ပုတီးစိပ်နည်း
ဂုဏ်တော် ပုတီးစိပ်နည်းများနှင့် အခြားပုတီးစိပ်နည်းများသည် စိတ်၏ တည်ငြိမ်ရင့်ကျက်မှုဖြစ်သည့် သမာဓိရရှိရေးအတွက် လက်တွေ့အားထုတ်နိင်ရန် စီစဉ်ညွှန်ပြသော ကျမ်းငယ်မျှဖြစ်သည်။ ဤကျမ်းငယ်တွင် ဗုဒ္ဓဂုဏ်တော်များကို အနည်းနည်းအဖုံဖုံ၊ ပုံစံအမျိုးမျိုးဖွဲ့၍ ပွားရမည့်ပုတီးစိတ်နည်းများကို အဓိကဖော်ပြထားပြီး သမာဓိထူထောင်ရာ၌ အကောင်းဆုံးဖြစ်သည်။
ဘာသာတရား | |
သမိုင်း | |
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ | |
ဘုရားများ | |
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား၊ | |
ဆရာ (အစရိယ) | |
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (ရဟန်းမိန်းမ) | |
လက္ခဏာရေးသုံးပါး | |
အနိစ္စ - အနတ္တ - ဒုက္ခ | |
ရတနာသုံးပါး | |
ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ | |
အယူဝါဒ | |
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ | |
တိပိဋကနှင့်ကျမ်းစာများ | |
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်) | |
အဆင့်များ | |
ပုထုဇဉ်၊ ကိုရင်၊ ရဟန်း၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ၊ ဧတဒဂ်၊ ဘုရား၊ နိဗ္ဗာန် | |
ကျင့်စဉ်များ | |
သမထ၊ ဝိပဿနာ၊ သတိပဋ္ဌာန်၊ ဓုတင်၊ ကမ္မဋ္ဌာန်း၊ ဒုက္ကရစရိယာ၊ နိကာယ် ငါးရပ်၊ | |
ဂါထာများ | |
ကျင့်ဝတ်၊ သုတ်တော်၊ ဂုဏ်တော်၊ ဂါထာတော်၊ ဘုရားပင့်၊ ဩကာသ၊ ပုတီးစိပ်နည်း၊ | |
ဂိုဏ်းများ | |
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ | |
နိုင်ငံနှင့်ဒေသများ | |
သမာဓိစခန်း
သမာဓိဆိုသည်မှာ အာရုံတခုတည်း စိတ်၏တည်ငြိမ်ရင့်ကျက်ပင်ဖြစ်သည်။ ထို့ကြောင့် သမာဓိထူထောင်ခြင်း အလုပ်သည် အာရုံတစ်ခုတည်း စိတ်၏ တည်ငြိမ်ရင့်ကျက်မှုရရန် ကြိုးပမ်းလုပ်ဆောင်ရသည့်အလုပ်ဖြစ်ပေသည်။ သမာဓိရရှိရေးသည် ရည်ရွယ်ဦးတည်ချက်ဖြစ်၍ ထူထောင်လုပ်ဆောင်ရသော အလုပ်သည် လက်တွေ့ လုပ်ဆောင်ချက် ဖြစ်သည်။ သို့ဖြစ်ရာဦးတည်ချက်နှင့် လုပ်ဆောင်ချက်တိုသည်သဟဇာတဖြစ်ရန် လိုအပ်လှပေသည်။ သမာဓိ ရရှိမှုသည် အကျိုးတရားဖြစ်၍ ထူထောင်ရေး ဆောင်ရွက်ချက်သည် အကြောင်း တရားဖြစ်သည်။ မှန်ကန်သော အကျိုးတရား ဖြစ်စေရန် မှန်ကန်သော အကြောင်းတရားဖြစ်ဖို့လိုပေသည်။ သို့ဖြစ်၍ သမာဓိဟူသော စိတ်၏ တည်ငြိမ်ရင့်ကျက်မှုအကျိုးတရားရရှိရန် အကြောင်းတရားဖြစ်သော အလုပ်ကျင့်စဉ်သည် စနစ်တကျဖြစ်ဖို့နှင့် နည်းလမ်းမှန်ကန်ဖို့အဓိက လိုအပ်လှပေသည်။ [1]
သမာဓိ၏စွမ်းအင်
သာမန်လူတိုင်း၏စိတ်သည် ပျံ့လွင့်သည့်သဘော၊ မတည်ငြိမ်သည့်သဘော၊ များပြားလှသည့်အာရုံတို့ ဆွဲငင်ရာနောက်သို့ ကောက်ကောက်ပါအောင်လိုက်တတ်သည့်သဘောရှိ၏။ ဥပမာ နှိုင်းရလျှင် သာမန်လူတို့၏စိတ်သည် နွားရိုင်းနှင့်အလား သဏ္ဌာန်တူသည်။ နွားရိုင်းသည် အထိန်းအချုပ်မရှိသောကြောင့် ဝင်ချင်ရာဝင်၊ ထွက်ချင်ရာထွက်၊ သွားချင်ရာသွား စိုင်းချင်ရာစိုင်း ပြုမူတတ်သည်။ ထိုနည်းတူစွာ သာမန်လူတို့၏စိတ်သည်လည်း အထိန်းအကွပ်မရှိသည့်အလျောက် အမျိုးမျိုးသောအာရုံတို့၏ဆွဲရာနောက်သိုလိုက်ပါလျက် တောင်ရောက်၊ မြောက်ရောက် တွေးချင်ရာတွေး စဉ်းစားချင်ရာ စဉ်းစား၊ တည်ငြိမ်မူမရှိဘဲ အစဉ်လှုပ်ရှား ပြောင်းလဲနေတတ်ပေသည်။ နွားရိုင်းကို ချည်တိုင်တစ်တိုင်တွင် ကြိုးနှင့် ချည်နှောင်ထားမှသာ စိတ်ထင်ရာသို့မသွားဘဲ ချည်တိုင်တွင် မြဲသကဲ့သို့ သာမန်လူတို့၏စိတ်ကိုလည်း ချည်တိုင်နှင့်ပမာတူသည့် တစ်ခုတည်းသော အရုံတွင် တသမတ်တည်းစူးစိုက်ဝင်စား ထိန်းချုပ်ထားနိင်မှသာ ပျံ့လွင့်မှုလျော့ပါး၍ တည်တံ့လာနိင်ပေသည်။ စိတ်ကို တည်တံ့ငြိမ်သက်နေစေရန် ထိန်းချုပ်သော လုပ်ငန်းစဉ်မြောက်မြားများလှစွာရှိသည်။ နည်းလမ်းများလည်း စုံလှသည်၊ မည်သည့်လုပ်ငန်း၊ နည်းလမ်းမျိုးစုံဖြစ်စေ စိတ်ကိုတည်ငြိမ်ရင့်ကျက်လာစေပါက ထိုစိတ်သည်သာမန်လူတို့၏ စိတ်မျိုးမဟုတ်တော့ပေ။ တည်ငြိမ်ရင့်ကျက်သောစိတ်တွင် သတ္တိထူးရှိသည်။ ထိုသတ္တိထူးကို တန်ခိုးဟုခေါ်လိုကခေါ်နိင်ပေသည်။ သို့ရာတွင် တန်ခိုးဣဒ္ဓိပါဒ်ကဲ့သို့သော တန်ခိုးကား မဟုတ်ပေ။ အနောက်နိင်ငံများတွင် ဖန်လုံးကိုကြည့်၍ သမာဓိထူထောင်ခြင်း၊ ဖန်ခွက်ကိုကြည်၍ သမာဓိထူထောင်ခြင်း၊ စက်ဝိုင်းကိုကြည့်၍ သမာဓိထူထောင်ခြင်းစသည်ဖြင့် သမာဓိထူထောင်သည့် နည်းအမျိုးမျိုးရှိကြသည်။ အရှေ့တိုင်း နိုင်ငံများတွင်လည်း ကသိုဏ်းနည်းများ၊ ယောဂနည်းများ၊ သမထနည်းများဖြင့် သမာဓိထူထောင်ကြသည်။ မည်သည့်နည်းပင်ဖြစ်စေ စနစ်တကျနှင့် မှန်ကန်စွာ ကြိုးစားလေ့ကျင့်ခဲ့လျင် သမာဓိရလာစမြဲဖြစ်သည်။ သမာဓိရလာလျှင် စိတ်တွင်ထူးခြားသောသတ္တိများ ကိန်းအောင်းလာတော့သည်။ သမာဓိရရန် လုပ်သော အလုပ်သည် ကောင်းမွန်မြင့်မြတ်သော အကျင့်သီလ၊ ထက်မြက်သော ပညာတို့အပေါ် တွင် အခြေခံခဲ့ပါမူမြင့်မြတ်ထက်မြက်သည့် သမာဓိထူးကို ရရှိစေမည် ဖြစ်ပေသည်။ သာမန်လူတို့၏စိတ်သည် တည်ငြိမ်မှမရှိပျံ့လွင့်မှုများလွန်း လှသည်။ ထို့ကြောင့် သာမန်လူတို့၏စိတ်တွင် သတ္တိထူး မကိန်းအောင်းနိုင်။ သာမန်လူတစ်ဦးသည် သမာဓိဖြစ်စေမည့် လုပ်ငန်းတစ်ရပ်ရပ်ကို အားထုတ်လေ့ကျင့်ရ၍ အထိုက်အလျောက် သမာဓိရလာပြီဆိုပါအံ။ ထိုသူ၏စိတ်တွင်သတ္တိထူး ဝင်ရောက်လာပြီဟု ဆိုရမည်ဖြစ်သည်။ သမာဓိအား အလွန်ကောင်းလာပြီဆိုလျင် စိတ်၏သတ္တိလည်း အလွန်အားကြီးလာပြီဟု ဆိုရမည် ဖြစ်ပေသည်။
သမထဘာဝနာနှင့် သမာဓိ
သမထ ဆိုသည်မှာ နီဝရဏ တရားတို့ကို ငြိမ်းအေးစေမည့်အကျိုးတရား အတွက် အားထုတ်မှု အလုပ်ပင်ဖြစ်သည်။ နီ၀ရဏတရားဆိုရာ၌ ဈာန် ဆန့်ကျင်ဘက် ဖြစ်သည့်ကာမစ္ဆန္ဒ၊ ဗျာပါဒ၊ ထိနမိဒ္ဓ၊ ကုက္ကုစ္စနှင့် ဝိစိကိစ္ဆာတို့ပင်ဖြစ်သည်။ ဘာဝနာ ဆိုသည်ကား ပွားများအားထုတ်မှုဟူသော အဓိပ္ပာယ်ရှိသည်။ ထို့ကြောင့် သမထဘာဝနာ၏အဓိပ္ပာယ်မှာ နီဝရဏတရားတို့ကို ငြိမ်းအေးစေတတ်သော စိတ်၏အလုပ်ကို ပွားများအားထုတ်မှုပင်ဖြစ်သည်။ ထို့ကြောင့် သမထဘာဝနာသည် စိတ်၏ပျံ့လွင့်မှုကို ထိန်းကွပ်သော အလုပ်ဖြစ်ရာ သမာဓိထူထောင်ရေး အလုပ်ပင်ဖြစ်သည်။ တစ်ခုတည်းသောစိတ်အာရုံတွင် တသမတ်တည်းစူးစိုက်ဝင်စားရသော အလုပ်တို့၌ သမထဘာဝနာအလုပ်သည် သီလနှင့် ပညာကိုပေါင်းစပ်အခြေခံနေသောကြောင့် ရှိသည့် သမာဓိသည် မွန်မြတ်ထက်မြတ်သော အဆင့်မြင့်သမာဓိမျိုးဖြစ်ပေသည်။