ကာဠီ

ကာဠီ သည် မြတ်စွာဘုရား၏ သာသနာတော်တွင် တစ်ဆင့်ကြားရုံမူဖြင့် ဘုရားရှင်အား ကြည်ညိုသူများတွင် အသာဆုံး အမြတ်ဆုံး ဧတဒဂ် ရ ဥပါသိကာ ဖြစ်၏။[1]

သောတာပန် ဖြစ်ခြင်း

မဟာသက္ကရာဇ် ၁၀၃ ခု၊ ဝါဆိုလပြည့် ဓမ္မစကြာတရား ဟောကြားတော်မူသောနေ့ ညဉ့်သန်းခေါင်ယံ အချိန် ဖြစ်၏။ ကာဠီသည် ကိုယ်ဝန်၏ ပင်ပန်းမှုကို ပယ်ဖျောက်ရန် မိဘတို့၏ အိမ် ပြဿာဒ်ထက်တွင် လေညင်းခံနေ၏။ ထိုအချိန်တွင် သာတာဂီရိနတ်မင်းနှင့် ဟေမဝတနတ်မင်းတို့သည် မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးကို နေအိမ်ထက်တွင် ပြောလျက် ရှိ၏။ ထိုအသံတို့ကို ကာဠီသည် ကြားသော် သောတာပန် အရိယာ ဖြစ်သွား၏။

ဤသို့ဖြင့် ကာဠီဥပါသိကာသည် တစ်ဆင့်ကြားရုံဖြင့် ဘုရားရှင်အား ကြည်ညိုသူများတွင် အသာဆုံး အမြတ်ဆုံး ဧတဒဂ် ရခဲ့သည်။[1]

ကိုးကား

  1. သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန (၂၀၀၅)။ ဗုဒ္ဓဘာသာကောင်း တစ်ယောက်။ pp. ၆၀၈။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.