သောတာပန်

သောတာပန် ဆိုသည်မှာ သောတာပတ္တိမဂ်ဖိုလ်ကို ရသောသူကို ဆိုလိုသည်။ သောတာပန်တို့သည် ကိလေသာ အညစ်အကြေးဖြစ်သည့် ဒိဋ္ဌိနှင့် ဝိစိကိစ္စာများ မရှိကြပေ။ ထို့ကြောင့် ရတနာသုံးပါးအပေါ် ယုံမှားသံသယများ လုံးဝမရှိတော့သောသူများ ဖြစ်သည်။ သောတာပန်တို့သည် ကံငါးပါးဖြစ်သည့် သူ့အသက်သတ်ခြင်း၊ သူတစ်ပါးဥစ္စာ ခိုးယူခြင်း၊ ကာမဂုဏ်၌ မှားယွင်းစွာကျင့်ကြံခြင်း၊ လိမ်လည်ကာ ပြောဆိုခြင်း၊ အရက်သေစာ သောက်စားခြင်း စသည့်မကောင်းမှုများ ကျူးလွန်ခြင်း လုံးဝမရှိတော့ပေ။ သောတာပန်တို့သည် သေလွန်သည့်အခါတွင် အပါယ်လေးဘုံသို့ မရောက်ကြရပေ။ သံသရာတွင်လည်း အများဆုံး (၇) ဘဝသာ ကျင်လည်ရပြီး အဆုံး၌ ရဟန္တာဖြစ်ကာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မည် ဖြစ်သည်။[1]

သောတာပန် (၂ ) မျိုး

(၁) စူဠသောတာပန်

ခန္ဓာ ၊ အယတန ၊ ဓာတ် ၊ သစ္စာ ၊ ပဋိစ္စသမုပ္ပါဒ် သဘောတရားများကို သုတမယ ဉာဏ်ဖြင့် သိပြီး ၊ စိန္တာမယ ဉာဏ်ဖြင့်လည်း ဝေဖန်သုံးသပ် ဆင်ခြင်တွေးခေါ်နိုင်ပြီး ဖြစ်မှု ၊ ပျက်မှု သဘောတရားကို မြင်သောပုဂ္ဂိုလ်။ (ဝိပဿနာ ရှု၍ ဥဒယ-ဘယ ဉာဏ်ကိုရောက်ရင်ကို အကျိုးများသည်ဟု ဆရာတော်များ ဟောကြားကြသည်။)

အဆင့်အတန်း
(က) တစ်ဘဝ ( သို့ ) နှစ်ဘဝ အပယ် မလား။
(ခ) အသိတရားအဆင့် ( ညာတပရိညာ )
(ဂ) အပွားအဆင့် ( တရားအားထုတ်မှု၍ ဒိဋ္ဌိမပြုတ်သေး ၊ ဒုဗ္ဗလ ( အားနည်းသော ) ဝိပဿနာ )

(၂) မဟာသောတာပန်

ခန္ဓာ ၊ အယတန ၊ ဓာတ် ၊ သစ္စာ ၊ ပဋိစ္စသမုပ္ပါဒ် သဘောတရားများကို သုတမယ ဉာဏ်ဖြင့် သိပြီး ၊ စိန္တာမယ ဉာဏ်ဖြင့်လည်း ဝေဖန်သုံးသပ် ဆင်ခြင်တွေးခေါ်ရုံသာမကဘဲ ၊ ဘာဝနာမယဉာဏ်ဖြင့် ကြိမ်ဖန်များစွာ ကြိုးစားပွားများနေသောကြောင့် ခန္ဓာ (၅) ပါး ၊ ရုပ်နာမ် (၂) ပါး၏ ဖြစ်ပျက်ကို မြင်၊ ဖြစ်ပျက်ကို မုန်း ၊ ဖြစ်ပျက်၏ဒုက္ခ ကြီး ချုပ်ဆုံးမှုကိုပါ မြင်သော ပုဂ္ဂိုလ် ။

မဟာသောတာပန် (၆) မျိုး

(က) သတ္တက္ခတ္တုပရ သောတာပန် = (၇) ကြိမ် ပဋိသန္ဓေ နေပြီး နိဗ္ဗာန်ဝင်သူ
(ခ) ကောလံကောလ သောတာပန် = လူနတ်ဘဝ နှင့် ၂ ဘဝမြောက်မှ ၊ ၆ ဘဝမြောက်အထိသာ နေပြီးနိဗ္ဗာန်ဝင်သူ (၂၊ ၃၊ ၄၊ ၅၊ ၆ ကြိမ် ပဋိသန္ဓေ နေပြီး နိဗ္ဗာန်ဝင်သူ )
(ဂ) ဧကဗီဇီ သောတာပန် = လူနတ်ဘဝ နှင့် ၁ ကြိမ် သာနေပြီး နိဗ္ဗာန်ဝင်သူ
(ဃ) သောတာပန်ဖြစ်သည့်ဘဝ၌ပင် အထက်မဂ်ဖိုလ်တက်ဦးမည့် သောတာပန်
(၅) ဈာန်ရ၍ ဗြဟ္မာဖြစ်ပြီး ကာမဘုံသို့ ပြန်မလာတော့သော သောတာပန် (ဥပစာအားဖြင့် အနာဂါမ်နှင့်တူ)
(၆) ဘုံစဉ်စံ သောတာပန် = သုဒ္ဓါဝါသ ဗြဟ္မဘုံကိုချန်ပြီး ကျန်သုဂတိဘုံများ တွင် တစ်ဘဝပြီး တစ်ဘဝ မြင့်ကာ မြင့်ကာ ဘုံစဉ်စံပြီး နိဗ္ဗာန်ဝင်သူ ( ဝိသာခါ ၊ သိကြားမင်း ၊ အနာထပိဏ်) [2]

ဘုံစဉ်စံ သောတာပန်ကို ပါဠိ၌ ဝဋ္ဋဇ္ဈာသယ/ဝဋ္ဋဘိရတ သောတာပန်ဟု အသုံးရှိသည် ဝဋ်ဘဝ၌ ပျော်မွေ့သော သောတာပန်ဟု ဆိုလိုသည် ပထမသောတာပန် သုံးမျိုးကဲ့သို့ အဆုံးဘဝရောက်မှ သကဒါဂါမ် အနာဂါမ် ရဟန္တာ ဖြစ်ခြင်းမျိုး မဟုတ်ဘဲ သောတာပတ္တိဖိုလ်တည်းဟူသောဘုံမှ သကဒါဂါမိဖိုလ်တည်းဟူသောဘုံ အနာဂါမိဖိုလ်တည်းဟူသောဘုံ အရဟတ္တဖိုလ်တည်းဟူသောဘုံတို့ကို ဝဋ်ဘဝများစွာ စံစားပြီး အဆင့်မြင့်သွားခြင်းဖြစ်သည်။ သုဒ္ဓါဝါသဘုံသို့လည်း ရောက်ရာသော အကြောင်းရှိသည်။

သောတာပန်ဖြစ်ကြောင်း အင်္ဂါလေးပါး

သောတာပန်ဖြစ်စေသည့် အင်္ဂါလေးပါးတို့မှာ -

၁။ သပ္ပုရိသသံဝေသ = မဂ်ဖိုလ်ကို ညွှန်ပြတတ်သော သူတော်ကောင်းနှင့် ပေါင်းသင်းရမှု။

၂။ သဒ္ဓမ္မဿဝန = မဂ်ဖိုလ်ရောက်ကြောင်း သူတော်ကောင်းတရားကို နာကြားရမှု။

၃။ ယောနိသောမနသိကာရ = ရုပ်နာမ်တရားတို့၌ မှန်ကန်တည့်မတ်စွာ နှလုံးသွင်းမှု။

၄။ ဓမ္မာနုဓမ္မပဋိပတ္တိ = မဂ်ဖိုလ်နိဗ္ဗာန်အားလျော်သော အကျင့်ကို ကျင့်မှု။ [3]

မဟာပစ္စဝေက္ခဏာ (၇) ချက်

မဟာပစ္စဝေက္ခဏာ (၇) ချက်ဖြင့် သူတော်စင်များသည် သောတာပန် ဖြစ်မဖြစ်ကို စစ်ဆေးနိုင်၏။ သောတာပန်အရိယာသည် အောက်ပါအချက်တို့ဖြင့် ပြည့်စုံ၏ ထို (၇) ချက်မှာ -

(၁) သောတာပန်များသည် ကိလေသာများ ဖြစ်နိုင်သေး၏။ ဖြစ်လျှင် ဖြစ်ကြောင်းကို ချက်ချင်းသိ၏။ ထို့ကြောင့် သောတာပန်တွင် ကိလေသာတို့သည် ကြာမြင့်စွာ မတည်နိုင်ပေ။

(၂) သောတာပန်သည် ကိလေသာ ဖြစ်ပေါ်လာပါက ဖြစ်ပျက်ရှုကာ ငြိမ်းအေးအောင် လုပ်၏။ ငြိမ်းအေးအောင် လုပ်လိုစိတ်လည်း ပေါ်၏။

(၃) ဘုရားသာသနာမှလွဲ၍ အခြားအယူဘာသာတို့တွင် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ မရှိနိုင်ဟု ယုံကြည်မှုထက်သန်ခြင်း။

(၄) ရဟန်းသောတာပန်သည် အာပတ်ဖြစ်ပါက ချက်ချင်းဖြေ၏။ လူသောတာပန်သည် ကိလေသာပေါ်ပေါက်ပါက ပြေပျောက်အောင်လုပ်ချင်စိတ်ဖြစ်ပေါ်၏။ ပြေပျောက်အောင် လုပ်လည်း လုပ်၏။

(၅) သောတာပန်သည် မိမိနှင့်သက်ဆိုင်ရာ ပုဂ္ဂိုလ်တို့က သက်သေအဖြစ် ခေါ်ပါက လိုက်၏။ ထိုအမှုတွင် သီလ၊ သမာဓိ၊ ပညာတို့ ထိခိုက်ပျက်စီးမည့် အပြုအမူကို လုံးဝမပြုလုပ်ပေ။

(၆) ဘုရား၊ ရဟန်းသံဃာများဟောကြားသောတရားကို နားလည်၏။ စိတ်သည်ပျံ့လွင့်ခြင်းမရှိဘဲ တရားနာနိုင်ခြင်း။

(၇) နာကြားရသော တရားများအပေါ်တွင် ပီတိများဖြစ်ခြင်း။ မေ့ပျောက်သွားခြင်းမရှိဘဲ တရားတော်အကြောင်း ပြောဆိုဆွေးနွေးခြင်း။[4]

ကိုးကား

  1. ဦးနု။ ငရဲဆို ချိုနဲ့လားဗျို့
  2. မိုးကုတ်တရားမှ
  3. ဒေါက်တာမင်းတင်မွန်။ အမြတ်ဆုံးပန်းတိုင် ဧကန်ပိုင်
  4. ထီလာမောင် (ကျွဲရဲ) (မတ်လ ၂၀၀၉)။ အပ္ပမာဒ ဓမ္မရသ မဂ္ဂဇင်း။ အမှတ် ၄၁၊ ၂၉ လမ်း၊ ရန်ကုန်မြို့: ဆင်တောင်ကြီးစာပေ။ pp. ၁၁၉။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)CS1 maint: location (link)

ဘာသာတရား
ဗုဒ္ဓဘာသာ

သမိုင်း
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ
ဘုရားများ
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား
ဆရာ (အစရိယ)
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (ရဟန်းမိန်းမ)
လက္ခဏာရေးသုံးပါး
အနိစ္စ - အနတ္တ - ဒုက္ခ
ရတနာသုံးပါး

ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ

အယူဝါဒ
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ
တိပိဋကနှင့်ကျမ်းစာများ
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်)
အဆင့်များ
ပုထုဇဉ်ကိုရင်ရဟန်းသောတာပန်သကဒါဂါမ်အနာဂါမ်ရဟန္တာဧတဒဂ်ဘုရားနိဗ္ဗာန်
ကျင့်စဉ်များ
သမထဝိပဿနာသတိပဋ္ဌာန်ဓုတင်ကမ္မဋ္ဌာန်းဒုက္ကရစရိယာနိကာယ် ငါးရပ်
ဂါထာများ
ကျင့်ဝတ်သုတ်တော်ဂုဏ်တော်ဂါထာတော်ဘုရားပင့် ဩကာသပုတီးစိပ်နည်း
ဂိုဏ်းများ
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ
နိုင်ငံနှင့်ဒေသများ
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.