ဓမ္မ
ဓမ္မ ဆိုသည်မှာ "သဘာဝံ ဓာရေတီတိ ဓမ္မော" မိမိတို့၏ သဘောကို ဆောင်တတ်သောကြောင့် ဓမ္မ မည်သည်။ မိမိတို့၏ သဘောဆိုသည်မှာ ဖဿ၏ တွေ့ထိခြင်း၊ ဝေဒနာ၏ ခံစားခြင်း၊ ပထဝီ၏ ခက်မာခြင်း၊ အာပေါ၏ ဖွဲ့စည်းခြင်း စသည်တို့ကို ဆိုလိုသည်။ ဤအသီးသီးသော သဘောသည် သဘာဝလက္ခဏာမည်၏။ ထိုမှတစ်ပါးလည်း ဖြစ်ခြင်း၊ ရင့်ခြင်း၊ ပျက်စီးခြင်း စသည့်သဘောများသည် တရားရှိသမျှတို့နှင့် ဆက်ဆံသောကြောင့် သာမညလက္ခဏာမည်၏။ (ဤသို့ သဘာဝလက္ခဏာ၊ သာမညလက္ခဏာကို ဆောင်သောတရားကို ဓမ္မ ဟူ၍ ဆိုသည်။)[1]
ဘာသာတရား | |
သမိုင်း | |
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ | |
ဘုရားများ | |
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား၊ | |
ဆရာ (အစရိယ) | |
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (ရဟန်းမိန်းမ) | |
လက္ခဏာရေးသုံးပါး | |
အနိစ္စ - အနတ္တ - ဒုက္ခ | |
ရတနာသုံးပါး | |
ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ | |
အယူဝါဒ | |
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ | |
တိပိဋကနှင့်ကျမ်းစာများ | |
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်) | |
အဆင့်များ | |
ပုထုဇဉ်၊ ကိုရင်၊ ရဟန်း၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ၊ ဧတဒဂ်၊ ဘုရား၊ နိဗ္ဗာန် | |
ကျင့်စဉ်များ | |
သမထ၊ ဝိပဿနာ၊ သတိပဋ္ဌာန်၊ ဓုတင်၊ ကမ္မဋ္ဌာန်း၊ ဒုက္ကရစရိယာ၊ နိကာယ် ငါးရပ်၊ | |
ဂါထာများ | |
ကျင့်ဝတ်၊ သုတ်တော်၊ ဂုဏ်တော်၊ ဂါထာတော်၊ ဘုရားပင့်၊ ဩကာသ၊ ပုတီးစိပ်နည်း၊ | |
ဂိုဏ်းများ | |
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ | |
နိုင်ငံနှင့်ဒေသများ | |
လောဘ စသော ဟိတ်ခြောက်ပါးတရားတို့သည် မိမိတို့၏ အကြောင်းမူလအားဖြင့် ကျေးဇူးပြုခြင်းတည်းဟူသော ဟေတုပစ္စယသတ္တိကို ဆောင်ကုန်၏။ ဟေတုပစ္စည်း၏ အကျိုးဖြစ်သော တရားတို့သည် ဟိတ်ကြောင့် ဖြစ်ပေါ်ခြင်းတည်းဟူသော ပစ္စယုပ္ပန်သဘောကို ဆောင်ကြကုန်၏။ ဤသို့ စသည်ဖြင့် အလုံးစုံသော တရားတို့သည် မိမိတို့၏ သဘောသဘာဝကိုသာ အသီးသီးဆောင်ရွက်တတ်ကြကုန်၏။ ဤအရာ၌ သုတ္တန်ပိဋကတ်၊ အဘိဓမ္မပိဋကတ်တို့၌ ဟောတော်မူအပ်ကုန်သော တရားဟူသမျှတို့ကို ဓမ္မဟူ၍ ဆိုအပ်ကုန်၏။[1]
ထိုမှတစ်ပါး ဝိနည်းဒေသနာတော်၌ ဟောကြားတော်မူအပ်ကုန်သော သီလက္ခန္ဓဓမ္မတို့ကိုလည်း ဤအရာ၌ ဓမ္မဟူ၍ ဆိုအပ်ကုန်၏။ စင်စစ်အားဖြင့် တရားကိုယ်ကောက်ယူလိုက်သည်ရှိသော် ဝိနည်းတော်၌ ဟောတော်မူအပ်သော တရားတို့သည်လည်း အဘိဓမ္မာဓမ္မတို့သာ ဖြစ်သည်။[1]
ဓမ္မနိယာမ
"ဓမ္မေနေဝ နိယာမတော သိဒ္ဓတ္တာ ဓမ္မနိယာမောနာမ။"
ဓမ္မေနေဝ - သဘောအားဖြင့်သာလျှင်၊ နိယာမတော - မြဲသောအားဖြင့် သိဒ္ဒတ္တာ - ပြီးစီးသည်၏ အဖြစ်ကြောင့်၊ ဓမ္မနိယာမောနာမ - ဓမ္မနိယာမမည်၏။
ဤလောက၌ မည်သည့်အရာမျိုးမဆို အကြောင်းအားလျော်စွာ အကျိုးဖြစ်ပေါ်မှု အလုံးစုံသည် ဓမ္မနိယာမ မည်၏။[1]
- ပဋိစ္စသမုပ္ပါဒ်ဒေသနာ၌ အဝိဇ္ဇာကြောင့် သင်္ခါရ ဖြစ်သည်၊ သင်္ခါရကြောင့် ဝိညာဏ် ဖြစ်သည် ဆိုရာမှာလည်း ဓမ္မနိယာမပင် ဖြစ်သည်။ ပဋိစ္စသမုပ္ပါဒ်ဒေသနာ၊ ပဋ္ဌာန်းကျမ်းတော်ကြီးများသည် သက်သက်အားဖြင့် ဓမ္မနိယာမကို ပြသော ဒေသနာတော်ကြီးများ ဖြစ်သည်။[1]
- သစ္စာလေးပါး၌ သမုဒယကြောင့် ဒုက္ခဖြစ်သည်။ မဂ္ဂင်ရှစ်ပါးကြောင့် ဒုက္ခချုပ်သည်ဟူ၍ ဟောတော်မူသော သစ္စာဒေသနာတော်သည်လည်း ဓမ္မနိယာမဒေသနာတော်ကြီးပင် ဖြစ်သည်။[1]
ထိုသို့ အကြောင်းအကျိုး ဆက်လက်၍ ဓမ္မနိယာမကို ဟောကြားသော ဒေသနာတို့တွင် ပဋ္ဌာန်းဒေသနာသည် အထွဋ်အထိပ်သို့ ရောက်အောင် အသိမ်မွေ့ဆုံးသော ဒေသနာတော်ကြီး ဖြစ်သည်။[1]
ဤဓမ္မနိယာမကို အချို့သော ဒေသနာတော်တို့၌ ဓမ္မဋ္ဌိတတာ ဟူ၍၎င်း၊ ဓမ္မနိယာမတာ ဟူ၍၎င်း မြတ်စွာဘုရား ဟောကြားတော်မူသည်။[1]
ကိုးကား
- လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီး (ဘာသာပြန်ဆိုသူ)။ ကျေးဇူးရှင် လယ်တီဆရာတော်ဘုရားကြီး၏ ဥရောပဗုဒ္ဓဘာသာအလင်းပြကျမ်း (တတိယအကြိမ် ed.)။