ကျင့်ဝတ်

ရဟန်းနဲ့ဒါယကာ၊ တပည့်နဲ့ဆရာ၊ လင်နဲ့မယား၊ မိဘနဲ့ သားသမီးတို့ကြာရှည်တည်မြဲစွာ တန်ဖိုးရှိသော အလုပ်ကိစ္စတစ်ခုခု လက်တွဲခြေပူး အတူတူလျှောက်လှမ်း ဖြတ်သန်းနိင်ရန် ဖော်ရွေမေတ္တာ ကြင်နာမှုတွေ ပျက်ပြယ် မရိုဖရဲဖြစ်မသွားအောင် ကျင့်ဝတ်တရားသည် ရစ်ပတ်တုပ်နှောင်ချည်သည့် ဘုရားပေးခဲ့သော သံမဏိကြိုးဖြစ်သည်။

ဘာသာတရား
ဗုဒ္ဓဘာသာ

သမိုင်း
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ
ဘုရားများ
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား
ဆရာ (အစရိယ)
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (ရဟန်းမိန်းမ)
လက္ခဏာရေးသုံးပါး
အနိစ္စ - အနတ္တ - ဒုက္ခ
ရတနာသုံးပါး

ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ

အယူဝါဒ
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ
တိပိဋကနှင့်ကျမ်းစာများ
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်)
အဆင့်များ
ပုထုဇဉ်ကိုရင်ရဟန်းသောတာပန်သကဒါဂါမ်အနာဂါမ်ရဟန္တာဧတဒဂ်ဘုရားနိဗ္ဗာန်
ကျင့်စဉ်များ
သမထဝိပဿနာသတိပဋ္ဌာန်ဓုတင်ကမ္မဋ္ဌာန်းဒုက္ကရစရိယာနိကာယ် ငါးရပ်
ဂါထာများ
ကျင့်ဝတ်သုတ်တော်ဂုဏ်တော်ဂါထာတော်ဘုရားပင့် ဩကာသပုတီးစိပ်နည်း
ဂိုဏ်းများ
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ
နိုင်ငံနှင့်ဒေသများ

သားသမီးကျင့်ဝတ်၅ပါး

  • မိဘနှစ်ပါးအားလုပ်ကျွေး မွေးမြူရမည်။
  • မိဘတို့၏ အလုပ်အကိုင်အမှုကိစ္စကို ကောင်းစွာ ဆောင်ရွက်စီမံရမည်။
  • မိမိအနွယ်ကို ရှည်မြင့်စွာ တည်အောင် စောင့်ရှောက်ရမည်။
  • မိဘတို့ အမွေအနှစ်ကို ခံယူထိုက်အောင် ကောင်းစွာ ပြုဆောင်ကျင့်ရမည်။
  • မိဘတို့ ကွယ်လွန်ပြီးသောအခါ မိဘတို့အား ရည်ညွန်း၍ လှူဒါန်းပေးကမ်း အမျှပေးဝေရမည်။

မိဘကျင့်ဝတ် ၅ပါး

  • မကောင်းမှုမှ သားသမီးများကို တားမြစ်ခြင်း။
  • သားသမီးတို့ ကောင်းမှုပြုအောင် တိုက်တွန်းခြင်း။
  • သားသမီးတို့ အတတ်ပညာကို သင်ကြားစေခြင်း။
  • လျောက်ပတ်သင့်လျော်သော အချိန်၌ အမွေဥစ္စာ အပ်နှင်းရခြင်း။
  • အရွယ်ရောက် လျောက်ပတ်သော အချိန်၌ ထိမ်းမြားပေးခြင်း။

တပည့်ကျင့်ဝတ် ၅ပါး

  • ပညာသင်ကြားရာ၌ လုံ့လဝီရိယ ညီညာထကြွမှု ရှိခြင်း။
  • ဆရာ့ထံ၌ အမြဲမပြတ် ခစားလုပ်ကျွေးဆည်းကပ်ရခြင်း။
  • ဆရာ၏ဆိုဆုံးမစကားကို ရိုသေစွာ လိုက်နာခံယူခြင်း။
  • ဆရာလာသောအခါ ခရီးဦးကြို အရိုအသေပေးရခြင်း။
  • အတတ်ပညာကို ဂရုတစိုက် တန်ဖိုးထာ၍ ရိုသေစွာ သင်ကြားလေ့ကျင့်ခြင်း။

ဆရာ့ကျင့်ဝတ် ၅ပါး

  • အတတ် ပညာ သင်ကြားပေးရခြင်း။
  • တပည့်တို့ လိမ္မာယဉ်ကျေးအောင် ဆုံးမပဲ့ပြင်ပေးရခြင်း။
  • သင်ပေးရမည့် ပညာကို ခြွင်းမချန်မထားရခြင်း။
  • မိမိတပည့်အပေါ် ကျရောက်မည့် အန္တရာယ် ဘေးရန်အပေါင်းကို တားဆီးကာကွယ်ပေးရခြင်း။
  • မိမိထံ၌ အတတ်ပညာစုံညီပါက သင့်ရာပညာကို သင်ကြားစေရန် အခြားဆရာ့ထံအပ်၍ ရွှေပြောင်းပေးရခြင်း။

မယားကျင့်ဝတ် ၅ပါး

  • အိမ်တွင်းမှု ပြုဖွယ် ကြီးငယ်ကိစ္စမှန်သမျှတို့ကို စေ့ငှစွာ ပြုလုပ်ရခြင်း။
  • လင်ရှာ၍ရသော ပစ္စည်းဥစ္စာများကို ထိန်းသိမ်း စောင့်ရှောက်ရခြင်း။
  • မိမိလင်မှ တပါးယောက်ျားကို မတပ်မက် မနှစ်သက်မကျူးလွန်ပျော်မွေ့ခြင်း။
  • မိမိဆွေမျိုး လင်၏ဆွေမျိုးတို့ကို လျော်သလို ချီးမြောက်ထောက်ပံ့ရခြင်း။
  • အမှုကိစ္စတို့၌ လိမ္မာနားလည် သိမြင်၍ အပျင်းမထူ အိမ်သူပီလှစွာ အိမ်၌နေထိုင်ရခြင်း။

လင်ကျင့်ဝတ် ၅ပါး

  • မိမိမယားအား ချစ်ခင်နှစ်သက်စုံမက်မြတ်နိုးစွာ ကြည်ဖြူသဒ္ဓါရခြင်း။
  • မိမိမယားအပေါ်၌ မထီမဲ့မြင် စိမ်းစိမ်းကားကား ဘာသိဘာသာနှင့် မကျင့်ကြံဘဲ နှစ်သက်စွာ နေထိုင်ရခြင်း။
  • မူး၊ ပဲ၊ ပိုင်ကစ၍ အလုပ်မှ ရသမျှဥစ္စာကို မယားအား အပ်နှင်းရခြင်း။
  • မိမိမယားမှတပါး အခြားသော မိန်းမသားတို့များ၌ မေတ္ဆာတရား မမှား မလိုက်ရခြင်း။
  • မိမိမယားနှင့် သင့်တော်သော အဝတ်တန်ဆာ အစားသောက် တို့ကို ကြည်ဖြူချစ်ခင်စွာ ဆင်ယင်ဝယ်ခြမ်း၍ ပေးရခြင်း။

ကျွန်ကျင့်ဝတ် ၅ပါး

  • အရှင်မထမီ ရှေးဦးစွာ ထရခြင်း။
  • အရှင်အိပ်ပြီးနောက်မှ အိပ်ရခြင်း။
  • အရှင်ပေးမှ ယူရခြင်း။
  • လုပ်ခင်းဆောင်တာဟူသမျှကို စေ့စပ်သေချာစွာ လုပ်ကိုင်ဆောင်ရွက်ရခြင်း။
  • အရှင့်ကျေးဇူးကိုသာ ချီးကျူးပြောဆိုရခြင်း။

အရှင်သခင်ကျင့်ဝတ် ၅ပါး

  • ခွန်းအားအလျောက်သာ ချင့်ချိန်၍ အမှုကိစ္စကို ပြုစေရခြင်း။
  • အခရိက္ခာကို အလုပ်နှင့် သင့်တန်အောင် မှန်ကန်စွာ ပေးကမ်းထောက်မခြင်း။
  • ကျွန်များမကျန်းမမာသောအခါ ပြုစုပေးခြင်း။
  • ထူးဆန်းကောင်းမွန်သော စားဖွယ်သောက်ဖွယ် ရှိလတ်သော် ခွဲဝေပေးခြင်း။
  • အခါအားလျော်စွာ အားလပ်ခွင့်ပေးခြင်း၊ အဝတ်တန်ဆာစသည်ပေးခြင်း။

ဒါယကာကျင့်ဝတ် ၅ပါး

  • ချစ်ကြည်မြတ်နိုးသော မေတ္တာစိတ်ကို အမြဲထားရခြင်း။
  • ဆောင်ရွက်ပြုလုပ်ရမည့် ဝတ်ကြီး ဝတ်ငယ်တို့ကို အစဉ်မပြတ် ပြုလုပ်ပေးရခြင်း။
  • ရဟန်းတို့နှင့်တွေ့သောအခါ ခင်မင်ချိုသာစွာနှင့် ကျန်းမာ ချမ်းသာကြောင်းစသော သာရဏီယကထာ စကားတို့ကို ပြောကြားနှုတ်ဆက်ရခြင်း။
  • ပစ္စည်းလေးပါးနဲ့ ရဟန်းတို့လိုသမျှ တောင်းယူနိင်အောင် ဝိနည်းကံအားလျော်စွာ ဖိတ်ကြား၍ထားရခြင်း။
  • ထိုသို့ပစ္စည်းလေးပါး ဒါယကာဖြစ်သည်နှင့်အညီ မိမိတတ်အားသမျှကိုပေးလှူ ပူဇော်ရခြင်း။

ရဟန်းကျင့်ဝတ် ၆ပါး

  • မကောင်းသော ကာယကံမှု၊ ဝစီကံမှု၊ မနောကံမှုတို့ကို မပြုလုပ် မကြံစည်အောင် တားဆီးပိတ်ပေးရခြင်း။
  • ကောင်းသောအမှုအရာနှင့် သုစရိုက်မှုတို့ကို ပြုလုပ် ကျင့်ကြံနိင်ရန် ညွှန်းလှစ်၍ ပြရခြင်း။
  • အသစ်အသစ်ဖြစ်သော တရားတို့ကို ဟောကြားရခြင်း။
  • နာကြားဖူးပြီးသော တရားတို့ကို တဖန်ထပ်မံ၍ သိနိင်ရန် မမေ့နိင်ရန်အတွက် ဟောကြာ၍ပေးရခြင်း။
  • နတ်ရွာ နိဗ္ဗာန် ရောက်ကြောင်းလမ်းကို ညွန်ကြားခြင်း။
  • မိမိအပေါ်၌ အကျိုးကျေးဇူးများသော ဒါယိကာ ဒါယိကာမ တို့ကို အကျိုးကျေးဇူးများသလို မေတ္တာတရား ပွားများပေးရခြင်း။

မိတ်ဆွေဝတ္တရား ၅ပါး

  • အချင်းချင်း ပေးကမ်းချီးမြှင့်ခြင်း။
  • စိတ်ရော ကိုယ်ပါ တန်းတူရည်တူ ဆက်ဆံခြင်း။
  • အချင်းချင်း အကျိုးစီးပွားဖြစ်ထွန်းအောင် ဆောင်ရွက်ပေးခြင်း။
  • ယဉ်ကျေးချိုသာ ချစ်ဖွယ်သော စကားကိုပြောဆိုခြင်း။
  • အချင်းချင်း မချွတ်မယွင်း မှန်ကန်တည့်မတ်ခြင်း။
  • တုံ့လှည့်ဥပကာပြု မိတ်ဆွေဝတ္တရား ၅ပါး
  • မေ့လျော့သောအခါ စောင့်ရှောက်တတ်ခြင်း။
  • မိတ်ဆွေ၏ ပစ္စည်းဥစ္စာကို စောင့်ရှောက်ခြင်း။
  • ကြောက်လန့်ဖွယ်ဖြစ်သောအခါ တစ်ယောက်အချင်းချင်း အားထားမှီခိုရာ ဖြစ်ခြင်း။
  • ဘေးအန္တရာယ်နှင့် တွေ့ကြုံသောအခါ စွန့်ပစ်မသွားပဲ အေးအတူအပူမျှ အတူတကွ ရပ်တည်းပေးခြင်း။
  • မိတ်ဆွေ၏ သား မြေ မြစ် အစဉ်အဆက် မိတ်ဆွေမပျက်စေခြင်း။

နာယကဂုဏ် လူကြီးကျင့်ဝတ် ၆ပါး

ခမဇာဂရိယဥဋ္ဌာနသံဝိဘာဂဒယာဣက္ခနာ
သည်းခံခြင်းခေါ် ခန္တီတရားများ ထားရှိခြင်း။အစစအရာရာမှာ သတိထပ်ကြပ်ပါခြင်း၊ နိုးကြားခြင်း။ငယ်သားတို့ထက် ဆထက်များစွာ လွန်သာသော လုံ့လရှိခြင်း။လျောက်ပတ် လျော်ကန် တော်တန်သလို ခွဲစိတ် ချီးမြှောက်ထောက်ပံ့ရခြင်း။သူတပါးအား ကိုယ်နှင့်မခြား သနားကြင်နာရခြင်း။အလုံးစုံသောအခွင့်ရေးကို တွေးတောမြော်မြင် ဆင်ခြင်ဉာဏ်နှင့် ပြည့်စုံရခြင်း၊ စုံစမ်းခြင်း။

နာယကပုဂ္ဂိုလ်တို့၏ အသိဉာဏ် ၅ပါး

အတ္ထညူဓမ္မညူမတ္တညူကာလညူပရိသညူ
ကျိုးစီပွား ရှိ၊ မဲ့ ကိုသိရမည်။တရားကောင်းနှင့် ညီ၊ မညီကို သိရမည်။သွားလာ စားသောက် လုပ်ဖော်ကိုင်ဘက် ကိစ္စဟူသမျှကို အတိုင်းအရှည် သိရမည်။ကိစ္စမှန်သမျှ အချိန် သင့်၊ မသင့်ကို သိရမည်။ပရိသတ်နောက်လိုက် လူထုတို့၏ စိတ်ထားကို သိရမည်။

မင်းကျင့်ဝတ် ၁၀ပါး

ဒါနသီလပရိစာဂမုဒုကဥပေါသထအက္ကောဓအဝိရောဓအဟိဟိံသနခန္တီသမ္မာပဋိပန္န
အလှုပေးခြင်း။ငါးပါးသီလ ဆယ်ပါးသီလကို ဆောက်တည်ရခြင်း။ပေးကမ်းချီးမြင့် စွန့်ကြဲရခြင်း။ကိုယ် နှုတ် နူးညံသိမ်မွေးရခြင်း။အဋ္ဌင်္ဂသီလ စောင့်သုံးရခြင်း။အမျက်မထွက်ရခြင်း။ရဟန်း ရှင် လူ ပြည်သူတို့နှင့် မဆန့်ကျင်ရခြင်း။ပြည်သူလူထုတို့ကို အခွန်အတုတ် အမျိုးမျိုးတို့ဖြင့် မညှင်းဆဲရခြင်း။သည်းခံရခြင်း။ဖြောင့်မတ် မှန်ကန်စွာ ကျင့်ရခြင်း။


စောဒကကျင့်ဝတ် ၅ပါး

ကာလေနဘူတေနသဏှေနအတ္တသံဟိတမေတ္တာစိတ္တ
သင့်လျော်သော ကာလ၌သာ ပြောဆိုရခြင်း။ဟုတ်မှန်သော စကားဖြင့်သာ ပြောဆိုရခြင်း။နူးညံ့သိမ်မွေ့သော စကားဖြင့်သာ ပြောဆိုရခြင်း။အကျိုးနှင့်စပ်သော စကားဖြင့်သာ ပြောဆိုရခြင်း။မေတ္တာစိတ်ဖြင့်သာ ပြောဆိုရခြင်း။[1]

ကိုးကား

အနာဂတ် သားငယ်သမီးငယ်များအတွက် ဗုဒ္ဓဓမ္မယဉ်ကျေးမှု သိစေလိုသော ရည်ရွယ်ချက်ဖြစ်ရေးသားခြင်းဖြစ်ပါသည်။

  1. ယဉ်ကျေးလိမ္မာဓမ္မစာပေ ဟံဂံရာမညမြေ၂၀၁၅
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.