ကာဘိုဟိုက်ဒရိတ်
ကာဘိုဟိုက်ဒရိတ် (Carbohydrate) သည် ကာဗွန်(Carbon)နှင့် ရေ(Water)ဓာတ် အဓိကပါဝင်သည့် ဒြပ်ပေါင်းတစ်မျိုးဖြစ်ပြီး လူတို့ လှုပ်ရှားသွားလာမှုအတွက် လိုအပ်သော စွမ်းအင်များကို ပံ့ပိုးပေးသည့် သကြားဓာတ်များဖြစ်သည်။ ကာဗိုဟိုက်ဒရိတ်သည် ခန္ဓာကိုယ် ပူနွေးနေစေရန်လည်း အပူဓာတ်ကို ပေးလေရာ အေးသော တိုင်းပြည်တွင် နေထိုင်သူများသည် အပူဓာတ်ပေးနိုင်သည့် ကာဗိုဟိုက်ဒရိတ်ပါသော အစာများနှင့် အဆီများသော အစာများကို များစွာ စားသောက်ပေးရန် လိုအပ်သည်။ ဇီဝကလပ်ပြု ဒြပ်ပေါင်းများဖြစ်၍ သစ်ပင်များသည် ရေနှင့်ကာဗွန်မှ ချက်လုပ်၍ အာဟာရအဖြစ် မှီဝဲကြရသည်။ ကာဘိုဟိုက်ဒရိတ်သည် ကိုယ်ခန္ဓာအတွင်း လောင်စာ အဟာရဖြစ်သည်။ သကြား၊ ကစီကော်များသည် ကာဘိုဟိုက်ဒရိတ်များပင် ဖြစ်သည်။ အာလူး၊ ဂျုံ၊ ဆန်တို့တွင်လည်း ပါရှိသည်။[1]
အဆီနှင့် နှိုင်းစာလျှင် ကာဘိုဟိုက်ဒရိတ်မှာ အဆီ၏ တဝက်ခန့်မျှသာ ခန္ဓာကိုယ်အား အပူဓာတ်ပေးနိုင်စွမ်းသည်။ ကာဗိုဟိုက်ဒရိတ် တစ်ပေါင်လျှင် အပူဓာတ် ကယ်လိုရီ ၁၈၂၀ ပါရှိ၍ အဆီတစ်ပေါင်လျှင် ကယ်လိုရီ ၄၀၈၀ မျှ အပူဓာတ်ပါရှိသည်။
ကယ်လိုရီ (အပူဧကမူ) ဆိုသည်မှာ ကိုယ်ခန္ဓာကို ပူနွေးစေသည့် အပူဓာတ်၏ အတိုင်းအဆ ဖြစ်သည်။ လူတို့သည် သွားလာနေထိုင် လှုပ်ရှားမှုအတွက် အင်အားလည်းဖြစ်စေ၍ အပူငွေ့လည်းပေးသည့် ဓာတ်ကို အရွယ်အလိုက် တစ်နေ့လျှင် မည်မျှလိုအပ်သည်ဟု ကယ်လိုရီဖြင့် တိုင်းဆ၍ ပြောဆိုကြသည်။ ၁၂ - ၁၃ နှစ်အရွယ် ယောက်ျားလေး တစ်ယောက်သည် ကယ်လိုရီ ၂၃၀၀ - ၂၇၀၀ မျှ နေ့စဉ်လိုအပ်၍ မိန်းကလေးမှာ ကယ်လိုရီ ၁၈၀၀ - ၂၁၅၀ ခန့် လိုသည်။ ထိုထက် တစ်နှစ်မျှကြီးသော ယောက်ျားလေး တစ်ယောက်သည် ကယ်လိုရီ ၂၅၀၀ မှ ၂၉၀၀ အထိ လိုအပ်၍ မိန်းကလေးမှာ ကယ်လိုရီ ၁၉၅၀ မှ ၂၂၅၀ အထိ လိုလေသည်။ ယောက်ျားကြီးများမှာ သူတို့၏ လှုပ်ရှားသွားလာမှု အနည်းအများအလိုက် ကယ်လိုရီ ၂၅၀၀ မှ ၄၅၀၀ အထိ လို၍ အမျိုးသမီးများမှာ ကယ်လိုရီ ၂၁၀၀ မှ ၃၀၀၀ အထိ နေ့စဉ် လိုအပ်သည်။
ကာဘိုဟိုက်ဒရိတ် ပါသော အစားအစာများတွင် အာလူး၊ ပေါင်မုန့်၊ ပြောင်းဖူး၊ ဆန်၊ သကြား၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ ပန်းသီး၊ ခရမ်းချဉ်သီး၊ ဆီးသီး၊ မုန်လာဥဝါ၊ ပဲနှင့် ဟင်းသီးဟင်းရွက်များ ပါဝင်သည်။ အစားအစာများကို စားသောက်သောအခါ အစာအိမ်အတွင်းသို့ ရောက်သွားလျှင် အစာကြေချက်ခြင်းဖြင့် ကာဗိုဟိုက်ဒရိတ် စသည့် ဓာတ်ပစ္စည်းများ ဖြစ်လာစေသည်။ ထိုသို့ ဓာတ်ပစ္စည်းများ ဖြစ်လာသောအခါ ကိုယ်ခန္ဓာအားရှိလာစေရန် ဆောင်ရွက်ပေးကြသည်။
အသက်နှင့်ခန္ဓာကိုယ် တည်မြဲနေသမျှ လှုပ်ရှားသွားလာမှုရှိရာ၊ ထိုလှုပ်ရှားသွားလာမှုကို လူကိုယ်ခန္ဓာ၌ စွမ်းအင်မရှိဘဲနှင့် မပြုလုပ်နိုင်ချေ။ ထိုလှုပ်ရှားမှုအတွက် လိုအပ်သောစွမ်းအင်ကို ကျွန်ုပ်တို့ နေ့စဉ် စားသောက်သော အစာအာဟာရများထဲ၌ ပါရှိသော ကာဘိုဟိုက်ဒရိတ်ဓာတ်က ပေးသည်။
ခန္ဓာကိုယ်ကြီး လှုပ်ရှားမှုများလေ စွမ်းအင်ကို လိုလေဖြစ်သဖြင့် ကလေးထက် လူကြီးမှာ ပိုမို စားသောက်ရသည်။ လှုပ်ရှားမှု ပိုမိုများပြား၍ အရွက်တက်နေသော လူငယ်လူရွယ်များမှာ ကလေးလူကြီး များထက် အစားအစာ ပိုမို စားသောက်နိုင်ကြသည်။ ကာဘိုဟိုက်ဒရိတ်သည် ခန္ဓာကိုယ်ကြီး ပူနွေးနေစေရန်လည်း အပူဓာတ်ကို ပေးလေရာ၊ အေးသောတိုင်းပြည်တွင် နေထိုင်သူများသည် အပူဓာတ်ပေးနိုင်သည့် ကာဘိုဟိုက်ဒရိတ်ပါသော အစာများနှင့် အဆီများသော အစာများကို များစွာ စားသောက်ပေးရန် လိုအပ်ပေသည်။
အဆီနှင့်နှိုင်းစာလျှင် ကာဘိုဟိုက်ဒရိတ်မှာ အဆီ၏တဝက်ခန့်မျှ လောက်သာ ခန္ဓာကိုယ်ကြီးကို အပူဓာတ် ပေးနိုင်စွမ်းသည်။ ကာဘိုဟိုက်ဒရိတ် တစ်ပေါင်လျှင် အပူဓာတ် ကယ်လိုရီ ၁၈၂ဝ ပါရှိ၍ အဆီတစ်ပေါင် လျှင် ကယ်လိုရီ ၄ဝ၈ဝ မျှအပူဓာတ် ပါရှိသည်။
ကယ်လိုရီ (အပူဧကမူ)ဆိုသည်မှာ ကိုယ်ခန္ဓာကို ပူနွေး စေသည့်အပူဓာတ်၏ အတိုင်းအဆဖြစ်သည်။ လူတို့သည် သွားလာနေထိုင် လှုပ်ရှားမှုအတွက် အင်အားလည်း ဖြစ်စေ၍ အပူငွေ့လည်းပေးသည့် ဓာတ်ကို အရွယ်အလိုက် တစ်နေ့လျှင် မည်မျှလိုအပ်သည်ဟု ကယ်လိုရီဖြင့် တိုင်းဆ၍ ပြောဆိုကြရသည်။ ၁၂-၁၃ နှစ်ရွယ် ယောက်ျားကလေး တစ်ယောက် သည် ကယ်လိုရီ ၂၃ဝဝ-၂၇ဝဝ မျှနေ့စဉ် လိုအပ်၍ မိန်းကလေးမှာ ကယ်လိုရီ ၁၈ဝဝ မှ ၂၁၅ဝ အထိ လိုသည်။ ထိုထက် တစ်နှစ်မျှကြီးသော ယောက်ျားကလေး တစ်ယောက်သည် ကယ်လိုရီ ၂၅ဝဝ မှ ၂၉ဝဝ အထိ လိုအပ်၍ မိန်းကလေးမှာ ကယ်လိုရီ ၁၉၅ဝ မှ ၂၂၅ဝ အထိ လိုလေသည်။ ယောက်ျားကြီးများမှာ သူတို့၏ လှုပ်ရှားသွားလာမှု အနည်းအများကို လိုက်၍ ကယ်လိုရီ ၂၅ဝဝ မျ ၄၅ဝဝ ထိ လိုက်၍ မိန်းမများမှာ ကယ်လိုရီ ၂၁ဝဝ မှ ၃ဝဝဝ အထိ နေ့စဉ် လိုအပ်သည်။
ကာဘိုဟိုက်ဒရိတ်ပါသော အစားအစာများတွင် အာလူး၊ ပေါင်မုန့်၊ ပြောင်းဖူး၊ ဆန်၊ သကြား၊ ငှက်ပျောသီး၊ လိမ်မော်သီး၊ ပန်းသီး၊ ခရမ်းချဉ်သီး၊ ဆီးသီး၊ မုန်လာဥဝါ၊ ပဲနှင့် ဟင်းသီးဟင်းရွက်မျာ ပါဝင်သည်။ အစားအစာများကို ကျွန်ုပ်တို့ စားသောက်လိုက်သောအခါ အစာအိမ်အတွင်းသို့ ရောက်သွားလျှင် အစာကြေ ချက်ခြင်းဖြင့် ကာဘိုဟိုက်ဒရိတ် စသည့်ဓာတ်များ ဖြစ်လာစေသည်။ ထိုသို့ ဓာတ်များ ဖြစ်လာ သောအခါ ကိုယ်ခန္ဓာကြီးပွား အားရှိလာရန် ဆောင်ရွက်ပေးကြသည်။ ဖေါ်ပြခဲ့သော အစားအစာများထဲတွင် သကြားသည် ကြွက်သားများ သန်စွမ်းရေးအတွက် အထူးအားပေးသည်။ [2]
ကိုးကား
- လှသမိန် ၏ ဗဟုသုတစွယ်စုံ
- မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)