ဂယ်လက်ဆီ

ကြယ်စင်စုကြီး (အင်္ဂလိပ်: Galaxy) ဆိုသည်မှာ ကြယ်စုကြယ်ဝေး ဖြစ်ပြီး ဓာတ်ငွေ့များ၊ အမှုန်အမွှားများနှင့် မှောင်မိုက်သော ဒြပ်ဝတ္ထုများလည်း ရောနှော ပါဝင်နေသည်။ ကြယ်စင်စုကြီးများကို တစုတဝေးတည်း ဖြစ်နေစေသည့် အကြောင်းမှာ ဒြပ်ဆွဲငင်အားပင် ဖြစ်သည်။ ကြယ်စင်စုကြီးအတွင်းမှ အရာအားလုံးသည် ဗဟိုချက်တစ်ခုကို အခြေပြု၍ သွားလာလှုပ်ရှား နေကြသည်။ ကြယ်စင်စု( Galaxy) ဆိုသည့် အမည်မှာ ဂရိစာလုံး (Galaxier) မှ ဆင်းသက်လာပြီး အဓိပ္ပာယ်မှာ နဂါးငွေ့ ဟူ၍ဖြစ်သည်။ ထို့အတွက်ကြောင့် ကမ္ဘာပါဝင်သော လက်ရှိနေထိုင်ရာ ကြင်စင်စု(Galaxy) ကို နဂါးငွေ့တန်း ကြယ်စင်စုကြီးဟု ခေါ်ကြသည်။

ဤဆောင်းပါးသည် နက္ခတ္တဆိုင်ရာ ဖွဲ့စည်းပုံ အကြောင်း ဖြစ်သည်။ မိမိတို့၏ ဂလက်ဆီ အတွက် နဂါးငွေ့တန်း ဂယ်လက်ဆီ ကို ကြည့်ပါ။
ခရုပတ်ပုံစံ ဂယ်လက်ဆီ NGC 1300

အဓိကအားဖြင့် ကြယ်စင်စုကြီး ၃ မျိုး ရှိပြီး ၎င်းတို့မှာ ဘဲဥပုံဝက်အူရစ်ပုံ နှင့် ပုံသဏ္ဌန်မမှန်သော ကြယ်စင်စု တို့ ဖြစ်ကြသည်။ အားလုံးသော ကြယ်စင်စု များသည် စကြာဝဠာအတွင်းတွင် တည်ရှိကြသည်။ နဂါးငွေ့တန်းကြယ်စင်စုကြီးတွင် ကြယ်အစင်းပေါင်း (၂၀၀) မှ (၄၀၀) ဘီလီယံကြား တည်ရှိသည်။ နဂါးငွေ့တန်းကြယ်စင်စုကြီးနှင့် အနီးဆုံကြယ်စင်စုကြီးမှာ အင်ဒရိုမီဒါ ကြယ်စင်စုကြီးဖြစ်ပြီး ကမ္ဘာမြေမှ အလင်းနှစ် (၂.၅) သိန်း ကွာဝေးသည်။ ကျွန်ုပ်တို့ မြင်နိုင်သော အကွာအဝေး သို့မဟုတ် လေ့လာရန် ဖြစ်နိုင်သော စကြာဝဠာအတွင်းတွင် တည်ရှိသော ကြယ်စင်စုပေါင်းမှာ (၁၇၀) ဘီလီယံ ကျော်မျှ ရှိသည်။

ကိုးကား

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.