ကာဗွန်

အမျိုးသမီးများ အထူးသဖြင့် တန်ဖိုးထားကြသည့် စိန်နှင့် ကမ္ဘာ့နေ့စဉ်သုံး ပစ္စည်းတစ်ခုဖြစ်သော ခဲတံတွင် ပါရှိ သည့် ဂရက်ဖိုက် (ခဲနက်)တို့သည် အခြားမည်သည့်ပစ္စည်းနှင့်မျှ မရောသော ကာဗွန်အစစ်များ သာလျှင် ဖြစ်ကြ၏။ ကျောက်မီးသွေးနှင့် မီးသွေးတို့သည် ကာဗွန်အစစ်များ မဟုတ်ကြသော်လည်း ကာဗွန် အများဆုံး ပါရှိသော ပစ္စည်းများ ဖြစ်ကြ၏။ အချို့သော ကျောက်မီးသွေး အကောင်းစားများတွင် ကာဗွန် ရာခိုင်နှုန်း ၉ဝ အထိ ပါရှိသည်။

ကာဗွန်,  6C
Graphite (left) and diamond (right), the two most well-known allotropes of carbon
Spectral lines of carbon
ယေဘုယျ ဂုဏ်သတ္တိများ
အမည်၊ သင်္ကေတကာဗွန်, C
အသံထွက်/ˈkɑːrbən/
KAR-bən
အော်လိုထရိုဖီဂရပ်ဖိုက်စိန်
အဆင်းgraphite: black
diamond: clear
ဒြပ်စင်အလှည့်ကျဇယားရှိ ကာဗွန်


C

Si
ဘိုရွန်ကာဗွန်နိုက်ထရိုဂျင်
အက်တမ် အမှတ်စဉ် (Z)6
အုပ်စုဘလော့group 14 (carbon group), p-block
ဒြပ်စင်အလှည့်ကျဇယားperiod 2
ဒြပ်စင် ကဏ္ဍ  polyatomic nonmetal, sometimes considered a metalloid
စံ အက်တောမစ် အလေးချိန် (Ar)12.011[1] (12.0096–12.0116)[2]
အီလက်ထရွန် ပြုပြင်မှု[He] 2s2 2p2
အခွံတစ်ခုလျင် အီလက်ထရွန်ပါဝင်မှု2, 4
ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိများ
ဖေ့စ်အစိုင်အခဲ
Sublimation point3915 K (3642 °C, 6588 °F)
သိပ်သည်းမှု (အခန်းအပူချိန်)amorphous: 1.8–2.1 g/cm3[3]
graphite: 2.267 g/cm3
diamond: 3.515 g/cm3
သုံးပွင့်ဆိုင်မှတ်4600 K, 10,800 kPa[4][5]
ဖျူးရှင်းအပူgraphite: 117 kJ/mol
မိုလာ အပူအင်အားgraphite: 8.517 J/(mol·K)
diamond: 6.155 J/(mol·K)
အက်တောမစ် ဂုဏ်အင်များ
အောက်ဆိုဒ်ဒေးရှင်း အခြေနေ+4, +3,[6] +2, +1,[7] 0, −1, −2, −3, −4[8] (a mildly acidic oxide)
အီလက်ထရွန် ဆန့်ကျင်ဘက်ဓာတ်Pauling scale: 2.55
အိုင်ယွန်းပြုခြင်းစွမ်းအင်1st: 1086.5 kJ/mol
2nd: 2352.6 kJ/mol
3rd: 4620.5 kJ/mol
(more)
ကိုဗေးလန့်အချင်းဝက်sp3: 77 pm
sp2: 73 pm
sp: 69 pm
ဗန်ဒါဝေါ့စ် အချင်းဝက်170 pm
Miscellanea
ပုံဆောင်ခဲ ဖွဲ့စည်းပုံgraphite: simple hexagonal

(black)
ပုံဆောင်ခဲ ဖွဲ့စည်းပုံdiamond: face-centered diamond-cubic
အသံ၏အမြန်နှုန်း diamond: 18,350 m/s (at 20 °C)
အပူ ပြန့်ကားမှုdiamond: 0.8 µm/(m·K) (at 25 °C)[9]
အပူစီးကူးမှုgraphite: 119–165 W/(m·K)
diamond: 900–2300 W/(m·K)
လျှပ်စစ် ခုခံမှုgraphite: 7.837 µΩ·m[10]
သံလိုက်ဓာတ်diamagnetic[11]
သံလိုက် ထိတွေ့နိုင်မှု (χmol)5.9·10−6 (graph.) cm3/mol[12]
Young's modulusdiamond: 1050 GPa[9]
Shear modulusdiamond: 478 GPa[9]
Bulk modulusdiamond: 442 GPa[9]
ပိုင်ဆွန် အချိုးdiamond: 0.1[9]
Mohs hardnessgraphite: 12
diamond: 10
CAS Number7440-44-0
သမိုင်းကြောင်း
ရှာဖွေတွေ့ရှိမှုရှေ့ခေတ် အီဂျစ် နှင့် ဆူမာရီးယမ်း[13] (ခရစ်တော်မတိုင်မီ ၃၇၅၀)
Recognized as an element byAntoine Lavoisier[14] (1789)
Most stable isotopes of ကာဗွန်
iso NA သက်တမ်းဝက် DM DE (MeV) DP
11C syn 20 min β+ 0.96 11B
12C 98.9% is stable with 6 neutrons
13C 1.1% is stable with 7 neutrons
14C trace 5730 y β 0.156 14N

အခြားပစ္စည်းများနှင့် ရောနှော ပေါင်းစပ်လျက်ရှိသော ကာဗွန်ဒြပ်ပေါင်းများမှာ အများအပြားရှိ၏။ ကာဗွန်ဒြပ်ပေါင်း မည်မျှ များပြားသနည်းဟူမူ ဓါတုဗေဒပညာကို အင်ဩဂဲနစ် ကင်မစ္စတြီနှင့် ဩဂဲနစ် ကင်မစ္စတြီဟူ၍ နှစ်မျိုးနှစ်စားပင် ခွဲခြားထားရသည်။ ဩဂဲနစ်ကင်မစ္စတြီဆိုသည်မှာ ကာဗွန် ဒြပ်ပေါင်းများ အကြောင်းချည်း သက်သက်နှင့်သာ သက်ဆိုင် သော ဓါတုဗေဒဖြစ်၍၊ ယနေ့အထိ သိရှိထားသော ကာဗွန် ဒြပ်ပေါင်း အရေအတွက် ၃ သိန်းနီးပါးရှိသည်ဟု ဆိုသည်။ ကာဗွန်ပါသော ပစ္စည်းကို လေထဲတွင်ဖြစ်စေ၊ အောက်ဆီဂျင်ထဲတွင် ဖြစ်စေ၊ မီးတိုက်ပေးလိုက်လျှင် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ဖြစ်ပေါ်လာသည်။ အောက်စီဂျင် လုံလုံ လောက်လောက် မရရှိသည့်အခါ ကာဗွန်မွန်အောက်ဆိုက် ဓာတ်ငွေ့ ဖြစ်ပေါ်လာ၏။ ကာဗွန်နှင့် ဟိုက်ဒရိုဂျင်တို့ ဓာတ် ပေါင်းစပ်သောအခါ မက်သိန်းဓာတ်ငွေ့ကို၎င်း၊ ဓာတ်ဆီ ကဲ့သို့သော ဩဂဲနစ်အက်ဆစ်များနှင့် အယ်လကိုဟောကဲ့သို့ သော ဟိုက်ဒရို ကာဗွန်ဒြပ်ပေါင်းများကို၎င်း ရရှိသည်။ အောက်စီဂျင်၊ ဟိုက်ဒရိုဂျင် နှစ်မျိုးလုံးနှင့် ဓာတ်ပေါင်းစပ်သော အခါတွင် အက်ဆီတစ်အက်ဆစ် ကဲ့သို့သော ကာဗိုဟိုက်ဒရိတ် ဒြပ်ပေါင်းများကို ရရှိသည်။ ကာဗွန်သည် သတ္တုများနှင့်လည်း ပေါင်းစပ်နိုင်ရာ ထိုဒြဗ်ပေါင်းများကို ကာဗိုက်ဟုခေါ်၏။ အထင်ရှားဆုံးသော ကာဗိုက်မှာ ကယ်ဆီယမ်ကာဗိုက် ဖြစ်၏။ ကယ်ဆီယမ်ကာဗိုက် အပေါ်တွင် ရေအနည်းငယ် လောင်းချ လိုက်လျှင် အဆက်တီလင် ဓာတ်ငွေ့ဖြစ်ပေါ်လာ၏။ ကာဗွန် သည် သက်ရှိရာများတွင် အရေးကြီးသော ဓာတ်ဖက် ပစ္စည်း တစ်ခုအဖြစ် ပါရှိသည်ကို တွေ့ရသည်။

စိန်နှင့်ခဲနက်တို့သည် ပုံဆောင်ခဲဖြစ်သော ကာဗွန်များဖြစ်ကြ ၏။ ပုံဆောင်ခဲမဟုတ်သော ကာဗွန်မျိုးများလည်း ရှိသေးသည်။ ဆီမှိုင်း၊ မီးသွေး၊ အရိုးမီးသွေး စသည်တို့မှာ ပုံဆောင်ခဲမဟုတ် သော ကာဗွန်များဖြစ်၏။ ရေနံကို မီးရှို့လိုက်သောအခါ၌ ဆီမှိုင်းကို ရရှိ၍၊ မော်တော်ကားတိုင်ယာများ ပိုမိုခိုင်ခံ့အောင် ပြုလုပ်ရာ၌၎င်း၊ ပုံနှိပ်မင်ပြုလုပ်ရာ၌၎င်း၊ အကြီးအကျယ် အသုံးဝင်၏။ မီးသွေးကို ဓာတ်ငွေ့ကာမျက်နှာဖုံးတွင် အသုံးချ ရ၏။ အရိုးကို လေလုံမီးဖိုတွင် မီးကျွမ်း စေသောအခါ အရိုး မီးသွေးရရှိ၍၊ ထိုအရိုးမီးသွေးကို သကြားလုပ်ငန်းတွင် သကြား အဝါကို အဖြူရောင်ဖြစ်အောင် ချွတ်ရာ၌ အသုံးပြုရ၏။ ကာဗွန်သည် တိရစ္ဆာန်နှင့်အပင်တို့ အသက်ရှင်၍ ကြီးထွား သန်မာလာစေရန် အရင်းခံပစ္စည်းတစ်ခု ဖြစ်သောကြောင့်၊ မည့်သည့် အစားအစာ မည်သည့်အဝတ်အစား၌မဆို ကာဗွန် ပါရှိ၏။ သကြား၊ ကာဖီ၊ ထောပတ်၊ လက်ဖက်ခြောက် စသော စားကုန်သောက်ကုန်များနှင့် အင်္ကျီ လုံချည်အစရှိသော အထည် အဝတ် များမှာ ကာဗွန်အရင်းခံ၍ ဖြစ်လာကြသော ပစ္စည်း များပင် ဖြစ်သည်။

ကာဗွန်သည် ဒြပ်စင်တစ်ခုဖြစ်၍ အက်တမ်အလေးဆ ၁၂ ရှိပြီးလျှင် အက်တမ်နံပါတ်စဉ်မှာ ၆ ဖြစ်၏။[15]

ဆက်စပ်လေ့လာရန်


ကိုးကား

  1. Conventional Atomic Weights 2013. Commission on Isotopic Abundances and Atomic Weights
  2. Standard Atomic Weights 2013. Commission on Isotopic Abundances and Atomic Weights
  3. Lide, D. R., ed. (2005)။ CRC Handbook of Chemistry and Physics (86th ed.)။ Boca Raton (FL): CRC Press။ ISBN 0-8493-0486-5
  4. Haaland, D (1976). "Graphite-liquid-vapor triple point pressure and the density of liquid carbon". Carbon 14 (6): 357. doi:10.1016/0008-6223(76)90010-5.
  5. Savvatimskiy, A (2005). "Measurements of the melting point of graphite and the properties of liquid carbon (a review for 1963–2003)". Carbon 43 (6): 1115. doi:10.1016/j.carbon.2004.12.027.
  6. Fourier Transform Spectroscopy of the System of CP 2007-12-06 တွင် ပြန်စစ်ပြီး။
  7. Fourier Transform Spectroscopy of the Electronic Transition of the Jet-Cooled CCI Free Radical 2007-12-06 တွင် ပြန်စစ်ပြီး။
  8. Carbon: Binary compounds 2007-12-06 တွင် ပြန်စစ်ပြီး။
  9. Properties of diamond, Ioffe Institute Database
  10. Material Properties- Misc Materials 12 November 2016 တွင် ပြန်စစ်ပြီး။
  11. Magnetic susceptibility of the elements and inorganic compounds, in Handbook of Chemistry and Physics 81st edition, CRC press.
  12. Weast၊ Robert (1984)။ CRC, Handbook of Chemistry and Physics။ Boca Raton, Florida: Chemical Rubber Company Publishing။ pp. E110။ ISBN 0-8493-0464-4
  13. History of Carbon and Carbon Materials - Center for Applied Energy Research - University of Kentucky Caer.uky.edu။ 2008-09-12 တွင် ပြန်စစ်ပြီး။
  14. Senese, Fred (2000-09-09)။ Who discovered carbon? Frostburg State University။ 2007-11-24 တွင် ပြန်စစ်ပြီး။
  15. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.