ဝိပဿနာ
ဝိပဿနာ ဆိုသည်မှာ အရှိကိုအရှိအတိုင်း မှန်ကန်စွာသိမြင်ခြင်းဟု အဓိပ္ပါယ်ရရှိသည်။
ဘာသာတရား | |
သမိုင်း | |
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ | |
ဘုရားများ | |
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား၊ | |
ဆရာ (အစရိယ) | |
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (ရဟန်းမိန်းမ) | |
လက္ခဏာရေးသုံးပါး | |
အနိစ္စ - အနတ္တ - ဒုက္ခ | |
ရတနာသုံးပါး | |
ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ | |
အယူဝါဒ | |
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ | |
တိပိဋကနှင့်ကျမ်းစာများ | |
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်) | |
အဆင့်များ | |
ပုထုဇဉ်၊ ကိုရင်၊ ရဟန်း၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ၊ ဧတဒဂ်၊ ဘုရား၊ နိဗ္ဗာန် | |
ကျင့်စဉ်များ | |
သမထ၊ ဝိပဿနာ၊ သတိပဋ္ဌာန်၊ ဓုတင်၊ ကမ္မဋ္ဌာန်း၊ ဒုက္ကရစရိယာ၊ နိကာယ် ငါးရပ်၊ | |
ဂါထာများ | |
ကျင့်ဝတ်၊ သုတ်တော်၊ ဂုဏ်တော်၊ ဂါထာတော်၊ ဘုရားပင့်၊ ဩကာသ၊ ပုတီးစိပ်နည်း၊ | |
ဂိုဏ်းများ | |
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ | |
နိုင်ငံနှင့်ဒေသများ | |
အာနာပါနကျင့်စဉ်သည် အိန္ဒိယနိုင်ငံရှိ အလွန်ရှေးကျသော တရားကျင့်စဉ်တစ်ခုဖြစ်သည်။ အချိန်ကြာမြင့်စွာက လူပေါင်းများစွာတို့ထံမှ ပျောက်ကွယ်ခဲ့သည်။ ဂေါတမဗုဒ္ဓမြတ်စွာဘုရားသည် ကမ္ဘာပေါ်တွင် ဝိပဿနာ ကျင့်စဉ်ကိုဘီစီ (၅၈၈) လွန်ခဲ့သော နှစ်ပေါင်း၂၆၀ဝ-ကျော်တွင်ပထမဆုံးသော စတင်တွေ့ရှိကျင့်ကြံအားထုတ် ခဲ့ သူဖြစ်သည်။[1] ဝိပဿနာဆိုသည်မှာ အရှိကိုအရှိအတိုင်း မှန်ကန်စွာသိမြင်ခြင်းဟု အဓိပ္ပါယ်ရရှိသည်။ မိမိ၏ခန္ဓာကိုယ်ကို မိမိကိုယ်တိုင်ရှုမှတ်ခြင်းဖြင့် မိမိ၏ မတင့်တယ်သော စိတ်တို့ကို ဖြူစင်စေသော ကျင့်စဉ်ဖြစ်သည်။ မိမိ၏ခန္ဓာကိုယ်ကို မိမိကိုယ်တိုင်ရှုမှတ်ခြင်းဖြင့် မိမိ၏ မတင့်တယ်သော စိတ်တို့ကို ဖြူစင်စေသော ကျင့်စဉ်ဖြစ်သည်။ အသင်သည် ပျံ့လွင့်နေသောစိတ်ကို စုစည်းနိုင်ရန်အတွက် ပုံမှန်အတိုင်း အသက်ရှုမှုကို အာရုံစူးစိုက်ပြီး စတင်ရှုမှတ်လေ့ကျင့်မှု ပြုလုပ်ကြရသည်။ စိတ်သည် တည်ကြည်စူးရှမှုရှိပြီး ခန္ဓာကိုယ်ကို အာရုံစူးစိုက်၍ ရှုမှတ်ခြင်းဖြင့် ရုပ်သည်လည်းကောင်း၊ စိတ်သည်လည်းကောင်း၊ ခဏမစဲ မရပ်မနား ပြောင်းလဲနေကြသောတရား၊ စကြာဝဠာတစ်ခုလုံး၏ သဘာဝဓမ္မ အမှန်တရားကို တွေ့ရှိလာသောအခါ မမြဲခြင်းသဘာဝ(အနိစ္စ)၊ ဆင်းရဲခြင်း(ဒုက္ခ) နှင့် အစိုးမရသော(အနတ္တ) သဘောသဘာဝ အမှန်တို့ကို သိရှိကြသည်။ ဤကဲ့သို့ အမှန်တရား ဓမ္မလက္ခဏာကို ကိုယ်တိုင်ကိုကြ တိုက်ရိုက်သိလာသောအခါ စိတ်အတွင်း၌ မတင့်တယ် မစင်ကြယ်မှုများမှ လွတ်မြောက်၍ စိတ်ကို ဖြူစင်မှု ဖြစ်စေသော တရားကျင့်စဉ်ဖြစ်သည်။
ဝိပဿနာကျင့်စဉ်၏ ရည်မှန်းချက်သည် စိတ်၏ အထွဋ်အထိပ်သို့ရောက်ပြီး၊ သံသရာဝဋ်ဆင်းရဲဒုက္ခအပေါင်းမှ လွတ်မြောက်ခြင်း၊ ပညာ-ဉာဏ်စဉ်အဆုံးတိုင် ပေါက်ရောက်စေရန် ဖြစ်ပေသည်။ ဉာဏ်စဉ် ၁၆ ပါး ရှိသည်။ ကြိုးစားပြီး ဆက်လက်ကျင့်ကြံအားထုတ်ပါလျှင် အားထုတ်သူ၏ နေ့စဉ်ဆင်းရဲ ပင်ပန်းမှုများမှ သက်သာစေပြီး ယခင်အကျင့်ဟောင်းပုံစံများ၏ တည်ငြိမ်မှုမရှိသော တုံ့ပြန်မှုများတို့ဖြင့် နှစ်သက်သာယာဖွယ်၊ မနှစ်သက်သာယာဖွယ် ကိစ္စများ ကြုံရသောအခါ စိတ်ထဲတွင် ထုံးဖွဲ့ချည်နှောင်မှု၊ ဆင်းရဲမှု အစိုင်အခဲများစွာ ဖြစ်ပေါ်ခြင်းတို့မှ ဖြေလျော့ပြီးလျှင် ချမ်းသာမှုများ ဖြစ်လာပါလိမ့်မည်။ ဝိပဿနာကျင့်စဉ်သည် ဗုဒ္ဓမြတ်စွာက သင်ကြားပေးခဲ့သည် မှန်သော်လည်း၊ ဗုဒ္ဓဘာသာဝင်များ အတွက်သာ မဟုတ်ပဲ လူအားလုံးနှင့် သက်ဆိုင်သောကျင့်စဉ် ဖြစ်သည်။ စကြာဝဋ္ဌာရှိ အားလုံးသောလူတို့အတွက် ဝဋ်ဆင်းရဲမှ လွတ်မြောက်စေသော နည်းလမ်းသာဖြစ်သည်။ [2]
ပြင်ပလင့်ခ်များ
- Buddhist Arround the World!
- ဗုဒ္ဓမြတ်စွာဘုရားနှင့် ဗုဒ္ဓဘာသာ Archived 17 October 2012 at the Wayback Machine.
- သိပ္ပံနည်းကျ ဗုဒ္ဓဘာသာ ကမ္မဋ္ဌာန်းစီးဖြန်းခြင်းLearn How to Meditate Part 1 of 5
- သိပ္ပံနည်းကျ ဗုဒ္ဓဘာသာ ကမ္မဋ္ဌာန်းစီးဖြန်းခြင်းLearn How to Meditate Part 2 of 5
- သိပ္ပံနည်းကျ ဗုဒ္ဓဘာသာ ကမ္မဋ္ဌာန်းစီးဖြန်းခြင်းLearn How to Meditate Part 3 of 5
- ဗုဒ္ဓဘာသာ ကမ္မဋ္ဌာန်းစီးဖြန်းခြင်းLearn How to Meditate Part4 of 5
- ဗုဒ္ဓဘာသာ ကမ္မဋ္ဌာန်းစီးဖြန်းခြင်းLearn How to Meditate Part5 of 5
ကိုးကား
- မော်ကွန်းတင်ပြီးမိတ္တူ။ 17 October 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 January 2013 တွင် ပြန်စစ်ပြီး။
- အပြည်ပြည်ဆိုင်ရာဓမ္မဂီရိ ဝိပဿနာအဖွဲ့၏ ဝိပဿနာတရားကျင့်စဉ်နိဒါန်း စာစောင်မှ