်လာပြီး ၁၉ရာစုတွင် ကရင်နီ​ဒေသ၌ ​ဒေသကြီး၅ခုရှိခဲ့သည်။

၁၈၆၄တွင် ကရင်နီမင်းသားတစ်ပါးမှ ဗြိတိသျှ၏အ​စောင့်အ​ရှောက်ကို​တောင်းခံခဲ့သည်။သို့​သော် ဗြိတိသျှအာဏာပိုင်များမှ စိတ်မဝင်စားခဲ့​ပေ။ ၁၈၆၉တွင် ထိုမင်းသား​သေသွားပြီးသူ၏သား၂​ယောက်မှ မြန်မာတို့၏သူတို့ပြည်နယ်အ​ပေါ်ထားသည့် ရည်မှန်းချက်ကို ​ကြောက်ရွံ့၍ ထပ်မံ​လျောက်ထားခဲ့သည်။ဗြတိတိသျှတို့ကအစတွင် ထပ်မံငြင်းဆိုခဲ့​သော်လည်း ​နောက်ပိုင်းတွင် လက်ခံခဲ့သည်။ ကြယ်ဖိုးကြီး၊ နန့်မယ်ခုံ၊​ နောင်ပုလဲနှင့်​ဘော်လခဲ​ဒေသများမှာ ဗြိတိသျှ၏အ​​စောင့်​ရှောက်ခံဖြစ်လာပြီး ကန္ဒရဝတီမှမူ တရားဝင်မဟုတ်​သော်လည်းအ​စောင့်​ရှောက်ခံဖြစ်လာသည်။ ကန္ဒရဝတီဒေသမှာ ၁၈၈၈ခုနှစ်တွင် ကြီးမားစွာ ဒဏ်ရိုက်ခံရသည်။အဘယ်​ကြောင့်ဆို​သော် မြို့စား​စောလ​ဖော်၏ နယ်ချဲ့တို့အ​​ပေါ်ဆန့်ကျင်ခြင်း​ကြောင့်ဖြစ်သည်။ သူ့ကိုဆက်ခံ​သော စဝ်လဝီသည် ဗြိတိသျှအစိုးရကို ရူပီး၅၀၀၀ဆက်သသဖြင့် ​စော်ဘွားဘွဲ့ချီးမြှင့်ခဲ့သည်။

ထိုနှစ် နိုဝင်ဘာတွင် ဆိုင်ယမ်(ထိုင်း)အစိုးရမှ ကန္ဒရဝတီအ​ရှေ့ပိုင်းကို နယ်ချဲ့ရန်ကြိုးပမ်းလာသည်။၁၈၉၂-၁၈၉၃ ခုနှစ် အင်္ဂလိပ်-ဆိုင်ယမ် နယ်နိမိတ်မျဉ်း​ကော်မရှင်အရ အ​ရှေ့သံလွင်ကို ထိုင်းမှရယူသွားသည်။

၁၉၄၂တွင် ဂျပန်စစ်တပ်နှင့်အတူ ထိုင်းစစ်တပ်က ရှမ်းပြည်နယ်များကိုကျူး​ကျော်ခဲ့သည်။ဗြိတိသျှ၏အကူအညီ​တောင်းခံမှု​ကြောင့် တရုတ်တပ်များက ကျိုင်းတုံ​နေရာများကို​စောင့်​​ရှောက်ကြသည်။တရုတ်အမှတ်၉၃တပ်မှ ကျိုင်းတုံကို ခုခံ​ပြီး ၂၄၉နှင့်၅၅တပ်တို့မှ ကျိုင်းတုံနှင့်ကရင်နီ​ဒေသများမှခုခံသည်။ဂျပန်​လေတပ်​ကြောင့် ၁၉၄၂နိုဝင်ဘာတွင် တရုတ်တပ်များကို​ကျော်နိုင်ခဲ့သည်။ဂျပန်စစ်တပ်မှာ ဆိုင်ယန်စစ်တပ်ကို ကျိုင်းတုံ​ဒေသနှင့်ကရင်နီ​ဒေသအချို့ကိုခွဲ​​ဝေ​ပေးသည်။ထိုင်းနှင့်ဂျပန်အကြားချုပ်ဆို​သော စာချုပ်များအရ ထိုင်းတပ်၏ကျိုင်းတုံ​ဒေသများကို တိုက်ခိုက်ခြင်းကို သ​ဘောတူခဲ့သည်။​မောက်မယ်​ဒေသမှ ၂ခရိုင်ကိုလည်း ထိုင်းမှလိုချင်ခဲ့သည်။ထို့အတူ အ​​ရှေ့သံလွင်ရှိ ကန္ဒရဝတီ​ဒေသပါ ပါဝင်သည်။

ဂျပန်အင်ပါယာ၏ ကျရှုံးမှုနှင့်အတူ  ထိုင်းတို့ကပါ ကျိုင်းတုံနယ်များမှ ၁၉၄၅ တွင် စွန့်ခွာသွားသည်။ ကန္ဒရဝတီ​ဒေသကိုမူ ၁၉၄၆ တွင်မှ ထွက်ခွာသွားသည်။

အုပ်ချုပ်သူများ

၁၉၀၃ခုနှစ်မှစ၍ ​စော်ဘွားဘွဲ့ခံယူခဲ့ကြသည်။

  • ၁၈၃၇-?​မောင်ပုံ(ပီး​ပေါ်)
  • ၁၈၄၅-?ပါ​ပေါ်ကြီး
  • ၁၈၅၀-?စဝ်လာစာ
  • c.၁၈၅၀-၁၈၆၆ စဝ်ပြတ်တင်
  • ၁၈၆၆-၁၈၆၈ စဝ်​လော​ဖော်

မြို့စား

  • ၁၈၆၈-၁၈၈၈ ဒီဇင်ဘာ စဝ်​လော​ဖော်
  • ၂၈ ဇန်နဝါရီ ၁၈၈၉-၃ ဇန်နဝါရီ ၁၉၀၃ စဝ်လဝီ (၁၈၅၂-၁၉၀၇)

​စော်ဘွား

  • ၁ ဇန်နဝါရီ ၁၉၀၃- ၈ ဇူလိုင် ၁၉၀၇ စဝ်လဝီ
  • ၂ ဒီဇင်ဘာ ၁၉၀၇- ၁၉၀၉ ခွန်နန်(၁၈၈၀-၁၉၀၉)
  • ၂၂ ဧပြီ ၁၉၁၀- ၁၉၄၈ ခွန်လီ(၁၈၉၁-၁၉..)

ဆက်စပ်ကြည့်ရှုရန်

ကိုးကား

  1. Khu Oo Reh (October 2006)။ Highlights in Karenni History to 1948
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.