ကယ်ဆယ်ရေးသင်္ဘော

သင်္ဘောအမျိုးအစားပေါင်းများစွာ ရှိသည့်အနက် ကယ်ဆယ်ရေးသင်္ဘောများသည်လည်း အရေးပါသော သင်္ဘောများဖြစ်သည်။ ပင်လယ်ပြင်တွင် ဘေးအန္တရာယ်နှင့်ကြုံတွေ့နေရသော သင်္ဘောများ၏ အကြောင်းကြားချက်ကို ရသည်နှင့်တပြိုင်နက် ကယ်ဆယ်ရေးသင်္ဘောများ ထွက်ခွါရသည်။

ပြင်သစ် ကယ်ဆယ်ရေး သင်္ဘော Abeille Bourbon အရေးပေါ် ဆွဲသင်္ဘော အဖြစ်လည်း သုံးသည်။

ကယ်ဆယ်ရေးသင်္ဘောများကို ပင်လယ်ပြင်တွင် နေရာအတည်တကျ ကျောက်ချရပ်နား၍သော်လည်းကောင်း၊ သင်္ဘောကြီးများပေါ်တွင် တင်ဆောင်၍သော်လည်းကောင်း ထားရှိသည်။ ပင်လယ်တွင်း မျောနေသူများကို ဆယ်ယူရန်အတွက် အသက်ကယ်လှေများကိုလည်း တင်ဆောင် ထားရှိသည်။ အသက်ကယ်သင်္ဘောငယ်များကို ကြမ်းတမ်းသော ပင်လယ်လှိုင်းများနှင့် ရင်ဆိုင်နိုင်ရန် အထူးဒီဇိုင်းထုတ် ဆောက်လုပ်ထားသည်။ ပင်လယ်လှိုင်း ရိုက်ချလိုက်ပါက ချက်ချင်း ပြန်လည်ဆယ်ယူ တည့်မတ်နိုင်သည့် ဒီဇိုင်းမျိုး ဖြစ်သည်။ [1]

ကိုးကား

  1. The Best Ever Book of Questions & Answers.
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.