ဒုက္ကရစရိယာ

ဒုက္ကရစရိယာ ဆိုသည် ကာမဂုဏ်စိတ်ကို ပင်ပန်းဆင်းရဲစွာ တားဆီးခြင်းအကျင့်ဖြစ်သည်။ မူရင်းကျင့်စဉ်များသည် တပအကျင့်မှ လာခြင်းဖြစ်သည်။ ကိုယ့်ကိုယ်ကို ဆင်းရဲအောင်လုပ်ပြီး ကာမဂုဏ်ကို တားနိုင်အောင်ကြိုးစားခြင်း ဖြစ်သည်။ ဘုရားလောင်းလဲ မိမိကြားဖူးသိဖူးသမျှ တပကျင့်စဉ်များကို အမျိုးမျိုး ပြောင်းလဲစမ်းသပ် ကျင့်သုံးတော်မူခဲ့သည်။ တပ ကျင့်စဉ်များသည် -

  • အဝတ်မဝတ်ခြင်း၊
  • အစာမစားခြင်း၊
  • တစ်လုပ်သာစားခြင်း၊
  • ရက်ခြားစားခြင်း၊
  • ဆူးပေါ်အိပ်ခြင်း၊
  • ရေချိုးခြင်း၊
  • မီးလှုံခြင်း၊
  • နေပူခံခြင်း၊
  • ခွေးကဲ့သို့ကျင့်ခြင်း၊
  • နွားကဲ့သို့ကျင့်ခြင်း စသည့်ကျင့်စဉ်များ ထွန်းကားခဲ့သည်။ ထိုမှတဆင့် အတ္တကောင်ဝါဒလဲ ပွားလာသည်။
ဘုရားလောင်း ဒုက္ကရစရိယာကျင့်နေပုံ

ဘာသာတရား
ဗုဒ္ဓဘာသာ

သမိုင်း
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ
ဘုရားများ
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား
ဆရာ (အစရိယ)
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (ရဟန်းမိန်းမ)
လက္ခဏာရေးသုံးပါး
အနိစ္စ - အနတ္တ - ဒုက္ခ
ရတနာသုံးပါး

ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ

အယူဝါဒ
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ
တိပိဋကနှင့်ကျမ်းစာများ
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်)
အဆင့်များ
ပုထုဇဉ်ကိုရင်ရဟန်းသောတာပန်သကဒါဂါမ်အနာဂါမ်ရဟန္တာဧတဒဂ်ဘုရားနိဗ္ဗာန်
ကျင့်စဉ်များ
သမထဝိပဿနာသတိပဋ္ဌာန်ဓုတင်ကမ္မဋ္ဌာန်းဒုက္ကရစရိယာနိကာယ် ငါးရပ်
ဂါထာများ
ကျင့်ဝတ်သုတ်တော်ဂုဏ်တော်ဂါထာတော်ဘုရားပင့် ဩကာသပုတီးစိပ်နည်း
ဂိုဏ်းများ
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ
နိုင်ငံနှင့်ဒေသများ

ထို တပ ကျင့်စဉ် ဒုက္ကရစရိယာကျင့်စဉ်များအနက် အလွန်ခေတ်စားထင်ရှားအခက်ခဲဆုံး (၃) မျိုးရှိသည်။

  1. စိတ်ကို စိတ်နဲ့ သတ်နည်း
  2. အပ္ပဏာဈာန် (အသက်ရှူမှု ထိန်းချုပ်နည်း)
  3. အစာမစားဘဲ ကျင့်နည်း တို့ဖြစ်သည်။

ဝေါဟာရလေ့လာချက်

ဒုက္ကရစရိယာ ဟူသော ဝေါဟာရသည် မျက်မှောက်ခေတ်ကာလတွင် ဗုဒ္ဓဝင် ကျမ်းအစောင်စောင်တို့၏ ရေးသားထားချက်ကြောင့် အသုံးတွင်ကာ ရင်းနှီးနေကြပြီ ဖြစ်သော်လည်း ဗုဒ္ဓမြတ်စွာ လက်ထက်တော် အခါကမူ ဤအသုံးအနှုန်းကို တွင်ကျယ်စွာ သုံးစွဲထားကြောင်း မတွေ့ရပေ။

ဗုဒ္ဓမြတ်စွာ လောင်းလျာဘဝက ၆-နှစ်တာကာလပတ်လုံး ကျင့်ကြံတော်မူသည်ကို ပါဠိတော်ကြီးများ၌ ဒုက္ကရကာရိကာ ဟု လည်းကောင်း၊ ပဓာန ဟူ၍ လည်းကောင်း ရေးသားထားပေသည်။ ပိဋကတ်တော်ဝင် မိလိန္ဒပဉှာကျမ်း (ခရစ် ၁-ရာစု) အခန်း၅၊ အနုမာနပဉှာ အခန်းကြီး၏ တတိယမြောက် ဝေဿန္တရဝဂ်၌ ဒုက္ကရကာ ရိကာပဉှ ဟု ခေါင်းစီးထိုး၍ ဒုက္ကရစရိယ အကျင့်အကြောင်းကို ဆွေးနွေးခန်း ဖွဲ့ဆိုထားသည်။ အဋ္ဌကထာဆရာ အရှင်မဟာဗုဒ္ဓဃောသမထေရ်ကြီး (ခရစ် ၄-၅ရာစု) သည် ဒုက္ကရကာရိကာ ဟူသော ဝေါဟာရနှင့် ရံခါ မဟာပဓာန ဟူသော ဝေါဟာရတို့ကို အသုံးပြုတော်မူခဲ့ပါ၏။

အဋ္ဌကထာဆရာအရှင် ဓမ္မပါလမထေရ်ကြီး (ခရစ် ၁၀-ရာစု) မူကား ဒုက္ကရစရိယ ဟူသော ဝေါဟာရကို ဥဒါနကဋ္ဌကထာ (၁၁၈)၊ ဣတိဝုတ္တက အဋ္ဌကထာ(၁၁၇)တို့တွင် လည်းကောင်း၊ မဇ္ဈိမနိကာယ် ဋီကာ (၁၊ ၃၅၆)တို့တွင် လည်းကောင်း သုံးစွဲရေးသားထားတော် မူပါသည်။ မြန်မာစာဖတ်ပရိသတ်တို့အဖို့ မြန်မာစကားပြေ ဗုဒ္ဓဝင်ကျမ်းတို့၌ သုံးစွဲနေကျဖြစ်သော ဒုက္ကရစရိယ ဝေါဟာရကို ဖတ်ရှုကြရသည့်နည်းတူ ပဓာနစရိယ ဟူသော ဝေါဟာရကိုလည်း ပရိတ်တရားတော်ကို ရွတ်ဖတ်သရဇ္ဈာယ်တော် မူကြသောအခါ ရတနာသုတ် ပရိတ်တော်တွင် ပစ္ဆိမ ဘဝေဂဗ္တဝေါက္ကန္တိ ဇာတိ အဘိနိက္ခမနံ ပဓာနစရိယံ ဟု ရွတ်ဖတ်တော် မူကြရပါမည်။

အထက်ပါ အထောက်အထားများအရ ပါဠိစာပေသမိုင်းတွင် ဒုက္ကရစရိယဟူသော ဝေါဟာရကို ရှေးဦးကာလ၌ အသုံးနည်း၍ အရှင်ဓမ္မပါလမထေရ် ထင်ရှားသော ခရစ် ၁၀-ရာစုကာလမှ စ၍သာ သုံးစွဲကြောင်း တွေ့ရပါမည်။


[1]

ဒီနေရာမှာ ဘုရားလောင်းဟာ ဘာကြောင့်များ ဒီလိုကိုယ်ဆင်းရဲခံတဲ့ တပအကျင့်ဘက် လိုက်ရသလဲ မေးစရာရှိပါတယ်။ ဒါ့နေရာမှာ အဲဒီခေတ် မဇ္ဈိမဒေသရဲ့ အတွေးအခေါ် ဝါဒသမိုင်းနောက်ခံနဲ့ ဂိုဏ်းဂဏများအကြောင်း အနည်းငယ် သိသင့်ပါတယ် ။ ကျမ်းကိုး ။ ဦးရွှေအောင်( ဗုဒ္ဓဝါဒ ပေါ်ထွန်းခြင်း)၊ What the Buddha taugh… by Dr. R. Rahula၊ အရှင်ဇနကာဘိဝံသ၊ အရှင်ဉာဏိသာရ တို့၏ ဓမ္မစကြာဆိုင်ရာတရားများ၊ လယ်တီဆရာတော်၊ မဟာစည်ဆရာတော်၊ ဖားအောက် ဆရာတော်တို့၏ ဓမ္မစကြာတရားများ စသည်တို့မှ ထုတ်နှုတ်လိုက်ပါတယ်။ ပလန်းနက်မှာ Kalmond ရေးပေးတာတွေလဲ ပါနေပါလိမ့်မယ်။ ဗုဒ္ဓဝါဒ ပေါ်ထွန်းမှုနဲ့ အတွေးအခေါ်ဆိုင်ရာ စာတမ်းတွေမှာလဲ ဒီကျင့်စဉ်အကြောင်းပါပါတယ်။

ဝေဒခေတ်ကောင်းစဉ်က ဗြာဟ္မဏတို့သည် ချမ်းသာသုခရရှိရေး၊ နတ်ပြည်ရောက်ရေး၊ သံသရာဝဋ်မှ လွတ်မြောက်ရေးတို့အတွက် နတ်ဒေဝါများကို ပူဇော်ပသသည့် ယဇ်လမ်းစဉ်ကို တီထွင်ခဲ့ကြတယ်။ ဗြာဟ္မဏတို့က နိုင်ငံရေးနှင့် ဘာသာရေးအရ အိန္ဒိယဒေသကို လွှမ်းမိုးအုပ်စိုးနိုင်ရန် ဇာတ်စနစ်ခေါ်အမျိုးအနွယ်ခွဲခြားမှု စနစ်တစ်မျိုးကိုလည်း တီထွင်ခဲ့ကြတယ်။ ထိုစနစ်အရ ဝေဒပညာရှင် ဗြာဟ္မဏအနွယ်ဝင်တို့သည် ဘာသာရေးအာဏာပိုင်များ ဖြစ်လာရုံသာမက လူမှုရေး၊ ပညာရေးနှင့် နိုင်ငံရေး နယ်ပယ်များကိုပါ လွှမ်းမိုးချုပ်ကိုင်နိုင်ခဲ့ကြတယ်။ အမျိုးလေးပါးတွင် ဗြာဟ္မဏမျိုးက အမြတ်ဆုံးဖြစ်ကြောင်း၊ဗြဟ္မာကြီး၏ ခံတွင်းမှ ပေါက်ဖွားလာ၍ ဗြဟ္မာနှင့်လူအကြား မရှိမဖြစ်အရေးပါသည့် အဆက်အသွယ်ဖြစ်ကြောင်းဟောပြောကာ လူတန်းစားအာဏာကို ထူထောင်နိုင်ခဲ့ကြတယ်။ သံသရာမှ လွတ်မြောက်ရေး၊ ချမ်းသာသုခ ရရှိရေးအတွက်ယဇ်ပူဇော်ပွဲများ ပြုလုပ်ရာတွင် ဗြာဟ္မဏတို့ မပါဝင်က အထမမြောက်ဟု ဆိုခဲ့ကြတယ်။ ဘုရင်များ၊ သူဌေးသူကြွယ်များ၊ ကုန်သည်၊ လယ်သမား၊ ဆင်းရဲသားပါမကျန် ဝေဒပညာရှင်များ၏ အဆိုအမိန့်ကို ဘုရားတစ်ဆူဂူတစ်လုံး ကိုးကွယ်ခဲ့ကြရပေတယ်။

ဗြဟ္မာဏတို့သည် ထိုကဲ့သို့ ဘာသာရေးနှင့် သက်ဆိုင်သည့် ဘဝလွတ်မြောက်ရေး၊ ချမ်းသာသုခ ရရှိရေးတို့ကို လက်ဝါးကြီးအုပ်ထားခဲ့ကြရာ ယဇ်ပူဇော်မှုတွင် မပါမဖြစ် အရာရောက်သူများ ဖြစ်လာခဲ့ကြတယ်။ ယဇ်ပူဇော်ပွဲတစ်ခုကို စနစ်တကျ စီမံဆောင်ရွက်ရန်အတွက် ဝေဒပညာရှင် ဗြာဟ္မဏတစ်ဦးကို ငှားရမ်းပင့်ဖိတ်သည်ဆိုပါက ငွေကြေအတော်အတန် ကုန်ကျပေလိမ့်မည်။ သာမန်လူတို့ မတတ်နိုင်တော့သည့် အနေအထား ဖြစ်လာတယ်။

အမျိုးဇာတ်ခွဲခြားမှုကိုအကြောင်းပြု၍ ဗြာဟ္မဏတို့က နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့တွင် အဘက်ဘက်က အသာစီးယူနေကြသည်ကိုလည်းမကျေမနပ် ဖြစ်လာကြတယ်။ ဒီအခါ ဘဝလွတ်မြောက်ရေးကို အလိုရှိကြသူတို့က အိမ်ရာတည်ထောင် လူတို့ဘောင်ကိုစွန့်ခွာလျက် ဆိတ်ငြိမ်ရာတောအရပ်သို့ ချဉ်းကပ်ကာ အားထုတ်ကျင့်ကြံ ကြိုးပမ်းကြရာမှ တရားဘာဝနာပွားများမှုသဘောပေါ်ပေါက်လာတယ်။ တောထဲတွင် သစ်ပင်အောက်၌ တကိုယ်တည်း ထိုင်နေရင်း စိတ်မှန်းဖြင့် ယဇ်ပူဇော်မှုပြုခြင်း၊ ဗြဟ္မာကို အာရုံပြုခြင်းများ ပြုလုပ်ရာမှ ကသိုဏ်းပေါက်ကာ ဈာန်လမ်းစဉ်ကို တွေ့ရှိကြတယ်။ ဒီလမ်းစဉ်ကိုလဲ ဘုရားလောင်း သင်ခဲ့သေးတယ်ပေါ့။ အာဠာရ နဲ့ ဥဒက ဆီမှာ။ ဒါကြောင့် အာရညကခေတ်ခေါ် တောမှီရသေ့ခေတ်ဦးတွင် ဝေဒလမ်းစဉ် မှေးမှိန်ခဲ့ရတယ်။ ဈာန်ချမ်းသာသည် လောကီအာရုံ ကာမဂုဏ်တို့ထက်အဆပေါင်းများစွာ သာလွန်မြင့်မားလှသဖြင့် ထိုခေတ်တွင် ရသေ့ယောဂီ အရညဝါသီ တောမှီသူတော်စင်များ အမြောက်အမြား ပေါ်ထွန်းခဲ့တယ်။ အချို့မှာ ဂိုဏ်းဂဏများ တည်ထောင်ကာ တပည့်များစွာကို သင်ကြားပို့ချမှု ပြုကြတယ်။ (သာဓက၊ ဥရုဝေလ ကဿပ ရသေ့ဆရာကြီးများ) ဗြာဟ္မဏလမ်းစဉ်တွင်လည်း တရားအားထုတ်မှု လွှမ်းမိုးလာခဲ့တယ်။ ဒါပေမယ့် ချမ်းသာစစ် နိဗ္ဗာန်ကို ရနိုင်မယ့် နည်းတွေတော့ မဟုတ်ဘူးပေါ့ ။

ဘုရားလောင်းဆိုတာ ဒီဒုက္ကရစရိယာကျင့်စဉ် တွေ အားလုံးကို လိုက်ကျင့်ရမယ့် တာဝန်ရှိတယ်။ ဘာကြောင့် ဆိုရင် (၂)ချက်ရှိပါတယ်။

(၁) ချမ်းသာစစ် နိဗ္ဗာန်ကို ဒီကျင့်စဉ်တွေနဲ့ မရကြောင်း သက်သေပြဖို့ အကုန်ကျင့်ပြရတယ်။ နောင်တချိန်မှာ ဒီကျင့်စဉ်သမားတွေက ပြောလာမယ်။ ငါတို့ ကျင့်စဉ်ကလဲ နိဗ္ဗာန်ကို ရတာပါပဲကွာ၊ ငါတို့ အခုရနေပြီးပဲ၊ ဂေါတမက ငါတို့ ကျင့်စဉ်ကိုမှ စောစောစီးစီး မကျင့်တာ လို့ ပြောလာမှာဆိုးလို့။ အကုန်ကျင့်ရတယ်။ အချိန်ကြာတာ၊ ကျင့်စဉ်ပိုများရတာ၊ ပိုပင်ပန်းရတာ တွေကတော့ အဲဒီ ဘုရားလောင်းရဲ့ ပြန်ပေးဆပ်ရမယ့် ဝဋ် ပေါ်မူတည်တယ်။

(၂) ပထမဆုံးဟောရမယ့် ဓမ္မစကြာတရားတော်မှာ အစွန်းနှစ်ပါးရှောင်ဖို့ အလယ်လမ်းစဉ်ကမှ မှန်ကြောင်း သက်သေပြဖို့ အတွက်လဲ ဒီ ဒုက္ကရစရိယာကျင့်စဉ်တွေကို ကျင့်ပြရပါတယ်။

ဒီတော့ ဘုရားဖြစ်ရန်ကျင့်သောအကျင့် မဟုတ်ဘူးနော်။ ရည်ရွယ်ချက်မတူဘူး။ ဘုရား ဖြစ်ချင်လို့ ကျင့်တဲ့ အကျင့်လို့ ပြောရင်တော့ ရမယ်။

ကိုးကား

  1. ဦးအောင်မွန်။ ဒုက္ကရစရိယာ၊ ဉာဏ်လင်း ဓမ္မစာပဒေသာ၊ ၁၉၈၄-ခု၊ မေလ၊ စာ-၁၁၈


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.