ဂုဏ်တော်

ဗုဒ္ဓဘာသာတွင် ဂုဏ်တော် (အင်္ဂလိပ်: supreme qualities) ဆိုသည်မှာ ရတနာသုံးပါး၏ ဂုဏ်ကျေးဇူး (သို့) စွမ်းရည်သတ္တိ (သို့) အရည်အချင်းများ ကိုဆိုလိုသည်။ ဂုဏ်တော် ဟူသော စကားလုံးသည် "ဂုဏ"[1] နှင့် "တော်" တို့ကို ပေါင်းစပ်ထား၍ "ဂုဏ" သည် ကျေးဇူးတရား၊ အရည်အချင်းများဟု အနက်ယူနိုင်ပြီး "တော်" သည် မြင့်မြတ်မှုကို ညွှန်းဆိုသည့် နာမ်နောက်ဆက်စကားလုံးဖြစ်သည်။[2]

ဘာသာတရား
ဗုဒ္ဓဘာသာ

သမိုင်း
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ
ဘုရားများ
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား
ဆရာ (အစရိယ)
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (ရဟန်းမိန်းမ)
လက္ခဏာရေးသုံးပါး
အနိစ္စ - အနတ္တ - ဒုက္ခ
ရတနာသုံးပါး

ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ

အယူဝါဒ
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ
တိပိဋကနှင့်ကျမ်းစာများ
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်)
အဆင့်များ
ပုထုဇဉ်ကိုရင်ရဟန်းသောတာပန်သကဒါဂါမ်အနာဂါမ်ရဟန္တာဧတဒဂ်ဘုရားနိဗ္ဗာန်
ကျင့်စဉ်များ
သမထဝိပဿနာသတိပဋ္ဌာန်ဓုတင်ကမ္မဋ္ဌာန်းဒုက္ကရစရိယာနိကာယ် ငါးရပ်
ဂါထာများ
ကျင့်ဝတ်သုတ်တော်ဂုဏ်တော်ဂါထာတော်ဘုရားပင့် ဩကာသပုတီးစိပ်နည်း
ဂိုဏ်းများ
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ
နိုင်ငံနှင့်ဒေသများ

မြတ်ဗုဒ္ဒသည် ဒီဃနိကာယ်၊ သီလက္ခန္ဓဝဂ်တစ်ခုတည်းတွင်ပင် ဘုရားဂုဏ်တော်ကိုးပါးကို (၂၃) ကြိမ်အထိ ကိုယ်တိုင်ဟောတော်မူကြောင်း ကိုးကားရင်းမြစ်စာအုပ်တစ်ခု၌ ဆိုသည်။ ဂုဏ်တော်များမှာ အနန္တဖြစ်၍ ရေတွက်မရနိုင်သော်လည်း အချုပ်အားဖြင့် ဤကိုးပါးကိုသာ ပြဆိုလေ့ရှိသည်။ ဝင်္ဂီသရန္တာမထေရ်ကလည်း မြတ်စွာဘုရား၏ ဂုဏ်တော်များကို ဂါထာအမျိုးမျိုးဖွဲ့ဆို၍ သီကုံးခဲ့သည်။ ထို့အပြင် အရှင်သာရိပုတ္တရာသည်လည်း သီဟနာဒသုတ်၌ ဘုရား၏ ဂုဏ်တော်များကို ချီးကျူးဖွဲ့ဆို လျှောက်ထားမှုရှိသည်။[3]

ထေရဝါဒဗုဒ္ဓဘာသာ၌ ဗုဒ္ဓနုဿတိ၊ ဓမ္မနုဿတိ၊ သံဃာနုဿတိ ဘာဝနာများပွားများရာ၌ ထိုဂုဏ်တော်များကို အဖန်တလဲလဲပွားများကြသည်။ အရှင်ဗုဒ္ဓဃောသ၏ ဝိသုဒ္ဓိမဂ်တွင် ဤသို့ နုဿတိပွားများခြင်းသည် ယုံကြည်မှုသဒ္ဒါ၊ သမာဓိ၊ ပညာနှင့် ကုသိုလ်တရားများရရှိနိုင်ကြောင်း ဆိုထား၏။ ထို့နောက် ပွားများအားထုတ်သူသည် ဘုရားရှင်၏ တည်ရှိမှုတွင် နေရသကဲ့သို့ ခံစားရနိုင်သည်ဟုလည်း ဆိုထားလေသည်။[4]

ဥပမာအနေဖြင့် ဘုရားဂုဏ်တော်ကိုးပါး ဂါထာကို အောက်တွင် ဖော်ပြထားသည်။

ဣတိ ပိ သော ဘဂဝါ အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဝိဇ္ဇာစရဏ သမ္ပန္နော သုဂတော လောကဝိဒူ အနုတ္တရော ပုရိသဒမ္မသာရထိ သတ္ထာဒေဝ မနုဿာနံ ဗုဒ္ဓေါ ဘဂဝါ — ဘုရားဂုဏ်တော်ဂါထာ

အသေးစိတ်ကြည့်ရန်


ကိုးကား

  1. ဦးဟုတ်စိန်၊ ပါဠိ-မြန်မာ အဘိဓာန်
  2. Burmese Orthography, Myanmar Language Commission, 1993.၊ မြန်မာဝစ်ရှင်ရီနတွင် ထိုအဓိပ္ပာယ်ဖွင့်ဆိုချက်များရှိသည်။
  3. ရတနာသုံးပါးဂုဏ်တော်နှင့် ဗုဒ္ဓဂုဏ်​တော်ကိုးပါးအကျိုး။ သာသနာရေးဦးစီးဌာန။ ၁၉၈၇။ p. ၄၂-၄၃။ zero width space character in |title= at position 35 (အကူအညီ)
  4. McMahan, David; Empty Vision: Metaphor and Visionary Imagery in Mahayana Buddhism, RoutledgeCurzon, 2002. p. 149.
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.