ကရင်လူငယ်အဖွဲ့

၁၉၄၅၊ ဒီဇင်ဘာ-၁၅ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပါတယ်။ မြို့နယ်ခရိုင် အသီးသီးက ကရင်လူငယ်များကို ဖိတ်ကြားပြီး သင်တန်းပေး ဖွဲ့စည်း ခဲ့ခြင်းဖြစ်ပါတယ်။ နိုင်ငံရေး လှုပ်ရှားမှုတွေနဲ့ လွတ်လပ်ရေး တိုက်ပွဲမှာ ပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ် ဖွဲ့စည်း ခဲ့တာ ဖြစ်ပါတယ်။ စောထွန်းစိန်စောမြင့်သိန်းမန်းဝင်းမောင်စောစံဘိုးသင်မန်းဘခိုင် စတဲ့ ပုဂ္ဂိုလ်များက ခေါင်းဆောင် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ၁၉၄၇၊ ဖေဖော်ဝါရီ-၅ ရက်နေ့မှာ ကေအဲန်ယူ ဖွဲ့စည်းတဲ့အခါ ကရင်လူငယ်အဖွဲ့ ဟာ အင်အားစု တခုအဖြစ် ပါဝင်ခဲ့ပြီး ၁၉၄၇ တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင် သင့်မသင့် ကိစ္စအပေါ် သဘောထား ကွဲပြားရာက ကေအဲန်ယူ အဖွဲ့ကြီးကနေ ပြန်လည် ခွဲထွက်ခဲ့ပါတယ်။ ၁၉၄၇ ခုနှစ်-မတ်လ မှာ ကရင်လူငယ်အဖွဲ့ အဖြစ် သီးခြား ပြန်လည်ခွဲထောင်ပါတယ်။

၁၉၄၇ တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင် အရွေးခံခဲ့ပါတယ်။ စောစံဘိုးသင်၊ မန်းဘခိုင်၊ မန်းဝင်းမောင် (နောင်-သမ္မတကြီး) တို့ဟာ လွှတ်တော်အမတ်များ ဖြစ်လာခဲ့ကြပြီး ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲရေး ကော်မတီမှာ ပါဝင်ခဲ့ကြပါတယ်။ မန်းဘခိုင် ဟာ ဗိုလ်ချုပ်အောင်ဆန်း တို့နဲ့အတူ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရတဲ့ အာဇာနည် တဦးဖြစ်ခဲ့ပြီး မန်းဝင်းမောင်နဲ့ စောစံဘိုးသင် တို့ဟာလည်း လွတ်လပ်ရေးကြေညာပြီးစ လွတ်လပ်သော မြန်မာ နိုင်ငံတော်ရဲ့ ပထမဆုံးသောအစိုးရအဖွဲ့မှာ ဝန်ကြီးတွေ ဖြစ်ခဲ့ကြပါတယ်။

ကိုးကား

  • ဝင်းတင့်ထွန်း (ဩဂုတ် ၂၀၁၀)။ ဗမာပြည် နိုင်ငံရေးပါတီအဖွဲ့အစည်း အသင်းအပင်းများ အညွှန်း။ ပထမ အကြိမ်။ နေ့သစ်အင်အားစု၊ ဂျပန်။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.