ဗြိတိသျှအင်ပါယာ
ဗြိတိသျှ အင်ပါယာ သည် ယူနိုက်တက်ကင်းဒမ်း(United Kingdom)မှ အုပ်ချုပ်သော သို့မဟုတ် စီမံခန့်ခွဲသော ဒိုမီနီယမ်များ၊ ကိုလိုနီများ၊ အထိန်းသိမ်းခံနိုင်ငံများ၊ အုပ်ချုပ်ပိုင်ခွင့်အောက်တွင် ထားရှိသောနိုင်ငံများနှင့် အခြားနယ်ပယ်များတို့နှင့် ဖွဲ့စည်းထားရှိခဲ့ပြီး ၎င်းတို့သည် ၁၆ ရာစု နှောင်းပိုင်းနှင့် ၁၇ ရာစုအစောပိုင်းတို့တွင် အင်္ဂလန်မှ ထူထောင်ခဲ့သော ပင်လယ်ရပ်ခြား ကိုလိုနီများ၊ အရောင်းအဝယ်ဋ္ဌာနများတို့နှင့်အတူ ပေါ်ပေါက် ခဲ့သည်။ ၎င်းအထွတ်အထိပ်ဖြစ်နေချိန်တွင် သမိုင်းတွင် အကြီးဆုံးသော အင်ပါယာ တစ်ခုဖြစ်ခဲ့ပြီး ရာစုနှစ်တစ်ခုကျော် တိုင်အောင် အထင်ကရဖြစ်သည့် ကမ္ဘာ့အင်အားကြီး နိုင်ငံဖြစ်သည်။ ၁၉၂၂ ခုနှစ်တွင် ဗြိတိသျှ အင်ပါယာသည် ထိုအချိန်က ကမ္ဘာ့လူဦးရေ၏ လေးပုံတစ်ပုံဖြစ်သောလူဦးရေ ၄၅၈ သန်း ကျော်ခန့် ကို ဩဇာလွှမ်းမိုးခဲ့ပြီး အကြမ်းအားဖြင့် ကမ္ဘာ၏စုစုပေါင်း မြေပြင်ဧရိယာ လေးပုံတစ်ပုံဖြစ်သော ၁၃၀၀၀၀၀၀ စတုရန်းမိုင်ကျော် (၃၃၆၇၀၀၀၀ စတုရန်း ကီလိုမီတာ) ကို ဖုံးလွှမ်းခဲ့သည်။
ရလဒ်တစ်ခုအနေဖြင့် ၎င်း၏ နိုင်ငံရေး၊ ဘာသာ စကား နှင့် ယဉ်ကျေးမှု အမွေအနှစ်များသည် ၎င်းတို့ အုပ်ချုပ်သော နေရာ ဒေသများသို့ ပျံ့နှံ့ခဲ့သည်။ နယ်ချဲ့တို့၏ တန်ခိုးဩဇာ အထွတ်အထိပ် ရောက်နေ ချိန်တွင် " ဗြိတိသျှ အင်ပါယာပေါ်တွင် ဘယ်သောအခါမျှ နေမဝင်ပါ " ဟု ပြော လေ့ရှိခဲ့ကြသည်။ အဘယ့် ကြောင့်ဆိုသော် တစ်ကမ္ဘာလုံးအနှံ့ ၎င်းတို့ ဩဇာ လွှမ်းခြုံထားခြင်းသော မြောက်မြားစွာ သော နယ်ပယ်ဒေသ များအနက်မှ အနည်းဆုံးတစ်ခုပေါ်တွင် နေမင်းကြီးသည် အမြဲတမ်း ထွန်းလင်းတောက် ပနေမည်မှာ သေချာ သောကြောင့်ဖြစ်သည်။
နယ်မြေသစ်ရှာဖွေကြပုံများ
နယ်ပယ်သစ်များကို ရှာဖွေနေသည့် အချိန် ဖြစ်သည့် ၁၅ နှင့် ၁၆ ရာစု အတောအတွင်းတွင်၊ ပေါ်တူဂီ နှင့် စပိန် တို့သည် ကမ္ဘာပေါ်တွင် ဥရောပမှ စူးစမ်းရှာဖွေခြင်းကို စတင်ဆောင်ရွက်ခဲ့ကြပြီး ထိုဖြစ်စဉ်တွင် ပင်လယ်ရပ်ခြား အင်ပါယာကြီးများကို ထူထောင်ခဲ့ကြသည်။ ထိုအင်ပါယာများမှ နှင်းအပ်သည့် ကြီးကျယ်သော ကြွယ်ဝချမ်းသာ မှုများအပေါ်တွင် ဝန်တိုမှုဖြစ်ပေါ်ကာ အင်္ဂလန်၊ပြင်သစ် နှင့် နယ်သာလန် တို့သည် အမေရိကနှင့် အာရှတို့တွင် ၎င်းတို့၏ ကိုယ်ပိုင်ကိုလိုနီများနှင့် ကုန်သွယ်မှုကွန်ရက်များကို စတင်ထူထောင်လာကြသည်။ ၁၇ နှင့် ၁၈ ရာစု များတွင် အစဉ်လိုက်ဖြစ်ပွားသော နယ်သာလန်နှင့် ပြင်သစ် စစ်ပွဲများသည် အင်္ဂလန်အား ( ဗြိတိန်၊ စကော့တ လန်နှင့် ၁၇၀၇ ပေါင်းစည်းခြင်း အက်ဥပဒေ ကို လိုက်နာခြင်းဖြင့်) မြောက်အမေရိကနှင့် အိန္ဒိယတို့တွင် လွှမ်းမိုးမှုရှိသော ကိုလိုနီ တန်ခိုးဩဇာဖြင့် ချန်ရစ်ထားခဲ့သည်။ မည်သို့ပင်ဖြစ်စေ ၁၇၈၃ ခုနှစ်တွင် မြောက်အမေရိက၌ ဖြစ်ပွားခဲ့သော လွတ်လပ်ရေး တိုက်ပွဲတစ်ခုအပြီးတွင် ကိုလိုနီနယ်မြေ တစ်ဆယ့်သုံးခုကို လက်လွတ်ဆုံးရှုံးခဲ့ရခြင်းသည် ဗြိတိန်တို့ အတွက် အလွန်တရာ ခံလိုက်ရသောထိုးနှက်ချက်တစ်ရပ် ဖြစ်ခဲ့ပြီး လူဦးရေအထူထပ်ဆုံး ကိုလိုနီနယ်မြေများမှ ခံစားခွင့်ကို ပိတ်ပင်ထားခြင်း ဖြစ်ခဲ့သည်။ ထိုကဲ့သို့ အနှောင့်အယှက်ရှိသော်လည်း ဗြိတိသျှ တို့၏ အာရုံစိုက်မှုမှာ အာဖရိက၊ အာရှ နှင့် ပစိဖိတ်တို့ ဆီသို့ လျင်မြန်စွာ ပြောင်းသွားခဲ့သည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်အဆင့်တိုးမြှင့်ခြင်း
၁၈၁၅ ခုနှစ် Napoleonic France (နပိုလီယန် ပြင်သစ်) ကို အနိုင်ရပြီးနောက်တွင် ဗြိတိန်တို့သည် ရာစုနှစ်တစ်ခု လုံးတွင် ပြိုင်ဘက် ကင်းသော ဩဇာလွှမ်းမိုးမှုကို လက်တွေ့အားဖြင့် အကျိုးခံစားခဲ့ပြီး ၎င်း၏ အင်ပါယာ ဦးပိုင်များကို တစ်ကမ္ဘာလုံး အနှံ့ချဲ့ထွင်တော့သည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အဆင့်တိုးမြှင့်ခြင်းများကို ၎င်းတို့ လူမျိုး လူဖြူများ အခြေချသည့် ကိုလိုနီ နယ်မြေများ အားပေးအပ်ခဲ့ပြီး ၎င်းတို့အနက်အချို့မှာ ဒိုမီနီယမ်များအဖြစ် ပြန်လည်၍ အဆင့်ခွဲခြားခြင်း ခံရသည်။
၁၉ ရာစု နှောင်းပိုင်းတွင် ဂျာမနီ နှင့် အမေရိကန်ပြည်ထောင်စုတို့၏ ကြီးထွားလာမှုသည် ဗြိတိန်၏ စီးပွားရေး ဦးဆောင်မှုကို တစ်စထက်တစ်စ ဆုတ်ယုတ်စေခဲ့သည်။ ဗြိတိန် နှင့် ဂျာမနီ တို့အကြားတွင် နောက်ဆက်တွဲ ဖြစ်ပေါ် သော စစ်ရေးနှင့် စီးပွားရေး တင်းမာမှုများသည် ပထမ ကမ္ဘာစစ် ဖြစ်စေသည့် အဓိက အကြောင်း အရင်းများ ဖြစ်ပြီး ထိုအတောအတွင်းတွင် ဗြိတိန်သည် ၎င်း၏အင်ပါယာ အပေါ်တွင် အလွန်အမင်း မှီခို အား ထားခဲ့သည်။ ထိုတိုက်ပွဲသည် ဗြိတိန်တို့အပေါ်တွင် မြောက်မြားစွာသော ဘဏ္ဍာရေး ဝန်ပိခြင်းကို ဖြစ်ပေါ် စေပြီး စစ်ပြီးနောက် တွင် အင်ပါယာသည် ၎င်း၏ အကြီးဆုံးသော နယ်မြေအကျယ်အဝန်းကို အောင်မြင် ရရှိခဲ့ သော်လည်း ၎င်းသည် ပြိုင်ဘက်ကင်းသော စက်မှုလုပ်ငန်းဆိုင်ရာ သို့မဟုတ် စစ်ရေးဆိုင်ရာ အင်အားကြီးနိုင်ငံ အဖြစ်တည်ရှိတော့ မည်မဟုတ်ပါ။ ဒုတိယကမ္ဘာစစ် တွင် အရှေ့တောင်အာရှ ရှိ ဗြိတိသျှ ကိုလိုနီနယ်မြေများ သည်ဂျပန်တို့၏ သိမ်းပိုက်ခြင်းခံရပြီး ဗြိတိသျှ၏ အောင်မြင်မှုရှိနေသေး သော်ငြားလည်း ၎င်းတို့၏ ဂုဏ်သိက္ခာ ကို ပျက်စီးစေ၍ အင်ပါယာ ကျဆုံးခြင်းကို အရှိန်မြှင့်ပေးခဲ့သည်။ စစ်ကြီးပြီးဆုံးပြီး နှစ် နှစ် အတွင်းတွင် ဗြိတိန် သည် ၎င်း၏ လူဦး ရေ အထူထပ်ဆုံးနှင့် တန်ဖိုးအရှိဆုံး ကိုလိုနီဖြစ်သော အိန္ဒိယ ကို လွတ်လပ်ရေး ပေးခဲ့ ရသည်။
၂၀ ရာစု၏ ကျန်ရှိသည့်အပိုင်းတွင် အင်ပါယာ၏ နယ်မြေပိုင်နက်အများစုသည် ဥရောပအင်အားကြီးနိုင်ငံများ၏ ကြီးမားသော တစ်ကမ္ဘာလုံးဆိုင်ရာ ကိုလိုနီနိုင်ငံကို လွတ်လပ်ရေးပေးရေးလှုပ်ရှားမှု ၏ တစ်စိတ်တစ်ပိုင်း အဖြစ် ဖြင့် လွတ်လပ်ရေးရလာကြပြီး ၁၉၉၇ တွင် ဟောင်ကောင်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပြန်လည် လွှဲပြောင်း ပေးအပ်ခြင်းဖြင့် အဆုံးသတ်ခဲ့သည်။ လွတ်လပ်ရေးရပြီးနောက်တွင် ယခင် ဗြိတိသျှ ကိုလိုနီနိုင်ငံ အများအပြား သည် ဓနသဟာယနိုင်ငံများ၊ လွတ်လပ်သောတိုင်းပြည်များ၏ လွတ်လပ်သည့်အသင်းကြီးသို့ ပူးပေါင်းဝင် ရောက်ခဲ့သည်။ ဓနသဟာယနိုင်ငံ တစ်ဆယ့်ခြောက်နိုင်ငံသည် ၎င်းတို့ တိုင်းပြည်၏ အကြီးအကဲ Queen Elizabeth II (ဘုရင်မ အဲလိဇဘက် II ) အား ဓနသဟာယနိုင်ငံများတွင် ဘုရင်မအုပ်စိုးခြင်း အဖြစ် မျှဝေ ခံယူကြသည်။ နယ်မြေဒေသ ဆယ့်လေးခုသည် ဗြိတိသျှအချုပ်အခြာ အာဏာအောက်တွင် ဗြိတိသျှ ပင်လယ် ရပ်ခြားနယ်မြေဒေသများအဖြစ် ဆက်လက်တည်ရှိနေသည်။
အမွေအနှစ်
ယူနိုက်တက် ကင်းဒမ်း (United Kingdom)သည် ဗြိတိသျှကျွန်းများအပြင်ဘက်ရှိ နယ်မြေဒေသ ၁၄ ခု အပေါ်တွင် အချုပ်အခြာ အာဏာကို ထိန်းသိမ်းထားပြီး ၎င်းတို့အား ၂၀၀၂ ခုနှစ် တွင် ဗြိတိသျှပင်လယ်ရပ်ခြား နယ်မြေဒေသများဟု ပြန်လည်အမည်ပေးခဲ့သည်။ အချို့မှာ ယာယီစစ်ရေးကိစ္စများ သို့မဟုတ် သိပ္ပံပညာရပ်ဆိုင်ရာ အမှုထမ်းများ အတွက်သာဖြစ်ပြီး လူနေထိုင်ခြင်းမရှိပါ၊ ကျန်ရှိသည်များမှာ ကွဲပြားသော အဆင့်များဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရကြပြီး နိုင်ငံခြားဆက်သွယ်ရေးနှင့် ကာကွယ်ရေးအတွက် ယူနိုက်တက် ကင်းဒမ်းအပေါ်တွင် အားထားနေရ သည်။ မည်သည့်ပင်လယ်ရပ်ခြားနယ်မြေဒေသမဆို ရွေးချယ်စရာနည်းလမ်းအဖြစ်ရှိသော လွတ်လပ်ရေးကို ရရန် ရှေ့ဆက်သွားလိုသော ဆန္ဒရှိပါက ဗြိတိသျှအစိုးရသည် ကူညီရန် လိုလိုလားလားရှိသည်ဟု ကြေငြာခဲ့သည်။ မြောက်မြားစွာသော ပင်လယ်ရပ်ခြားနယ်မြေဒေသများအပေါ်တွင် ရှိသော ဗြိတိသျှ၏ အချုပ်အခြာ အာဏာသည် ၎င်းတို့၏ ပထဝီဝင်အနေအထားအရ အိမ်နီးချင်းနိုင်ငံများမှ အငြင်းပွားခြင်းခံရသည်- စပိန်မှ ဂျီဘရော်ဒါ ကိုတောင်းဆိုသည်၊ ဖော့(ခ်)လန်ကျွန်းများနှင့် ဂျော်ဂျီယာ တောင်ပိုင်း နှင့် တောင်ဘက်ပိုင်း ကြား ညပ်နေသော ကျွန်းများကို အာဂျင်တီးနားမှ တောင်းဆိုသည်၊ ဗြိတိသျှ အိန္ဒိယ သမုဒ္ဒရာ နယ်မြေဒေသ ကို မာယူတီးယပ်(စ်) နှင့် ဆေးချီးလက်(စ်) မှတောင်းဆိုသည်။ဗြိတိသျှ အန္တာတိကနယ်မြေကို အာဂျင်တီးနား နှင့် ချီလီ တို့၏ တောင်းဆိုခြင်းများ ထပ်ချင်ထပ်နေနိုင်သော်လည်း မည်သည့်နယ်မြေဒေသ၏ အန္တာတိကကို တောင်း ဆိုခြင်းများကိုမှ နိုင်ငံများစွာတို့သည် အသိအမှတ်မပြုပါ။
ဗြိတိသျှ ပင်လယ်ရပ်ခြား နယ်မြေဒေသများ တစ်ဆယ့်လေးခု
ယခင် ဗြိတိသျှကိုလိုနီအများစုမှာ ဓနသဟာယနိုင်ငံများ၏ အသင်းဝင်နိုင်ငံများဖြစ်ကြပြီး နိုင်ငံရေးနှင့် မပတ် သက်သော၊ တူညီသော အဖွဲ့ဝင်များ၏ သဘောဆန္ဒအလျောက် ပြုသောအစည်းအရုံးတွင် ယူနိုက်တက် ကင်းဒမ်းသည် အခွင့်အရေးရသော အဆင့်အတန်းတွင် မရှိပါ။ ဓနသဟာယ အဖွဲ့ဝင်နိုင်ငံ တစ်ဆယ့် ငါးနိုင်ငံ သည် ဘုရင်မအုပ်စိုးသောနိုင်ငံများအနေဖြင့် ၎င်းတို့၏ နိုင်ငံအကြီးအကဲကို ယူနိုက်တက် ကင်းဒမ်း နှင့်အတူ ဆက်လက်၍ မျှဝေခံယူသည်။
ဆယ်စုနှစ်များနှင့် အချို့အခြေအနေများတွင် ရာစုနှစ်များအထိ ဗြိတိသျှတို့၏ အုပ်ချုပ်ခြင်းနှင့် အခြေချနေထိုင်ခဲ့ခြင်းတို့သည် ဗြိတိသျှအင်ပါယာမှ ပေါ်ထွက်လာသော လွတ်လပ်သည့်နိုင်ငံများအပေါ်တွင် ၎င်းတို့၏ အမှတ် အသားများကို ချန်ထားခဲ့ကြသည်။ အင်ပါယာသည် တစ်ကမ္ဘာလုံးအနှံ့ရှိ နယ်မြေများတွင် အင်္ဂလိပ်စာအသုံး ပြုခြင်းကို ထူထောင်ခဲ့သည်။ ယနေ့တွင် ၎င်းသည် လူဦးရေ သန်း ၄၀၀ ၏ အဓိက ဘာသာစကားဖြစ်ပြီး တစ် ဘီလီယံ ကျော်မျှသည် ဤဘာသာစကားကို ဒုတိယ သို့မဟုတ် နိုင်ငံခြား ဘာသာစကားအဖြစ် ပြောဆိုကြ သည်။၂၀ ရာစု နောက်ပိုင်း နှစ်ဝက်များမှနေ၍ အင်္ဂလိပ်စာ ပျံ့နှံ့ခြင်းသည် ဗြိတိသျှအင်ပါယာမှ ပေါက်ဖွား လာသော အမေရိကန်ပြည်ထောင်စု၏ ယဉ်ကျေးမှုလွှမ်းမိုးခြင်းမှ တစ်စိတ်တစ်ပိုင်း ကူညီမှုကြောင့်ဖြစ်သည်။
အင်္ဂလိပ် ပါလီမန်စနစ်သည် ယခင် ကိုလိုနီနိုင်ငံများစွာ၏ အစိုးရများအတွက် ပုံစံအဖြစ် အသုံးချနိုင်ပြီး၊ တရား ဥပဒေ စနစ်များအတွက် အင်္ဂလိပ် ရှေးထုံးတမ်းဥပဒေ ကို အသုံးပြုကြရသည်။ယူနိုက်တက် ကင်းဒမ်း၏ အဆင့်အမြင့်ဆုံး အယူခံရုံးများတွင် တစ်ခုအပါအဝင်ဖြစ်သော ဗြိတိသျှ ဘုရင်၊ဘုရင်မ၏ အကြံပေးအဖွဲ့ တရားရေးဆိုင်ရာ ကော်မတီ သည် ကာရေဘီယန် နှင့် ပစိဖိတ်အတွင်းရှိ ယခင်ကိုလိုနီများစွာ အတွက် အမြင့် ဆုံး အယူခံရုံးအဖြစ် တာဝန်ထမ်းဆောင်နေဆဲဖြစ်သည်။ ဗြိတိသျှ ပရိုတက်စတင့် သာသနာပြုအဖွဲ့များ ကမ္ဘာအနှံ့ ဖြန့်ထွက်ခြင်းသည် စစ်သားများနှင့် အစိုးရအမှုထမ်းများ တိုက်ကြီးများအားလုံးဆီသို့ အင်္ဂလန် ခရစ်ယာန် အသင်း တော် ဘာသာရေး ကို ဖြန့်ပေးခြင်းထက် ကြိုတင်၍ ရှေ့ရောက်နေလေ့ရှိသည်။
ဘုရား ကျောင်းများ၊ မီးရထား ဘူတာရုံများနှင့် အစိုးရအဆောက်အအုံတို့တွင် တွေ့ရသော ဗြိတိသျှ ကိုလိုနီဆိုင်ရာ ဗိသုကာလက်ရာများ သည် တစ်ချိန်က ဗြိတိသျှ အင်ပါယာ၏ အစိတ်အပိုင်းဖြစ်ခဲ့သော မြို့များတွင် ဆက်လက် ၍ တည်ရှိနေဆဲဖြစ် သည်။ ဗစ်တိုးရီးယား ဗြိတိန်တွင် ဖွံ့ဖြိုးခဲ့သော ဘောလုံးနှင့်ကစားရသည့် ကစားနည်း များ- ဘောလုံးပွဲ ၊ ခရစ်ကတ်၊ တစ်သင်းလျှင် ဆယ့်သုံးယောက်စီဖြင့် ကစားရသော ကြေးစား အဆင့် ရွတ်ဘီ ဘောလုံး ကစား နည်းစနစ် ၊ တစ်သင်းလျှင် ဆယ့်ငါးယောက်စီဖြင့် ကစားရသော အပျော်တမ်း အဆင့်ရွတ်ဘီ ဘောလုံး ကစား နည်းစနစ် ၊ တင်းနစ်ကစားခြင်း နှင့် ဂေါက်သီး ကစားခြင်း တို့သည် တိုင်းတစ်ပါးသို့ တင်ပို့ခြင်းခံရသည်၊ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် အင်ပါယာ စနစ် ဖြစ်သော ဗြိတိသျှတို့ ရွေးချယ်ထား သည့် တိုင်းတာခြင်း စနစ် ဖြစ်သောကြောင့်ဖြစ်သည်။ ဗြိတိသျှတို့၏ အစဉ်အလာ ဖြစ်သော လမ်းမ၏ လက်ဝဲ ဘက်ကပ်၍ မောင်းနှင်ခြင်း လည်းပါဝင်သည်။
ဗြိတိန်၏ ဖွဲ့စည်းပုံ
ဗြိတိသျှတို့ရေးဆွဲခဲ့သော နယ်နိမိတ်များသည် တစ်သားတည်းဖြစ်သော လူမျိုးစုများ သို့မဟုတ် ဘာသာတရား များကို အမြဲတမ်းထင်ဟပ်ခြင်းမရှိခဲ့ပဲ ကက်ရှ်မီးယား၊ ပါလက်စတိုင်း၊ ဆူဒန်၊ နိုင်ဂျီးရီးယား နှင့် သီရိလင်္ကာ တို့တွင် အငြင်းပွားမှုများကို ဖြစ်ပေါ်စေခဲ့သည်။ ဗြိတိသျှအင်ပါယာသည် လူအများအကြီးအကျယ် ရွေ့ပြောင်း ခြင်းအတွက်လည်းတာဝန်ရှိသည်။ ဗြိတိသျှကျွန်းများကို စွန့်ခွာခဲ့ကြသူ သန်းပေါင်းများစွာတို့သည် အမေရိကန် ပြည်ထောင်စု၊ ကနေဒါ၊ ဩစတြေးလျ နှင့် နယူးဇီလန် တို့ကိုထူထောင်ခဲ့ကြပြီး အခြေချနေထိုင်သူ လူဦးရေ အများစုမှာ အဓိကအားဖြင့် ဗြိတိန်နှင့် အိုင်ယာလန် တို့မှ လာကြခြင်းဖြစ်သည်။ တင်းမာမှုများသည် ထိုတိုင်း ပြည်များ၌ အခြေချနေထိုင်သူ လူဖြူများနှင့် ၎င်းတို့၏ လူနည်းစု ဒေသခံတိုင်းရင်းသားတို့အကြားတွင် လည်းကောင်း၊ တောင်အာဖရိကနှင့် ဇင်ဘာဘွေရှိ လူများစုဖြစ်သော ဒေသခံတိုင်းရင်းသားများနှင့် အခြေချနေထိုင်သူ လူနည်းစုတို့ အကြားတွင်လည်းကောင်း ဖြစ်ပွားနေဆဲဖြစ်သည်။ အိုင်ယာလန်တွင် ဗြိတိသျှ တို့အခြေချခြင်း သည် ၎င်း၏ အမှတ်အသားဖြစ်သော ကက်သလစ်နှင့် ပရိုတက်စတင့် လူအစုအဝေးများကို ခွဲခြားခြင်းအား အိုင်ယာလန် မြောက်ပိုင်း၌ ဖြစ်ပေါ်ကျန်ရစ်စေခဲ့သည်။ သန်းပေါင်းများစွာသေသူတို့သည် ဗြိတိသျှ ကိုလိုနီ နယ်မြေများ အတွင်း တစ် နေရာမှ တစ်နေရာဆီသို့ သွားလာကြပြီး များစွာသော အိန္ဒိယလူမျိုးတို့သည် အင်ပါယာ၏ အခြားအစိတ်အပိုင်း များသို့ ရွှေ့ပြောင်းနေထိုင်ကြသည်။ အဓိကအားဖြင့် တရုတ်နိုင်ငံ တောင်ပိုင်းမှ တရုတ်လူမျိုးများ ရွှေ့ပြောင်းနေ ထိုင်ခြင်းသည် တရုတ်လူမျိုးအများစုပါဝင်သော စင်ကာပူနှင့် တရုတ်လူမျိုးအနည်းစုပါဝင်သော ကာရေဘီယန် ကို ဖြစ်ပေါ်ခြင်းအား ဦးတည်ခဲ့သည်။ ဗြိတိန်၏ ဖွဲ့စည်းပုံ သည် ဒုတိယ ကမ္ဘာစစ် အပြီးတွင် ၎င်း လွတ်လပ်ရေး ပေးခဲ့သော ကိုလိုနီနယ်မြေများမှ ယူနိုက်တက် ကင်းဒမ်းဆီသို့ ရွှေ့ပြောင်းနေထိုင်ခြင်းများနှင့်အတူ ပြောင်းလဲခြင်းခံခဲ့ရသည်။