အနာဂါမ်

အနာဂါမ်ဟူသည် တတိယမဂ်ဉာဏ်ရသော ပုဂ္ဂိုလ်ကို ခေါ်ဆိုသည်။ [1] အနာဂါမ်သည် အနာဂါမိမဂ်ကို ရသောသူ ဖြစ်သည်။ အနာဂါမ်တို့သည် ဗြဟ္မာဖြစ်ချင်သည့် တပ်မက်မှုသာ ရှိပြီး အခြားမည်သည့်တပ်မက်မှုမှ မရှိတော့ပေ။ သေလွန်သည့်အခါ ဗြဟ္မာဖြစ်ရပြီး ဗြဟ္မာအဖြစ်နှင့်ပင် ရဟန္တာဖြစ်ကာ နိဗ္ဗာန် ရောက်သည်။[2]

အနာဂါမ် (၅) မျိုး

အနာဂါမ်ပုဂ္ဂိုလ်သည် ဤဘဝ၌ ရဟန္တာဖြစ်၍ ငြိမ်းသောပုဂ္ဂိုလ်၊ ဗြဟ္မာ့ပြည်သို့ သွားရသောပုဂ္ဂိုလ်ဟူ၍ (၂) မျိုး ရှိ၏။

သုဒ္ဓါဝါသဘုံ၌ အန္တရာပရိနိဗ္ဗာယီ၊ ဥပဟစ္စ ပရိနိဗ္ဗာယီ၊ သသင်္ခါရပရိနိဗ္ဗာယီ၊ အသင်္ခါရပရိနိဗ္ဗာယီ၊ ဥဒ္ဓံသောတအကနိဋ္ဌဂါမိ ဟူ၍ (၅) မျိုး ရှိသည်။[3]

အရဟတ္တမဂ်သို့ ရောက်ပုံ

အနာဂါမ်ပုဂ္ဂိုလ်သည် ဝိပဿနာဉာဏ်ဆယ်တန်ကို အားထုတ်ပြန်သည်ရှိသော် အရဟတ္တမဂ်သို့ ရောက်၏။ ကိလေသာဓာတ်စု အကုန်သေ၏၊ ဘဝပဋိသန္ဓေမရှိတော့ပြီ။ ပစ္စဝေက္ခဏာဝီထိမှာ ကြွင်းကိလေသာကို ဆင်ခြင်သော ပဉ္စမဝီထိ မရပြီ။ (၄) ဝီထိသာ ရှိတော့သည်။[3]

ကိုးကား

  1. ဦးကံညွန့်၏ နိဗ္ဗာန်အကြောင်း သိမှတ်ဘွယ်ရာ(၂၀၀၀-ပြည့်နှစ်၊ ဇူလိုင်လ)
  2. ဦးနု။ ငရဲဆို ချိုနဲ့လားဗျို့
  3. လယ်တီဆရာတော်။ ပရမတ္ထသံခိပ် အဖြေကျမ်း

ဘာသာတရား
ဗုဒ္ဓဘာသာ

သမိုင်း
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ
ဘုရားများ
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား
ဆရာ (အစရိယ)
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (ရဟန်းမိန်းမ)
လက္ခဏာရေးသုံးပါး
အနိစ္စ - အနတ္တ - ဒုက္ခ
ရတနာသုံးပါး

ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ

အယူဝါဒ
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ
တိပိဋကနှင့်ကျမ်းစာများ
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်)
အဆင့်များ
ပုထုဇဉ်ကိုရင်ရဟန်းသောတာပန်သကဒါဂါမ်အနာဂါမ်ရဟန္တာဧတဒဂ်ဘုရားနိဗ္ဗာန်
ကျင့်စဉ်များ
သမထဝိပဿနာသတိပဋ္ဌာန်ဓုတင်ကမ္မဋ္ဌာန်းဒုက္ကရစရိယာနိကာယ် ငါးရပ်
ဂါထာများ
ကျင့်ဝတ်သုတ်တော်ဂုဏ်တော်ဂါထာတော်ဘုရားပင့် ဩကာသပုတီးစိပ်နည်း
ဂိုဏ်းများ
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ
နိုင်ငံနှင့်ဒေသများ
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.