ကရိနာ နက်ဗျူလာ

ကရိနာ နက်ဗျူလာ (အိသာကရိနာ နက်ဗျူလာ၊ NGC 3372၊ ဂရန်း နက်ဗျူလာ အစရှိသည်ဖြင့်လည်း သိထား) သည် ကျယ်ပြောတောက်ပလှသည့် နက်ဗျူလာဖြစ်ပြီး open cluster ကြယ်အမျိုးအစားပေါင်းများစွာဖြင့် နယ်နမိတ် သတ်မှတ်ထားသည်။ နက်ဗျူလာသည် ကမ္ဘာမြေမှ အလင်းနှစ် ၆၅ဝဝ နှင့် ၁ဝ,ဝဝဝ ကွာဝေးသည်။ ယင်းသည် ကရိနာ ကြယ်စုတန်းတွင်တည်ရှိကာ ကရိနာ-ဆာတီဂရပ် လက်မောင်းထဲတွင် တည်ရှိသည်။ နက်ဗျူလာတွင် O-type ကြယ်ပေါင်းများစွာ ပါဝင်သည်။ နက်ဗျူလာသည် ကောင်းကင်တွင် အကြီးမားဆုံး အလင်းပြန့်ကျဲသော နက်ဗျူလာများထဲမှ တစ်ခုအပါဝင်ဖြစ်သည်။ ယင်းသည် အိုရိုင်ယွန် နက်ဗျူလာထက် လေးဆ ပိုမိုကြီးမားတောက်ပသော်လည်း ကရိနာ နက်ဗျူလာအကြောင်းကိုမူ နည်းနည်းလေးသာ သိထားသည်။ ယင်းအား ၁၇၅၁-၅၂ ခုနှစ်များတွင် Nicolas Louis de Lacaille ဆိုသူမှ ရှာဖွေတွေ့ရှိခဲ့သည်။

ကရိနာ နက်ဗျူလာ
ထုတ်လွှင့် နက်ဗျူလာ
VLT တယ်လီစကုပ်ဖြင့် NGC 3372 အား အသေးစိတ် ဖမ်းယူထားပုံ၊
Credit: ESO
လေ့လာမှု ဒေတာ: J2000.0 Epoch
ညာဘက် တိမ်းစောင်းမှု10° 45 08.5[1]
နိမ့်ဆင်းမှု−59° 52 04[1]
အကွာအဝေး~၆၅၀၀-၁၀၀၀၀[1] ly
အမြင် တောက်ပမှု (V)+၁.၀
ကြယ်စုတန်းကရိနာ
ရုပ်သွင်ပြင် လက္ခဏာ
အချင်းဝက်~၄၆၀ [2] ly   (~၁၄၀ pc)
သိသာသော သွင်ပြင်များအနက်ရောင် နက်ဗျူလာလည်း ပါဝင်သည့်
သော့ပေါက် နက်ဗျူလာ
သတ်မှတ်ချက်များNGC 3372,[3] ESO 128-EN013,[1] GC 2197,[1] Caldwell 92[4]

အိသာ ကရိနီ

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါး - အိသာ ကရိနီ
ကရိနာ နက်ဗျူလာအား အလယ်တည့်တည့်တွင် အနီရောင်အဖြစ် မြင်ရသည်၊[5]

အိသာ ကရိနီသည် အင်မတန်တောက်ပသည့် ဟိုက်ပါဂျိုင်းယန့်ကြယ်တစ်စင်းဖြစ်သည်။ ခန်းမှန်းခြေ ထုထည်မှာ နေထက် အဆပေါင်း ၁ဝဝ မှ ၁၅ဝ ထိကြီးမားကာ တောက်ပမှုမှာလည်း နေထက် အဆပေါင်း လေးသိန်းခန့် ပိုမိုတောက်ပသည်။ ယင်းအရာဝတ္ထုသည် အသေးစိတ်လေ့လာနိုင်သော အကြီးမားဆုံး ကြယ်တစ်စင်းဖြစ်သည်။ အခြားသော ကြယ်များမှာ ပိုမိုတောက်ပ၊ ကြီးမားနိုင်သော်လည်း သူတို့၏ အချက်အလက်များမှာ သိနိုင်ရန် အလှမ်းဝေးကွာလွန်းသည်။ နေထက် အဆပေါင်း ၈ဝ ပိုကြီးသောကြယ်များသည် နေထက် တောက်ပမှု အဆပေါင်းသိန်းချီကာထုတ်ပေးသည်။ ယင်းတို့သည် ရှားပါးလှသည်၊ ဂယ်လက်ဆီထဲတွင် ဒါဇင်အနည်းငယ်ခန့်သာ တည်ရှိကြသည်။ သာမန် ကြယ်တစ်စင်းထက် အဆပေါင်း ၁၂ဝ ပိုကြီးပါက ယင်းကြယ်အမျိုးအစားသည် မဝေးကွာသည့် အနာဂါတ်တွင် ဆူပါနိုဗာ သို့မဟုတ် ဟိုက်ပါနိုဗာအဖြစ်မျိုး ဖြစ်တန်ခြေရှိလေသည်။ အိသာ ကရိနီ၏ အကျိုးသက်ရောက်မှုသည် နက်ဗျူလာအား တိုက်ရိုက်မြင်နိုင်စေသည်။ ၁၈၄ဝ ခုနှစ်တွင် ဖြစ်ပွားခဲ့သော Great Eruption မတိုင်ခင်ကမူ နက်ဗျူလာတစ်ခုလုံးသည် တမျိုးတဖုံ များစွာ ကွဲပြားနေခဲ့ပါလိမ့်မည်။

သော့ပေါက် နက်ဗျူလာ

ဟာဘလ် အကာသမှန်ပြောင်းမှ ရိုက်ကူးထားသည့် သော့ပေါက် နက်ဗျူလာ

ကရိနာ နက်ဗျူလာ၏ အပိုင်းတစ်ခုအား သော့ပေါက်ဟု လူသိများသည်။ ယင်းအား ၁၉ ရာစုတွင် ဝီလီယံ ဟာရှယ်မှ မိတ်ဆက်ခဲ့သည်။ သော့ပေါက်အား တခါတရံတွင် သော့ပေါက် နက်ဗျူလာဟု သုံးနှုန်းသည်။ ယင်းသည် ကရိနာ နက်ဗျူလာတစ်ခုလုံးအား ဆိုလိုသည်။ သော့ပေါက်သည် ကရိနာ နက်ဗျူလာထက် အနည်းငယ် ပိုသေးသည်။ သော့ပေါက်၏ အချင်းသည် အလင်းနှစ် ၇ နီးပါးခန့်ရှိသည်။ သော့ပေါက် နက်ဗျူလာတွင် ကိုယ်ပိုင် NGC နံပါတ်မရှိပေ။ တခါတရံတွင် NGC 3324 ဟုခေါ်ကြသည်။[6][7][8]

ပြခန်း

ကျမ်းကိုး

  1. Object Data – NGC 3372 The NGC/IC Project 12 May 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2008-04-25 တွင် ပြန်စစ်ပြီး။
  2. NGC 3372 - The Eta Carinae Nebula Atlas of the Universe 2013-10-01 တွင် ပြန်စစ်ပြီး။
  3. NGC 3372 SIMBAD Centre de données astronomiques de Strasbourg။ 2013-09-03 တွင် ပြန်စစ်ပြီး။
  4. O'Meara၊ S. J. (2002)။ The Caldwell Objects။ Cambridge University Press။ pp. 361–369။ ISBN 0-521-82796-5
  5. "One Picture, Many Stories" 13 February 2013 တွင် ပြန်စစ်ပြီး
  6. Kepple; et al. (2008)။ The Night Sky Observer's Guide။ Vol. 3။ Willman Bell, Inc.။ p. 52။ ISBN 9780943396897
  7. Results for NGC 3324 28 May 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 May 2014 တွင် ပြန်စစ်ပြီး။
  8. NGC 3324 17 May 2014 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.