ဗုဒ္ဓ

ဗုဒ္ဓ
အိန္ဒိယနိုင်ငံ၊ ဥတ္တရပဒေသပြည်နယ် မိဂဒါဝုန်ရှိ ဗုဒ္ဓရုပ်တု (၄ ရာစုခေတ်လက်ရာ)
ဘာသာဗုဒ္ဓဘာသာ
ကျော်ကြားမှုဗုဒ္ဓဘာသာ တည်ထောင်သူ
အခြားအမည်များဗုဒ္ဓ
ပုဂ္ဂိုလ်ရေးရာ
မွေးဖွားဘီစီ ၅၆၃ သို့ ၄၈၀[1][2]
လုမ္ဗိနီသက္ကတိုင်း
ကွယ်လွန်ဘီစီ ၄၈၃ သို့ ၄၀၀ (သက်တော် ၈၀)
ကုသိနာရုံပြည်မလ္လတိုင်း
အိမ်ထောင်ဖက်ယသောဓရာ
သားသမီး
မိဘ
ရာထူး တာဝန်
ယခင်ကဿပဘုရား
ဆက်ခံမေတ္တေယျဘုရား

ဗုဒ္ဓဟူသော စကားလုံးအပေါ် အဓိပ္ပာယ်ဖွင့်ဆိုချက်

ဘာသာတရား
ဗုဒ္ဓဘာသာ

သမိုင်း
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ
ဘုရားများ
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား
ဆရာ (အစရိယ)
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (ရဟန်းမိန်းမ)
လက္ခဏာရေးသုံးပါး
အနိစ္စ - အနတ္တ - ဒုက္ခ
ရတနာသုံးပါး

ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ

အယူဝါဒ
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ
တိပိဋကနှင့်ကျမ်းစာများ
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်)
အဆင့်များ
ပုထုဇဉ်ကိုရင်ရဟန်းသောတာပန်သကဒါဂါမ်အနာဂါမ်ရဟန္တာဧတဒဂ်ဘုရားနိဗ္ဗာန်
ကျင့်စဉ်များ
သမထဝိပဿနာသတိပဋ္ဌာန်ဓုတင်ကမ္မဋ္ဌာန်းဒုက္ကရစရိယာနိကာယ် ငါးရပ်
ဂါထာများ
ကျင့်ဝတ်သုတ်တော်ဂုဏ်တော်ဂါထာတော်ဘုရားပင့် ဩကာသပုတီးစိပ်နည်း
ဂိုဏ်းများ
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ
နိုင်ငံနှင့်ဒေသများ

သိဒ္ဓတ္ထ ဂေါတမ (သက္ကတ- सिद्धार्थ गौतम; ပါဠိ: सिद्धाथ गोतम Siddhārtha Gautama) သည် တရားဓမ္မ တို့ကိုဟောကြားခဲ့သော ကြီးမြတ်သော လူသား အတွေးအခေါ် ပညာရှိ တဦး (Almighty Buddha)(Supreme Buddha) ဖြစ်သည်။ " ဗုဒ္ဓ" အဓိပ္ပာယ်သည် "နိုးကြားလာသောတစ်ဦး" သို့မဟုတ် "ဉာဏ်အလင်းရသောတစ်ဦး" ဖြစ်သည်။ ခရစ်သက္ကရာဇ် ဘီစီ ၆၂၃ တွင်မြတ်ဗုဒ္ဓ ကိုဖွားမြင်တော်မူခဲ့သည်။ [3] [4] [5] သမိုင်းပညာရှင်များသည် သူ၏ မွေးဖွားချိန်အားဘီစီ ၆၂၃ သက်တမ်းသတ်မှတ်ကြသည်။ ဘီစီ ၅၉၄ အထိ မဟာလူသားတစ်ဦး ဖြစ်ခဲ့သည်။ ဘီစီ ၅၉၄ (သက်တော် ၂၉နှစ်) မှစပြီး တရားကျင့်ကြံအားထုတ် ခဲ့သဖြင့် ဘီစီ ၅၈၈ (သက်တော် ၃၅နှစ်) တွင် ဉာဏ်အလင်းရသောတစ်ဦး ဖြစ်ခဲ့၏။ [6] [7] ဂေါတမဗုဒ္ဓ သည် အာနာပါန တရားရှုမှတ်ခြင်း ၊ ဝိပဿနာ ကျင့်စဉ်၊ စာရိတ္တကျင့်ဝတ်၊ မြတ်သောအကျင့်သီလ၊ မေတ္တာ ကမ္မဋ္ဌာန်းစီးဖြန်းခြင်းဗောဇ္ဈင် ၇ ပါး ၊ . သတိပဋ္ဌာန် (၄) ပါး ချစ်ခင်ကြင်နာခြင်း နှင့် သည်းခံခြင်း ကို ကျင့်ကြံအားထုတ် ခဲ့သော လူသားတဦး ဖြစ်သည်။[8][9] [10][11][12][13][14] လူတိုင်းသည် ကောင်းစွာဖြောင့်မှန်စွာကျင့်ကြံအားထုတ်ပါက လူတိုင်းသည် ဗုဒ္ဓဖြစ် လာနိုင်၏။ မည်သည့်သာသနာကို ယုံကြည်သူ လိုက်နာသူမဆို သူလို တရားအားထုတ်ပါက ဗုဒ္ဓဖြစ်လာနိုင်၏။

လူ့သမိုင်းတွင် ဩဇာအကြီးမားဆုံးသောအမြင့်မြတ်ဆုံးသော၊ထိပ်ဆုံး အဓိကပုဂ္ဂိုလ်

ဗုဒ္ဓဂေါတမ သည် ဟိန္ဒူဗိဿနိုးဘုရား ဝင်စားသူဟု ဟိန္ဒူဘာသာ ဝင်တို့က ယုံကြည်ကြသည်။ ဟိန္ဒူဘာသာ စသော အခြားသော ဘာသာအယူဝါဒများ၊ ဖန်ဆင်းရှင်ဘုရားသခင် တည်ရှိမှုကို အယုံအကြည်မရှိသူ ဘာသာမဲ့ဆိုသူများကပင် ဂေါတမဗုဒ္ဓကို တနည်းမဟုတ်တနည်းဖြင့် ကြည်ညိုလေးစားကြသည်။ ဂေါတမဗုဒ္ဓသည် လူ့သမိုင်းတွင် အကြီးမားဆုံးသောအမြင့်မြတ်ဆုံးသော၊ ထိပ်ဆုံးအဓိကပုဂ္ဂိုလ်တဦးဖြစ်ခဲ့၏။ [15][16] ဂေါတမ အား ဘိုးတော် အဉ္စနမင်း ဖြိုကြွင်းသက္ကရာဇ် ၆၈ ခု ကဆုန် လပြည့် သောကြာနေ့ ဘီစီ ၆၂၃တွင် နီပေါနိုင်ငံ လုမ္ဗိနီဥယျာဉ်တော် အတွင်းရှိ အင်ကြင်းပင် sal tree အောက်တွင် ဖွားမြင်တော်မူသည်။ ဌာနကား နီပေါနိုင်ငံ ကပိလဝတ် နေပြည်တော်၊ ခမည်းတော်ကား သုဒ္ဓေါဒနမင်းကြီး၊ မယ်တော်ကား မယ်တော်မာယာ(သိရီမဟာမာယာဒေဝီ) မိဖုရားကြီး၊ အမည်တော်ကား သိဒ္ဓတ္တမင်းသား ဖြစ်လေသည်။ သက္က((Shakya)) သာကီဝင်ဖြစ်သည်။ ဖခင်သုဒ္ဓေါဒနမင်းကြီး မှာနီပေါနိုင်ငံ သက္ကတိုင်း ကပိလဝတ်ပြည်ကြီးကို စိုးအုပ်ပိုင်သသော ကပိလဝတ် ဘုရင်ဖြစ်သည်။ ထိုနေရာဒေသအား ကျမ်းစာများတွင် ကပိလဝတ် (Kapilavastu) ဟုခေါ်သည်။

သိဒ္ဓတ္ထမင်းသား၏ မယ်တော် မဟာမာယာ သည်လည်း ကောလိယမျိုးနွယ်စု အကြီးအကဲတစ်ဦး၏ သမီးဖြစ်ပါသည်။ မယ်တော်မဟာမာယာသည် သိဒ္ဓတ္ထမင်းသားအား ဘီစီ ၆၂၃ လုမ္ဗိနီဥယျာဉ်တော်အတွင်းရှိ အင်ကြင်းပင်တစ်ပင်အောက်တွင် မွေးဖွားတော်မူခဲ့သည်။ ဘုရားလောင်း သိဒ္ဓတ္ထမင်းသား သည် ဖွားတော်မူပြီးနောက် အရှေ့အရပ်မှ မြောက်သို့ လှည့်တော်မူလျက် ခုနစ်ဖဝါးသွား၍ မတ်မတ်ရပ်တော်မူပြီးသော်-(The first miracle of Buddha)

အဂ္ဂေါဟမသ္မိလောကဿ
ဇေဋ္ဌောဟမသ္မိလောကဿ
သေဋ္ဌောဟမသ္မိလောကဿ
ဟူသော သုံးခွန်းစကား ဆိုတော်မူသည်။

("I am chief of the world, Eldest am I in the world, Foremost am I in the world. This is the last birth. There is now no more coming to be." ) [17]

ဘုရားလောင်း သိဒ္ဓတ္ထမင်းသား(ဂေါတမဗုဒ္ဓ ) က လောကသုံးပါး ရှိ⁠ရှိသမျှ လူ၊ နတ်၊ ဗြဟ္မာအားလုံးတွင် ငါသည် ဩဇာအကြီးမားဆုံး အမြင့်မြတ်ဆုံး သဗ္ဗေညုတ ဉာဏ်တော်ရှင် ဖြစ်သည် ..ငါသည်အဓိကထိပ်ဆုံး ဖြစ်သည် [18][19] (I am the supreme Saint , the Perfect One, the supreme Buddha.)..ဟု မိန့်ဆိုတော်မူခဲ့သည်။ ဗုဒ္ဓ မြတ်စွာဘုရား၏ ဂုဏ်တော်(၉)ပါး တွင် သတ္ထာဒေဝ မနုဿာနံ--- နတ် လူ ဗြဟ္မာ သတ္တဝါအားလုံးတို့၏ ဆရာသခင် ဖြစ်သည် (Buddha was the Teacher of the humans)...ဟု ဂုဏ်တော် ပါရှိခဲ့သည်။ မိန့်ဆိုတော်မူခဲ့သည်။[20][21] ငါသည် ဖန်ဆင်းရှင်ထာ၀ရဘုရား God ဖြစ်သည် ဟု မိန့်ဆိုတော်မမူခဲ့ပါ ။ နတ်- လူ- ဗြဟ္မာ-သတ္တဝါ-အားလုံးတို့၏ အမြင့်မြတ်ဆုံးဆရာသခင် ဖြစ်သည်....(He was a teacher of humans (Satthadevamanusssanam) ..ဟု မိန့်ဆိုတော်မူခဲ့သည်။ [22]

ဂေါတမဗုဒ္ဓ (Gautama Buddha BC 623-BC 543)

ဘုရားနှင့် ပတ်သက်၍ ဘာသာတရားအမျိုးမျိုးမှ အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုကြပြီး ဖန်ဆင်းရှင်ကို ယုံကြည်သူများ ရှိသကဲ့သို ဖန်ဆင်းရှင်ကို မယုံကြည်သူများလည်း ရှိသည်။ ဗုဒ္ဓ သည် “ဖန်ဆင်းရှင် ထာ၀ရဘုရားမရှိ” ဟု အတိအလင်းငြင်းဆို ခြင်းမရှိ ဆို၏ ။ အမျိုးဇာတ် အနိမ့်အမြင့် ခွဲခြားသည့်ဝါဒကို အတိအလင်းရှုတ်ချ၏။ ဧဟိပဿိက ဂုဏ်တော်" ehipassiko" တွင် လာပါ၊ ကျင့်စမ်းပါ ဟု အတိအလင်းဆို၏။ (The Dharma of the Buddha is not a religion of blind faith)[23] ဗုဒ္ဓတရားတခုတွင် သက်ရှိသတ္တဝါတို့၏ အသက်ကိုမသတ်ရလို ဟောကြားခဲ့၏။ လူများကိုသာမက သတ္တဝါအပေါင်းအားသနားကြင်နာသည်။ (ပါဏာတိပါတာဝေရမဏိ သိက္ခါပဒံ သမာဒိယာမိ။ ) ဗုဒ္ဓဘာသာ သီလဟူသည် ပါဠိဘာသာစကားဖြစ်ပြီး ကိုယ်၊နှုတ်၊စိတ် အပြုအမူ ကျင့်ဝတ်တစ်ခု⁠ခုကို စောင့်ထိန်းဆောက်တည်ခြင်းဟု အဓိပ္ပါယ်ရပါသည်။ ထေရဝါဒ ဗုဒ္ဓဘာသာ တရားတော်အရ သီလကို ငါးပါးသီလရှစ်ပါးသီလဆယ်ပါးသီလ စသည်ဖြင့် အရေအတွက်ကိုလိုက်၍ အမျိုးမျိုး ခွဲခြားသတ်မှတ်ထားပါသည်။ ငါးပါးသီလ စောင့်ထိန်းခြင်းသည် ဗုဒ္ဓဘာသာဝင်တိုင်းအတွက် အဖြစ်မနေလိုက်နာ စောင့်ထိန်းကြရမည့်သီလအမျိုးအစားဖြစ်သည်။ ရှစ်ပါးသီလ မှာမူ လူပုဂ္ဂိုလ်များအတွက် လဆန်း (၈)ရက်၊ လဆုပ် (၈)ရက်၊ လပြည့်လကွယ် စသော အခါကြီးရက်ကြီး ဥပုသ်နေ့ များတွင်သာ အထူးတလည်စောင့်ထိန်းကြလေ့ရှိသော သီလဖြစ်ပါသည်။ ဆယ်ပါးသီလ မှာမူ ရဟန်းများ ရှင်သာမဏေ များစောင့်ထိန်းကြရသည့် သီလဖြစ်ပါသည်။

သစ္စာလေးပါး

ဂေါတမဗုဒ္ဓရှင်တော်သည် ခြောက်နှစ်တာ ကာလပတ်လုံး လူသာမန်တို့ ကျင့်ဖို့ရာ ခဲယဉ်းလှသည့် ဒုက္ကရစရိယာအကျင့်မြတ်ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်ခဲ့ရာ နောက်ဆုံး၌ မဇ္ဈိမပဋိပဒါ (ခေါ်) အလယ်အလတ် အကျင့်တရားလမ်းစဉ်ကို တွေ့မြင်ပြီး ကာမ အာရုံခံစားမှု လက်ယာအစွန်းနှင့် အတ္တဘော ပင်ပန်းစေသည့် လက်ဝဲအစွန်းတည်းဟူသော အစွန်းတရားနှစ်ပါးကို ရှောင်ကြည်ကာ သစ္စာလေးပါး တရားတော်ကို သိမြင်တော်မူပါသည်။ “ဒုက္ခ၊ သမုဒယ၊ နိရောဓ၊ မဂ္ဂ” ဟူသော ထိုသစ္စာလေးပါး မြတ်တရားတော်သည် “ဓမ္မစကြာတရားတော်”ပင် ဖြစ်ပါသည်။ ဓမ္မစကြာတရားတော်သည် မြတ်ဗုဒ္ဓ၏ တိကျခိုင်မာသော သဘောတရားကို ထင်ရှားစွာတွေ့မြင်နိုင်ပါသည်။ အရှင်တော်မြတ်သည် လေးအသင်္ချေ နှင့် ကမ္ဘာ တစ်သိန်း ဖြည့်ကျင့်ဆည်းပူးခဲ့သော ပါရမီတော် အဟုန်တို့ကြောင့် ရရှိခဲ့သည့် သဗ္ဗညုတ ရွှေဉာဏ်တော်စွမ်းအားဖြင့် ဓမ္မစကြာတရားတော်ကို ဟောဖော်ညွှန်ပြခဲ့ခြင်းဖြစ်ပါသည်။ အရှင်ကိုယ်တော်မြတ်သည် ထိုးထွင်း၍ သိမြင်တော်မူအပ်သော သစ္စာလေးပါးကို မြင်တတ်သော၊ ပညာမျက်စိကို ပြုတတ်သော၊ သစ္စာလေးပါးကို သိခြင်းကို ပြုတတ်သော၊ အကြင်အလယ်အလတ်ဖြစ်သော ၊အကျင့်သည် ကိလေသာငြိမ်းခြင်းတည်းဟူသော သဥပါဒိသေသနိဗ္ဗာန် အကျိုးငှာ သစ္စာလေးပါးကို ထူးသော ဉာဏ်ဖြင့် သိခြင်းငှာ၊ သစ္စာလေးပါကို ကောင်းစွာသိခြင်းငှာ၊ အနူပါဒိသေသ နိဗ္ဗာန်အကျိုးငှာ ဖြစ်၏။ ထိုအလယ်အလတ် အကျင့်သည် အဘယ်နည်းဟု သိသာထင်ရှားစွာ ဟောဖော်ညွှန်ပြတော်မူပါသည်။

အမှန်တရား အားလုံးတို့၏ ရှေ့ပြေး ပထမဖြစ်သော ဗုဒ္ဓ မြတ်စွာဘုရား၏ မဂ္ဂင် (၈) ပါး

မဂ္ဂင်ဟူသည် ကိလေသာတို့ကို ပယ်သတ်ကြောင်း၊ နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်သော တရားစုဟု အဓိပ္ပာယ်ရရှိပါသည်။ ၎င်းတို့မှာ ဖော်ပြလတ္တံပါအတိုင်း (၈) ပါးရှိသည်။

  1. သမ္မာဒိဌိ = ကောင်းစွာ မြင်ခြင်း
  2. သမ္မာသင်္ကပ္ပ = ကောင်းစွာကြံခြင်း
  3. သမ္မာဝါစာ = ကောင်းစွာဆိုခြင်း
  4. သမ္မာကမ္မန္တ =ကောင်းစွာပြုခြင်း
  5. သမ္မာအာဇီဝ =ကောင်းစွာ အသက်မွေးခြင်း
  6. သမ္မာဝါယမ =ကောင်းစွာအားထုတ်ခြင်း
  7. သမ္မာသတိ = ကောင်းစွာအောက်မေ့ခြင်း
  8. သမ္မာသမာဓိ = ကောင်းစွာတည်ကြည်ခြင်း

ဤအကျင့်မြတ်သည်ကား အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသည့် မဂ္ဂင်တရားမြတ်ဖြစ်ကြောင်း ဟောကြားတော်မူပါသည်။ ထိုမှတဖန် ရှင်တော်မြတ်သည် ဇာတိ ပဋိသန္ဓေနေရခြင်း ဆင်းရဲမှ၊ အိုမင်းရင့်ရောခြင်း ဆင်းရဲ၊ ဖျားနာရခြင်း ဆင်းရဲ၊ သေရခြင်း ဆင်းရဲ၊ မချစ်မနှစ်လိုအပ်သော သတ္တဝါသင်္ခါရတို့နှင့် ကွေကင်းရခြင်းဆင်းရဲ၊ ချစ်ခင်နှစ်လိုအပ်သော သတ္တဝါတို့နှင့် ကွေကင်းရခြင်း ဆင်းရဲ၊ ပဋိသန္ဓေနေရခြင်း ဆင်းရဲ၊ ခန္ဓာငါးပါးတို့၏ ဆင်းရဲ စသော ဇာတိသဘောတရားသည် ဒုက္ခဖြစ်သော အရိယာတို့၏ သိအပ်သော သစ္စာမည်၏ဟူ၍ ဒုက္ခသစ္စာကို ဟောကြားတော်မူပါသည်။ ပဉ္စဝဂ္ဂီရဟန်းတို့အား တဏှာလောဘသည် တဖန်ဘဝသစ်ကို ဖြစ်စေတတ်၏။ နှစ်သက်ခြင်း၊တပ်မက်ခြင်းနှင့် တကွ ဖြစ်၏။ ထိုထိုဘဝ ထိုထိုအာရုံ၌ အလွန်နှစ်သက်တတ်၏။

ဤတဏှာဟူသည် အဘယ်နည်း။

  1. ကာမတဏှာ = ရူပါရုံစသော ဝတ္ထုကာမကို တပ်မက်သော တဏှာ။
  2. ဘဝတဏှာ = သဿတဒိဌိနှင့် တကွဖြစ်သော တဏှာ။
  3. ဝိဘဝတဏှာ = ဥစ္ဆေဒဒိဌိနှင့်တကွဖြစ်သော တဏှာ။ ဟူ၍ ဤတဏှာဟူသော သဘောတရားသည် ဒုက္ခအကြောင်းဖြစ်သော အရိယာတို သိအပ်သော သစ္စာမည်၏ဟု သမုဒယသစ္စာအကြောင်းကို ဟောကြားတော်မူပါသည်။

ထိုတဏှာလောဘ၏ အကြွင်းမဲ့ တပ်မက်ခြင်းကင်းရာ၊ ချုပ်ရာဖြစ်သော နိဗ္ဗာန်သည် ရှိ၏။ စွန့်ရာဖြစ်သော နိဗ္ဗာန်သည် ရှိ၏။ ဝေးစွာစွန့်ရာဖြစ်သော နိဗ္ဗာန်သည် ရှိ၏။ လွတ်ရာဖြစ်သော နိဗ္ဗာန်သည် ရှိ၏။ ကပ်ငြိခြင်းကင်းရာဖြစ်သော နိဗ္ဗာန်သည် ရှိ၏။ ဤနိဗ္ဗာန်ဟူသော သဘောတရားသည် ဒုက္ခ၏ ချုပ်ငြိမ်းရာဖြစ်သော အရိယာတို့သည် သိအပ်သော သစ္စာမည်သော နိရောဓသစ္စာ ကို ဟောကြားတော်မူပါသည်။ မဂ္ဂသစ္စာနှင့်စပ်၍ မဂ္ဂင်ရှစ်ပါး အကျင့်တရားသည်သာလျှင် ဒုက္ခ၏ချုပ်ငြိမ်းရာ နိဗ္ဗာန် သို့ ရောက်ကြောင်း အကျင့်ဖြစ်သော အရိယာတို့ သိအပ်သော သစ္စာမည်၏ဟု ဟောကြားတော်မူပါသည်။

  1. ဇာတိမဟတ္တ --- အမျိုးဇာတ်အားဖြင့် ကြီးကျယ်မြင့်မြတ်ခြင်း၊
  2. ပုညမဟတ္တ --- ဘုန်းသမ္ဘာကုသိုလ် ပါရမီအားဖြင့် ကြီးကျယ်မြင့်မြတ်ခြင်း၊
  3. သီလမဟတ္တ --- အကျင့်သီလအားဖြင့် ကြီးကျယ်မြင့်မြတ်ခြင်း၊
  4. သမာဓိမဟတ္တ --- တည်ကြည်ခိုင်ခံ့သော သမာဓိအားဖြင့် ကြီးကျယ်မြင့်မြတ်ခြင်း၊
  5. ဣဒ္ဓိမဟတ္တ ---တန်ခိုးအာနုဘော်အားဖြင့် ကြီးကျယ်မြင့်မြတ်ခြင်း၊
  6. ဗုဒ္ဓိမဟတ္တ --- ဉာဏ်ပညာအားဖြင့် ကြီးကျယ်မြင့်မြတ်ခြင်း၊

ဟူ၍ လောကတွင် ရှိ⁠ရှိသမျှ လူနတ်ဗြဟ္မာ သတ္တဝါတို့ထက် ကြီးကျယ်မြင့်မြတ်ခြင်း အမျိုးမျိုးနှင့် ပြည့်စုံမှသာလျှင်၊ ပြည့်စုံသော ပုဂ္ဂိုလ်ထူးကိုသာလျှင် ဘုရား(ဗုဒ္ဓ) ဟု ဆိုရသည်။


သိဒ္ဓတ္ထဂေါတမ ကို (ခရစ်သက္ကရာဇ်BC 623) လွန်ခဲ့သောနှစ်ပေါင်း ၂၆၀ဝ ကျော်က မွေးဖွားခဲ့သည်။ လွန်ခဲ့သောနှစ်ပေါင်း၂၆၀ဝ ကျော်လောက်က ပွင့်တော်မူသော ဂေါတမမြတ်စွာဘုရားကား ဆိုခဲ့ပြီးသော ကြီးကျယ်မြင့်မြတ်ခြင်း အမျိုးမျိုးနှင့် ပြည့်စုံသောကြောင့် လောကသုံးပါးတွင် ဘုရားစင်စစ် ဖြစ်တော်မူသည်။

ရှေး⁠ရှေးကမ္ဘာ့ကမ္ဘာက ပွင့်တော်မူခဲ့ကြသော ဂင်္ဂါဝါဠုသဲစုပမာ များလှစွာသော ဘုရားများ၊ လွန်ခဲ့သော ဆယ့်ခြောက် အသင်္ချေအတွင်း ပွင့်တော်မူခဲ့ကြသော ဗြဟ္မာဒေဝ စသော ဘုရားများ၊ လွန်ခဲ့သော လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းအတွင်း ပွင့်တော်မူသော တဏှင်္ကရာ ဘုရားအစ၊ ကဿပဘုရား အဆုံးရှိသော နှစ်ကျိပ်ခုနစ်ဆူသော ဘုရားများလည်း လောကသုံးပါးတွင် ဘုရားစင်စစ် ဖြစ်တော်မူကြသည်။


သုဒ္ဓေါဒနမင်းကြီး၏ အမျိုးအနွယ်အစဉ်အဆက်မှာ ဩက္ကာကရာဇ်မင်းမှစ၍ ဇယသေနမင်းအထိ ရှစ်သောင်းနှစ်ထောင်သောမင်းတို့သည် ကပိလဝတ်ပြည် ကြီး၌ မင်းပြုကြကုန်၏။ ထိုမင်းတို့တွင်အစဖြစ်သော ဩက္ကာကရာဇ်မင်းကြီး၏ သကြာဝတဘောကုမာရာ=အချင်းတို့ သားတော်တို့သည်စွမ်းနိုင်ကုန်စွ တကား ဟူသော ဥဒါန်းကျူးရင့်မိန့်ခွန်းဆင့်သည်ကိုအစွဲပြု၍ သာကီဝင်မျိုးဟု ခေါ်ကြောင်းကို သုတ်သီ လက္ခန်ပါဠိတော်၌ ဟောပြထားလေသည်။ အရွယ်တော် ဆယ့်ခြောက်နှစ်မှစ၍ နှစ်ဆယ့်ကိုးနှစ်အတွင်း ထီးနန်းစည်းစိမ်ကို ခံစားသည်။ မိဖုရားကြီးကား ယသောဓရာဗိဒေဝီ၊ သားတော်ကား ရာဟုလာဖြစ်သည်။

သူအို၊ သူနာ၊ သူသေ၊ ရဟန်း အသွင် နိမိတ်ကြီး လေးပါးကို မြင်သဖြင့်၊ သတိသံဝေဂ ရလျှက် ၉၇ ခု ဝါဆိုလပြည့် တနင်္လာနေ့တွင် တောထွက်၍၊ ရဟန်းပြု တော်မူသည်။

ခြောက်နှစ်ပတ်လုံး ဒုက္ကရ စရိယာအကျင့်ကို ကျင့်ပြီးလျှင် (ဘီစီ ၅၈၈) ၁ဝ၃ ခု ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ ဗောဓိပင်ရင်းဝယ်၊ သဗ္ဗေညုတဉာဏ်တော်ကိုရ၍၊ လောကသုံးပါးတွင် ဘုရားစင်စစ် ဖြစ်တော်မူသည်။

ဘုရားဖြစ်ပြီးနောက်၊ ၄၅ ဝါပတ်လုံး တရားဟောကာ၊ အညာတကောဏ္ဍည အစ၊ သုဘဒ္ဒ အဆုံးရှိသော ဝေနေယျများစွာ သတ္တဝါတို့ကို နိဗ္ဗာန်သို့ပို့ဆောင်တော်မူပြီးလျှင်၊ (ဘီစီ ၅၄၃) ၁၄၈ ခု ကဆုန်လပြည့် အင်္ဂါနေ့တွင် ပရိနိဗ္ဗာန် စံဝင်တော်မူသည်။


၄၅ ဝါပတ်လုံး နေ့စဉ် ပြုလုပ်အပ်သော လုပ်ငန်းများကား-

  1. ပုရေဘတ္တကိစ္စ---နံနက်ဆွမ်းခံကြွခြင်း၊
  2. ပစ္ဆာဘတ္တကိစ္စ---ညနေဒါယကာ ဒါယိကာမတို့အား တရားဟောခြင်း၊
  3. ပူရိမ ယာမကိစ္စ---ညဉ့်ဦးယံ ရဟန်းများအား တရားဟောခြင်း၊
  4. မဇ္ဈိမယာမကိစ္စ--- ညဉ့်လယ်ယံ နတ်များအား တရားဟောခြင်း၊
  5. မစ္ဆိမယာမကိစ္စ--- ညဉ့်နောက်ဆုံးယံကို သုံးပုံ⁠ပုံတစ်ပုံ စင်္ကြံသွားခြင်း၊

တစ်ပုံ ကျိန်းစက် ခြင်း၊ တစ်ပုံ ကျွတ်ထိုက်သော သတ္တဝါတို့ကို ကြည့်ရှု့ခြင်း ဟူ၍ ငါးပါးဖြစ်သည်။


ဂုဏ်တော်ကား-

  1. အရဟံ --- ပူဇော်အထူးကို ခံတော်မူထိုက်ခြင်း၊
  2. သမ္မာသဗုဒ္ဓ--- ဉေယျဓံတရား အလုံးစုံကို အကုန်အစဉ် သိမြင်တော်မူခြင်း၊
  3. ဝိဇ္ဇာစရဏသမ္ပဇ္ဈ--- ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး၊ စရဏတစ်ဆယ့်ငါးပါးနှင့် ပြည့်စုံတော်မူခြင်း၊
  4. သုဂတ--- ကောင်းသောစကားကိုဆိုတော်မူခြင်း၊
  5. လောကဝိဒူ--- လောကသုံးပါးကို သိတော်မူခြင်း၊
  6. အနုတ္တရောပုရိသ--- ဆုံးမသင့် ဒမ္မသာရထိ ဆုံးမထိုက်သော သူတို့ကို ဆုံးမရာ၌ အတုမရှိ မြတ်တော် မူခြင်း၊
  7. သတ္ထာဒေဝ--- နတ်လူတို့မနုဿာန ဆရာဖြစ်တော်မူခြင်း၊
  8. ဗုဒ္ဓ--- သစ္စာလေးပါးကို သိတော်မူခြင်း၊
  9. ဘဂဝါ--- ဘုန်းတော်ခြောက်ပါး နှင့် ပြည့်စုံတော်မူခြင်း၊ ဟူ၍ကိုးပါးဖြစ်သည်။

ထိုမှတစ်ပါး မက္ခလိ၊ ပူရဏ၊ အဇိတ၊ ပကုဒ္ဓ၊ နိဂဏ္ဌ၊ သဉ္စယဟူ၍ အယူဝါဒကို ပြုလုပ်တတ်သော တိတ္ထိဆရာကြီး ခြောက်ဦးကိုလည်း ဘုရားဟုခေါ်ဆိုကြသည်။ ထိုသို့ခေါ်ဆို ကြသော်လည်း၊ ယင်းဆရာကြီး ခြောက်ဦးတို့မှာ ယခင်ပြဆို ခဲ့သော ကြီးကျယ်မြင့်မြတ်ခြင်း အမျိုးမျိုးနှင့် မပြည့်စုံသည့် အတွက် ဘုရား မမည်နိုင်ပေ။

Gautama (ဂေါတမ)၊ စင်္ကြာမုနိ သို့မဟုတ် စကြာမုနိ (Shakyamuni) ဟုလည်း သိထားကြသော ("စကြဝတေးမင်းများ၏ ပညာရှိ") သည် ဗုဒ္ဓဘာသာတွင် အဓိက ပုဂ္ဂိုလ်ဖြစ်ပြီး သူ့ဘဝဖြစ်စဉ်၊ ဟောပြောချက်များနှင့် ရဟန်း ဘဝ လိုက်နာရမည့် ဥပဒေများသည် ဗုဒ္ဓဘာသာဝင်များ၏ ယုံကြည်သက်ဝင်ခြင်းခံရပြီးဂေါတမ ဗုဒ္ဓ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံဝင်တော်မူပြီးနောက်တွင် အနှစ်ချုပ်ပြုလုပ်၍ သူ၏နောက်လိုက်တပည့်များက အလွတ်ကျက်မှတ်ထားကြသည်။ Gautama (ဂေါတမ ဗုဒ္ဓ) ၏ မြောက်မြားလှစွာသော အဆုံးအမမျိုးစုံ စုဆောင်းထားရှိခြင်းများသည် နှုတ်ဖြင့်ပြောဆိုခြင်းဓလေ့ဖြင့် လက်ဆင့်ကမ်း ဆင်းသက်လာပြီး နှစ်ပေါင်း ၄၀၀ ခန့်အကြာတွင် ပထမဦးစွာ စာဖြင့်ရေးသားလာကြသည်။

သိပ္ပံနည်းကျ ဗုဒ္ဓဘာသာ

ရူပဗေဒပညာရှင်၊ သင်္ချာပညာရှင်၊ နက္ခတ္တဗေဒ ပညာရှင်၊ အတွေးအခေါ် ပညာရှင်နယူတန် ၏ နိယာမ တွေ့ရှိချက်များသည် ဂေါတမ မြတ်စွာဘုရား၏ ကံ ကံ၏အကျိုး (cause and effect law ,The Theory of Karma in Buddhism.The theory of Karma is a fundamental doctrine in Buddhism.) အဆုံးအမ အမှန်တရားတော် နောက် နှစ်ပေါင်း (၉ဝဝ) နောက်ကျပြီးမှ နယူတန် သည်(cause and effect law) ကို ရှာဖွေ ဖော်ထုတ်နိုင်ခဲ့သည်။ ဆရာကြီးအဲလ်ဘတ် အိုင်းစတိုင်း ၏ ရီလေတီဗတီ သီအိုရီ (Relativity Theory) နိယာမ တွေ့ရှိချက်များသည် ဂေါတမ မြတ်စွာဘုရား၏ ပဋိစ္စသမုပ္ပါဒ် အကြောင်းအကျိုးသဘောတရားများ၊ ပဋ္ဌာန်း ၂၄-ကျမ်း နှင့် ကံ- ကံ၏အကျိုး cause and effect law အဆုံးအမ အမှန်တရားတော် ၏ နောက် နှစ်ပေါင်း (၂၄ဝဝ) နောက်ကျပြီးမှ အိုင်းစတိုင်း သည် (၂၄ ပစ္စည်း ပဋ္ဌာန်း (ပဋ္ဌာန)) ၏ အခြေခံ Theory of relativity and E = mc² ကို ရှာဖွေ ဖော်ထုတ်နိုင်ခဲ့သည်။ ဗုဒ္ဓဘာသာတွင်အကြောင်းအရာတစ်ခုကိုလေ့လာ ကျင့်ကြံရာ၌ နည်းစံနစ်ကျသည်။ သိပ္ပံနည်းကျသည်။ ဗုဒ္ဓတရားတော်များသည် အကြောင်း အကျိုး ဆက်စပ်မှုရှိခြင်း၊ ယုတ္တိနည်းကျ လက်တွေ့ကျခြင်း၊ စနစ်တကျ ဖွဲ့စည်းမှု ရှိခြင်း၊ မှန်သည်-မှားသည်၊ လုပ်သင့်သည်-မလုပ်သင့်သည်၊ အကျိုးရှိသည်-အကျိုးမဲ့သည် တို့ကို မိမိတို့ကိုယ်တိုင် ဝေဖန်စမ်းစစ် ခွင့်ရှိခြင်း၊ အချိန်မရွေး၊ နေရာမရွေး၊ လူမျိုး ဘာသာမရွေး လက်တွေ့ကျင့်ကြံပြီး အေးချမ်းမှုကို ကိုယ်တိုင်သိရှိနိုင်ခြင်း၊ အမြဲထာဝရ မှန်ကန်ခြင်း စသော အရည်အချင်းများ ပြည့်စုံသောကြောင့် ဗုဒ္ဓ၏အဆုံးအမများနှင့် ဗုဒ္ဓဘာသာသည် သိပ္ပံနည်းကျ ဘာသာ အမှန်တရားနှင့် လက်တွေ့သဘာဝကျ သည့် ဘာသာလည်း ဖြစ်သည်။

ဗုဒ္ဓဘာသာတွင် တပည့်တို့၏ဝတ္တရား၊ ဆရာတို့၏ဝတ္တရား၊ သားသမီးတို့၏ဝတ္တရား၊ မိဘတို့၏ဝတ္တရား၊ စသည်တို့ရှိရာ ဆရာဝတ် တွင် အတတ်လည်းသင် ပဲ့ပြင်ဆုံးမ သိပ္ပမချန် ဘေးရန်ဆီးကာ သင့်ရာအပ်ပို့ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ ဟုပါရှိသည်။ (၃၈) ဖြာသောမင်္ဂလာတရားတော်တွင်လည်း အပြစ်ကင်းသော သိပ္ပ အတတ်ပညာတို့ကိုတတ်မြောက်ခြင်းသည်လည်း မင်္ဂလာ တစ်ပါးဟု အဆိုရှိပါသည်။ "ကမ္ဘာဦးအစမှ ရှိခဲ့ပြီးသော တွေ့ရှိချက်၊ အမှန်တရားတို့သည် အတိုင်းအတာ တစ်ခု၊ အခြေအနေ အချိန်အခါ နေရာဒေသ တစ်ခု၊ လူအုပ်စုတစ်စု အတွက် သာ မှန်ကန်သည့် အမှန်တရား (customary truth and conventional truth) သမုတိသစ္စာမျှသာ ဖြစ်ကြောင်း၊ အမြဲထာဝရ မှန်ကန်သည့် အမှန်တရား (Universal truth and ultimate truth) ပရမတ္တ သစ္စာ တရားမှာ မြတ်ဗုဒ္ဓ၏ တရားတော်၌သာ တွေ့နိုင်ကြောင်း၊ ဝိဇ္ဇာ၊ သိပ္ပံပညာရှင်တို့၏ တွေ့ရှိချက်များ အပါအဝင် အယူဝါဒဆိုင်ရာ အမှန်တရား အားလုံးတို့၏ ရှေ့ပြေး ပထမ အမှန်ဆုံးတရား ဖြစ်သည်" ဟု သီတဂူဆရာတော် ဦးဉာဏိဿရ ချမ်းမြေ့ဆရာတော် အရှင်ဇနကာဘိဝံသ နန္ဒာသိန်းဇံ ဒေါက်တာ မင်းတင်မွန်ဓမ္မာစရိယ ဦးဌေးလှိုင်၊ Egerton C. Baptist နှင့် မြို့မ-မြင့်ကြွယ် တို့က မှတ်ချက် ပြုကြသည်။ [24] [25] [26][27] [28] [29]

ကမ္ဘာ့ဒီမိုကရေစီ ပထမအစ၊ ဗုဒ္ဓ မြတ်စွာဘုရားက

ဗုဒ္ဓ မြတ်စွာဘုရား ၏ တရားတော်များသည် လွန်ခဲ့သော နှစ်ပေါင်း ၂၆၀၀ ကပင် လွတ်လပ်စွာ ပြောဆို ဝေဖန်ဆန်းစစ်ခွင့် ရှိသောကြောင့် ကမ္ဘာ့ဒီမိုကရေစီ ပထမအစ၊ ဗုဒ္ဓ မြတ်စွာဘုရား က' ဟု ဆိုအပ်လှပေသည်။ ဒီမိုကရေစီ၏အစ၊ ပထမ ဟု ထိုစဉ်ကအများက သက်မှတ်ထားသော ဂရိ နိုင်ငံ တွင် ဒီမိုကရေစီ မပေါ်ထွန်းသေးပါ၊ ကမ္ဘာ့ အတွေးအခေါ်ပညာရှင် ဆိုကရေးတီး (ဘီစီ ၄၆၉-၃၉၉)၊ ပလေတို (ဘီစီ ၄၂၈-၃၄၈) ၊ အရစ္စတိုတယ် (ဘီစီ ၃၈၄-၃၂၂)၊နှင့် မဟာအလက်ဇန္ဒား (ဘီစီ ၃၅၆-ဘီစီ၃၂၃)၊ တို့ မမွေးသေးပါ။ ဗုဒ္ဓ သည် ကျင့်ကြံအားထုတ် ခဲ့သဖြင့် ဘီစီ 588 တွင် အမြင့်မြတ်ဆုံးသော မြတ်စွာဘုရား ဖြစ်ချိန်တွင် တရုတ်အတွေးအခေါ်ပညာရှင် ဒဿန ဆရာကြီးကွန်ဖြူးရှပ် (ဘီစီ ၅⁠၅၁-၄၇၉) မမွေးသေးပါ။ ကမ္ဘာ့ရူပဗေဒပညာရှင် သင်္ချာပညာရှင် နယူတန်(၁၆၄၃ ဇန္နဝါရီလ ၄ - ၁၇၂၇ မတ်လ ၃၁) ၊ အဲလ်ဘတ် အိုင်းစတိုင်း( ၁၈၇၉ ခုနှစ် မတ်လ ၁၄ ရက်-၁၉၅၅ ခုနှစ်၊ ဧပြီလ ၁၈ ရက် ) တို့ မမွေးသေးပါ။ ခရစ်ယာန်ဘာသာမှ ထာဝရဘုရားသခင် ၏ သားတော် ခရစ်တော်၊ ယေရှု(Jesus Christ BC 5-AD 30) နှင့် အစ္စလမ်ဘာသာ တမန်တော် မိုဟာမက် (Muhammad AD 570- AD 632) တို့ မပေါ်သေးပါ။ ဗုဒ္ဓတရားတော်များသည် naturally or universally သဘာဝနည်းကျအားဖြင့်လည်းကောင်း၊ logically ကြောင်းကျိုးဆက်စပ်ဗေဒအရလည်းကောင်း၊ scientifically သိပ္ပံနည်းကျအားဖြင့်လည်းကောင်း၊ medically ဆေးပညာဗေဒအရလည်းကောင်း မှန်ကန်လှပေသည်။ မိခင်ဝမ်းတွင်း သားသန္ဓေတည်ပုံကို လွန်ခဲ့သော နှစ်ပေါင်း (၂၆၀ဝ) ကျော်ကတည်းက ဗုဒ္ဓ မြတ်စွာဘုရား က မိုက်ခရိုစကုပ်မပါ၊ အာထရာဆောင်းမပါ၊ ဓာတ်မှန်မပါ ဉာဏ်တော်ဖြင့် ထိုးထွင်းသိမြင်တော်မူ၍ ရှင်းပြတော်မူနိုင်ခဲ့ပေသည်။ ထို့ပြင် ယနေ့ခေတ် သိပ္ပံဗေဒ ကျန်းမာရေးသုတေသနများအရ သိရှိလာကြရသော စိတ်သည် ဦးနှောက်တွင် ဖြစ်ပေါ်ခြင်းမဟုတ်ဘဲ၊ နှလုံးသား၏အချိုင့်လေးတွင် ဖြစ်ပေါ်ကြောင်းကို ဗုဒ္ဓက ဟောပြတော်မူသဖြင့် ဝါရင့်ဗုဒ္ဓဘာသာ မြန်မာများ သိရှိခဲ့ကြသည်မှာလည်း ကြာပြီဖြစ်သည်။ ခန္ဓာဗေဒ၏ဖြစ်စဉ်ပျက်စဉ်အကြောင်းကိုလည်း ဗုဒ္ဓဘာသာ မြန်မာတို့ ယနေ့ခေတ် ဆဲလ်များအစားထိုးဖြစ်တည်မှုအကြောင်း သိပ္ပံနည်းကျ မသိရသေးခင်ကပင် သိရှိခဲ့ကြပြီးဖြစ်သည်။ Anatomy အနတ်တိုမီ (ခေါ် ) ခန္ဓာဗေဒကိုလည်း ဗုဒ္ဓမြတ်စွာဘုရားက တရားတော်များ၌ ဟောကြားတော်မူခဲ့ပြီးဖြစ်သည်။ ဗုဒ္ဓ မြတ်စွာဘုရား က ယနေ့ခေတ် သိပ္ပံပညာရှင်တို့ အဏုမြူ အက်တမ် (Atom) အကြောင်း မလေ့လာမီကပင် ပရမာအဏုမြူ စသည်ဖြင့် ဟောပြတော်မူခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ဗုဒ္ဓ၏တရားတော်များသည် သိပ္ပံနည်းကျ၊ ကြောင်းကျိုးဆက်စပ်ဗေဒ၊ ခန္ဓာဗေဒ၊ ဆေးပညာဗေဒ စသည်တို့ဖြင့် ကိုက်ညီမှန်ကန်နေလျက်ရှိပြီး၊ ဗုဒ္ဓမြတ်စွာဘုရားဟောကြားတော်မူခဲ့သမျှ တရားတော်များကို သိပ္ပံပညာက လိုက်မမီနိုင်သေးသော အနေအထားများ ယနေ့ထက်တိုင် ရှိနေသေးသည်မှာလည်း အမှန်ပင်ဖြစ်သည်။

ဗုဒ္ဓဘာသာ သဘောတရားခံယူချက်

အချို့သော ပညာရှင်များသည် Pali Canon (ပါဠိ စာများ) နှင့် Agamas (အဂါမား) တို့၏ အချို့သောအပိုင်း များတွင် ဗုဒ္ဓ၏ အမှန်တကယ်ဖြစ်သော သမိုင်းဝင်အဆုံးအမများ (စကားလုံးများပင်သော်မှ ဖြစ်နိုင်သည်) တို့ ပါဝင်နိုင်သည်ဟု ယုံကြည်ကြသည်။ ဤအရာသည် နောင်သောအခါ Mahayana sutras (မဟာယာန နတ်မင်းကြီးများ) အတွက် အထောက်အထား မဟုတ်ပါ။ ထေရဝါဒ ဗုဒ္ဓဘာသာ၏ ပိဋကကျမ်းဆိုင်ရာ လုပ်ငန်းများသည် မဟာယာန လုပ်ငန်းများထက် နှစ်ကာလအလိုက်ရှေ့ အလျင်ကျပြီး၊ ဂေါတမဗုဒ္ဓ၏ အမှန် တကယ်ဖြစ်သော သမိုင်းဝင်အဆုံးအမများနှင့် ပတ်သက်သော သတင်းအချက်အလက်များအတွက် ယုံကြည် နိုင်လောက်သော အဓိကအရင်းအမြစ်အဖြစ် များစွာသော အနောက်တိုင်းပညာရှင်များက မှတ်ယူကြသည်။

ဂေါတမဗုဒ္ဓ၏ အခြေခံကျသော အချို့အဆုံးအမများ

မြင့်မြတ်သော အမှန်တရားလေးရပ် - ထိုဝေဒနာခံစားရခြင်းသည် တည်ရှိခြင်း၏ ရှိရင်းစွဲအစိတ်အပိုင်း တစ်ခုဖြစ်သည်။ ထိုဝေဒနာခံစားရခြင်း၏ မူလသည် မသိခြင်းဖြစ်ပြီး ထိုမသိခြင်း၏ အဓိက လက္ခဏာများသည် သံယောဇဉ်တွယ်တာမှုနှင့် မက်မောတောင့်တခြင်းဖြစ်သည်။ ထိုသံယောဇဉ် တွယ်တာမှုနှင့် မက်မောတောင့်တခြင်းတို့သည် ရပ်စဲနိုင်သည်၊ ပြီးနောက်တွင် မြင့်မြတ်သော လမ်းကြောင်းရှစ်ပါး နောက်သို့ လိုက်ပါခြင်းသည် သံယောဇဉ်တွယ်တာမှုနှင့် မက်မောတောင့်တခြင်းကို ရပ်စဲခြင်းဆီသို့ ဦးတည်လိမ့်မည်ဖြစ်ပြီး ဝေဒနာခံစားရခြင်းကိုပါ ရပ်စဲနိုင်မည်။ မြင့်မြတ်သော လမ်းကြောင်းရှစ်ပါး - မှန်ကန်သော နားလည်ခြင်း၊ မှန်ကန်သော အတွေးအခေါ်၊ မှန်ကန်သော အပြောအဆို၊ မှန်ကန်သော အပြုအမူ၊ မှန်ကန်သော အသက်မွေးဝမ်းကြောင်းမှု၊ မှန်ကန်သော အားထုတ်မှု၊ မှန်ကန်သော သတိရှိမှုနှင့် မှန်ကန်သော အာရုံစူးစိုက်မှု။ မှီခိုအားထားနေရသော မူရင်းဖြစ်ခြင်း- မည်သည့် ဖြစ်စဉ်မဆို 'တည်ရှိနိုင်' သည်မှာ အချိန်ကာလ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်တို့ကို လွှမ်းခြုံထားသည့် ရှုပ်ထွေးလှစွာသော အကြောင်းနှင့်အကျိုး ကွန်ရက်တစ်ခုအတွင်းရှိ အခြားသောဖြစ်စဉ်များ၏ တည်ရှိမှုကြောင့်သာဖြစ်သည်။ အရာအားလုံးသည် သို့ဖြစ်ပါ၍ ပြုပြင်ဖန်တီးခံရပြီး ယာယီသာဖြစ်သည် (အနိစ္စ)၊ ၎င်းတို့တွင် စစ်မှန်သော အမှီအခိုကင်းသည့် ကိုယ်ပိုင်လက္ခဏာမရှိပါ (အနတ္တ)။ လက်ခံထားသော ပိဋကကျမ်းများ၏ အမှားကင်းခြင်းကိုပယ်ချခြင်း- အကယ်၍ အဆုံးအမများသည် ကျွန်ုပ်တို့၏အတွေ့အကြုံများမှနေ၍ ထောက်ခံခြင်းမရှိခြင်းနှင့် ပညာရှိတို့၏ ချီးကျူးခြင်းမရှိပါက ၎င်းတို့ကို လက်မခံသင့်ပါ။ အသေးစိတ်အတွက် Kalama Sutta (ကာလာမ သုတ္တန်) ကိုကြည့်ပါ။

ကာလာမသုတ်

အယူဝါဒတစ်ခုကို တဆင့်ကြားရုံမျှဖြင့် သို့တည်းမဟုတ် သူတပါး ဟောကြားသည်ကို ကြားရုံမျှဖြင့် ထိုအယူဝါဒကို မှန်သည် ဟူ၍လည်းကောင်း၊ မှားသည် ဟူ၍လည်းကောင်း ပြောသံကြားရုံနဲ့လည်း မယုံနဲ့။ ရှေးရိုးစဉ်ဆက်စကားရယ်လို့လည်း မယုံနဲ့။ အဲသလိုဖြစ်ဖူးသတဲ့လို့လည်း မယုံနဲ့။ စာပေကျမ်းဂန်ထဲမှာပါတယ်လို့လည်း မယုံနဲ့။ ကိုယ့်ဘာသာ တွေးမိကြံမိတာလောက်ကလေးနဲ့လည်း မယုံနဲ့။ ကိုယ့်ခံယူထားချက်နဲ့ တူတယ်ဆိုရုံနဲ့လည်း မယုံနဲ့။ ကိုယ်ယုံကြည် ရိုသေတဲ့သူရဲ့စကားဆိုပြီးတော့လည်း မယုံနဲ့။

နောက် ကာလာမသားတွေကို လောဘ၊ ဒေါသ၊ မောဟ။ (တပ်မက်မှု၊ အမျက်ထွက်မှု၊ မိုက်မဲတွေဝေမှု) ဆက်ဟောလေ၏။

ကာလာမသုတ် အကျယ်ဖွင့်ဆိုချက်

  1. အယူဝါဒတစ်ခုကို တဆင့်ကြားရုံမျှဖြင့် သို့တည်းမဟုတ် သူတပါး ဟောကြားသည်ကို ကြားရုံမျှဖြင့် ထိုအယူဝါဒကို မှန်သည် ဟူ၍လည်းကောင်း၊ မှားသည် ဟူ၍လည်းကောင်း မဆုံးဖြတ်သင့်ပေ။
  2. အယူဝါဒတစ်ခု၏ ကျမ်းဂန်စာပေသည် မိမိတို့၏ ဘိုးဘေးစဉ်ဆက် ဆင်းသက်လာသော မိရိုးဖလာ အယူဝါဒဖြစ်သည်ဟူ၍လည်း ထိုအယူဝါဒကို မှန်သည် ဟူ၍ လည်းကောင်း မှားသည် ဟူ၍လည်းကောင်း မဆုံးဖြတ်သင့်ပေ။
  3. အယူဝါဒတစ်ခု၏ ကျမ်းဂန်စာပေသည် ဤအရာသည် ဤသို့ဖြစ်သည် ဟူသော ကောလဟလဖြင့်လည်း သို့တည်းမဟုတ် ထိုအယူဝါဒကို ယုံကြည်ကိုးကွယ်သူများသည် ဟူ၍လည်း ထိုအယူဝါဒကို မှန်သည် ဟူ၍လည်းကောင်း၊ မှားသည် ဟူ၍လည်းကောင်း မဆုံးဖြတ်သင့်ပေ။
  4. အယူဝါဒတစ်ခု၏ မိမိတို့သင်ထားသော စာများနှင့် ညီညွတ်ရုံမျှဖြင့်လည်း ထိုအယူဝါဒကို မှန်သည် ဟူ၍ လည်းကောင်း ၊ မှားသည် ဟူ၍လည်းကောင်း မဆုံးဖြတ်သင့်ပေ။
  5. အယူဝါဒတစ်ခု၏ မိမိကြံစည်ထားသောအကြံအစည် အတွေးအခေါ်နှင့် ကိုက်ညီသည် သိုတည်းမဟုတ် မိမိ အယူဝါဒခြင်း တူသည် ဟူ၍ လည်း ထိုအယူဝါဒကို မှန်သည် ဟူ၍လည်းကောင်း၊ မှားသည် ဟူ၍လည်းကောင်း မဆုံးဖြတ်သင့်ပေ။
  6. အယူဝါဒတစ်ခု၏ ကျမ်းဂန်စာပေ သည် သူတစ်ပါးတို့ လုပ်နည်းကိုင်နည်းကို သဘောကြ၍ သို့တည်းမဟုတ် ထိုအယူဝါဒကို သူတပါးတို့ ကိုးကွယ်ယုံကြည် သည် ဟူ၍လည်း ထိုအယူဝါဒကို မှန်သည် ဟူ၍ လည်းကောင်း၊ မှားသည် ဟူ၍လည်းကောင်းမဆုံးဖြတ်သင့်ပေ။
  7. အယူဝါဒတစ်ခု၏ ကျမ်းဂန်စာပေသည် မိမိတို့ ယုံကြည်ထိုက်သောပုဂ္ဂိုလ်၏ စကားဖြစ်သည်ဟု ပုဂ္ဂိုလ်စွဲအားဖြင့်လည်း ထိုအယူဝါဒကို မှန်သည် ဟူ၍ လည်းကောင်း၊ မှားသည် ဟူ၍လည်းကောင်း မဆုံးဖြတ်သင့်ပေ။
  8. အယူဝါဒတစ်ခု၏ ကျမ်းဂန်စာပေသည် ငါတို့၏ ဆရာစကား ဖြစ်ရုံမျှဖြင့်လည်း ထိုအယူဝါဒကို မှန်သည် ဟူ၍ လည်းကောင်း၊ မှားသည် ဟူ၍လည်းကောင်းမဆုံးဖြတ်သင့်ပေ။
  9. အယူဝါဒတစ်ခုမှ လာသော အဆုံးအမ၊ လမ်းစဉ်တွေသည် ကောင်းလည်းမကောင်း၊ အပြစ်လည်းမကင်း၊ ပညာရှိတို့ ကဲ့ရဲ့စရာလည်းဖြစ်၏။ ထိုလမ်းစဉ်အတိုင်း ကျင့်ကြံလျှင် (မိမိအားလည်းကောင်း၊ သူတပါးအားလည်းကောင်း၊ လောကအားလည်းကောင်း) စီးပွားမဲ့ ဒုက္ခရောက်ဖို့ဖြစ်၏- ဟု ကိုယ်တိုင် နားလည်လာသောအခါမှသာ ထိုအယူဝါဒကို စွန့်လွှတ်သင့်ပါသည်။
  10. အယူဝါဒတစ်ခုမှ လာသော အဆုံအမ၊ လမ်းစဉ်တွေသည် ကောင်းလည်းကောင်း၊ အပြစ်တို့ မှလည်းကင်း၊ ပညာရှိတို့ ချီးမွှမ်းစရာလည်းဖြစ်၏။ ထိုလမ်းစဉ်အတိုင်း ကျင့်ကြံလျှင် (မိမိအားလည်းကောင်း၊ သူတပါးအားလည်းကောင်း၊ လောကအားလည်းကောင်း) ကောင်းသောအကျိုးစီးပွားဖြစ်ဖို့သာရှိ၏- ဟု ကိုယ်တိုင်နားလည်လက်ခံ နိုင်သောအခါမှသာ ထိုအယူဝါဒကို စွဲမြဲစွာလက်ခံသင့်ပါသည်။

ထိုဟောကြား ချက်မှာ အယူဝါဒတခု၏ အမှားအမှန်ကို ဆုံးဖြတ်ရာတွင် တဆင့်ကြားမျှဖြင့်လည်း ဟုတ်ပြီ မှန်ပြီဟု လက်မခံသင့်၊ မိရိုးဖလာ အယူဝါဒဖြစ်၍လည်း လက်မခံသင့်၊ ဤအရာသည် ဤသို့ဖြစ်သကဲ့ဟူသော ကောလာဟာလဖြင့်လည်း လက်မခံသင့်၊ ကျမ်းဂန်စာပေနှင့် ညီညွတ်သည်ဆိုရုံနှင့်လည်း လက်မခံသင့်၊ မိမိတို့ ယုံကြည်ထိုက်သော ပုဂ္ဂိုလ်၏ စကားဖြစ်သည်ဟုဆိုကာ ပုဂ္ဂိုလ်စွဲဖြင့်လည်း လက်မခံသင့်၊ မိမိတို့ လေးစားသော ဆရာ၏ စကားဖြစ်သည်ဟုဆိုကာ ဆရာစွဲဖြင့်လည်း လက်မခံသင့်ဘဲ ဝေဖန်ဆန်းစစ်ကာ လက်တွေ့လုပ်ကြည့်၍ အကျိုးရှိသည့် အယူဝါဒ ( ဝိဘဇ္စဝါဒ) ကိုသာ လက်ခံရမည် ဆိုသည့်အချက် ဖြစ်သည်။

  1. Anicca (အနိစ္စ) - ထိုအရာအားလုံးသည် အမြဲမတည်ရှိနိုင်ပါ။
  2. Dukkha (ဒုက္ခ) - ထိုသတ္တဝါအားလုံးတို့သည် မပြတ်သားသောစိတ်ကြောင့် အခြေ အနေများအားလုံးမှ ဒုက္ခခံစားရသည်။
  3. Anatta (အနတ္တ) - မပြောင်းလဲသော "မိမိကိုယ်ကို" ဟူသောအမြင်သည် အတွေးမှားတစ်ခုသာ ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ၊ အချို့သော မဟာယာနကျောင်းများတွင် ထိုအချက်များကို အနည်း သို့မဟုတ် အများ အားဖြင့် အကူအပံ့သဘောမျှသာဖြစ်ကြောင်း သတ်မှတ်လာပြီဖြစ်သည်။ ဗုဒ္ဓအဆုံးအမများ၏ ပို၍နက်နဲသော ရှုထောင့်များနှင့် ရဟန်းတော်များအတွက် အချို့သော စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာဥပဒေများ တို့ အပေါ်တွင် သဘောမတူညီမှုအချို့ကို များစွာသော ဗုဒ္ဓဘာသာကျောင်းများ အတွင်းတွင် တွေ့ရသည်။

အမြင့်မြတ်ဆုံးသော၊ထိပ်ဆုံးကမ္ဘာ့ဘာသာ

ကမ္ဘာပေါ်တွင်ရှိသော ဘာသာကြီး( ၄) ဘာသာတွင် ဟိန္ဒူဘာသာသည် အစောဆုံးဖြစ်သော်လည်း စောလွန်းလှသဖြင့် သက္ကရာဇ် အတိအကျ သိရန်ခက်လှသည်။ တည်ထောင်သည့် သက္ကရာဇ် အတိအကျ ဖော်ပြနိုင်သော ကျန်ဘာသာကြီး ၃ ခု အနက် ဗုဒ္ဓဘာသာသည် ဘီစီ ၅၈၈ တွင် စတင်ပေါ်ပေါက်ခဲ့သဖြင့် အစောဆုံး ပထမ ကမ္ဘာ့ဘာသာဖြစ်သည်။ ခရစ်ယာန်ဘာသာသည် အေဒီ ၃၀ တွင် စတင်ပေါ်ပေါက်ခဲ့သဖြင့် ဒုတိယမြောက် ကမ္ဘာ့ဘာသာဖြစ်သည်။ အစ္စလာမ်ဘာသာသည် အေဒီ ၆၃၀ ခန့်တွင် စတင်ပေါ်ပေါက်ခဲ့သဖြင့် တတိယမြောက် ကမ္ဘာ့ဘာသာဖြစ်သည်။ ဖော်ပြပါ ကမ္ဘာ့ဘာသာကြီး ၄ ခုတို့သည် သူ့နည်း သူ့ဟန်နှင့်သူ လူသားများအတွက် အကျိုးရှိသော ဆုံးမဩဝါဒများ ပါရှိကြသည်။

ဗုဒ္ဓသည် နာဗာန (ပါဠိ- နိဗ္ဗာန်) တရားရှုမှတ်ခြင်း လမ်းကြောင်းကို လျှောက်လမ်းမည့် သတ္တဝါများအတွက် တစ်ဦးတည်းသော လမ်းညွှန်ပေးသူနှင့် ဆရာသခင်ဖြစ်ပြီး ၎င်းတို့အား ဘာသာရေးဆိုင်ရာ နိုးကြားခြင်း ဗောဓိကိုရရှိရန်နှင့် အမှန်တရားနှင့် လက်တွေ့သဘာဝကျခြင်းကို ရှိသည့်အတိုင်း တွေ့မြင်ရန်အတွက် ညွှန်ပြပေးသည်။ ဗုဒ္ဓဘာသာ စံနစ်ဖြစ်သည့် ထိုးထွင်းသိမြင်စွမ်းသောဉာဏ်နှင့် တရားထိုင်ခြင်းကျင့်စဉ်သည် စိတ်ဖြင့်အာရုံခံ၍ ယုံကြည်ရန်ဖော်ပြခြင်း မပြုနိင်ပါ။ သို့သော်၊ စိတ်၏ စစ်မှန်သောသဘာဝကို နားလည်ခြင်းဖြင့်သာ ဖော်ပြနိုင်သည်။ ၎င်းအရာကို ဗုဒ္ဓ၏အဆုံးအမများဖြင့် လမ်းညွှန်ပြသထားသော ဘာသာရေးဆိုင်ရာ လမ်းကြောင်းကို လျှောက်လမ်းခြင်းဖြင့် ကိုယ်တိုင်ကိုယ်ကျ ရှာဖွေတွေ့ရှိနိုင်သည်။ တစ်နည်းတစ်ဖုံ ပြောရလျှင် ဗုဒ္ဓဘာသာတွင် တစ်ခုနောက်တစ်ခုလိုက်ပါနေသည့် စိတ်ကို ပြုစုပျိုးထောင်ခြင်း ၊ ကျင့်ဝတ်များကိုတိုးတက်ကောင်းမွန်အောင် စောင့်ထိန်းခြင်းနှင့် ဉာဏ်ပညာကြီးမားခြင်းတို့ သည် အမြင့်ဆုံးပန်းတိုင်ရောက်ရှိရန်အတွက် အလိုအပ်ဆုံးလည်းဖြစ်သည်။ ဗုဒ္ဓမြတ်စွာဘုရား ဟောပြသည့်ဓမ္မအတိုင်း လက်တွေ့လိုက်နာ ကျင့်သုံးသူများကို ဗုဒ္ဓဘာသာဝင်လို့ခေါ်ဆိုပါသည်၊ ဗုဒ္ဓဘာသာ သည် ကမ္ဘာပေါ်တွင် လူဦးရေ (သန်း ၆၉၀⁠၀) ကျော် ရှိသည့် အနက် ဗုဒ္ဓဘာသာသည် ကမ္ဘာ့လူဦးရေ (သန်းပေါင်း ၂၀⁠၀ - ၃၀၀ ) ခန့်အထိ ကိုးကွယ်ယုံကြည်သော ဘာသာတရား နှင့် အယူဝါဒဖြစ်သည်။ ဟိန္ဒူဘာသာဝင် ၁,ဝ၈၃,၈၀ဝ,၃၅၆ (သန်း ၁၀⁠၀၀ ကျော်) တို့ကလည်း ဂေါတမဗုဒ္ဓမြတ်စွာဘုရား ကို ကြည်ညို လေးစားကြသည်။(In Hindu world is signed Lord Buddha as ninth avatar of Supreme God Vishnu and Hindu accept teachings of Buddha, but do not directly worship him. )[30] ဟိန္ဒူဘာသာ စသော အခြားသော ဘာသာအယူဝါဒများ၊ ဖန်ဆင်းရှင် ဘုရားသခင်(God) တည်ရှိမှုကို အယုံအကြည် မရှိသူ ဘာသာမဲ့ (free-thinkers/ Atheists/Anti-theist/no religion person) များကပင် ဂေါတမဗုဒ္ဓ ကို တနည်းမဟုတ်တနည်းဖြင့် ကြည်ညို လေးစားကြသည်။ [15][16] ထေရဝါဒဗုဒ္ဓဘာသာသည် ကမ္ဘာပေါ်တွင်နာမည်အကျော်ကြားဆုံး လူသိအများဆုံး(most popular religion)- ငြိမ်းချမ်းမှု အရှိဆုံး(most peaceful religion) ဘာသာ ဖြစ်သည်။ ဗုဒ္ဓဘာသာ ၏ မေတ္တာ-ကရုဏာ (Loving-kindness) သီလ၊သမာဓိ၊ပညာ နှင့် သည်းခံခြင်း(Tolerance) သည် ကမ္ဘာပေါ်တွင်အလွန်ကျော်ကြားလှသည်။

ကိုးကား

  1. Cousins 1996, pp. 57–63.
  2. Norman 1997, p. 33.
  3. thisismyanmar.com -&nbsp Resources and Information
  4. http://www.sitagu.org/resources/files/Suzan_Hart_&_Sayadaw.pdf Archived 7 July 2010 at the Wayback Machine. (please see page 10 & 11)
  5. Lumbini, the Birthplace of the Lord Buddha - UNESCO World Heritage Centre
  6. http://www.experiencefestival.com/a/Buddha/id/301148
  7. The Buddha and His Noble Path | Vipassana Research Institute
  8. မော်ကွန်းတင်ပြီးမိတ္တူ 7 August 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 3 July 2013 တွင် ပြန်စစ်ပြီး။
  9. buddhist-meditation-techniques.com
  10. မော်ကွန်းတင်ပြီးမိတ္တူ 20 November 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2 March 2013 တွင် ပြန်စစ်ပြီး။
  11. မော်ကွန်းတင်ပြီးမိတ္တူ 5 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 15 September 2013 တွင် ပြန်စစ်ပြီး။
  12. အာနာပါန၊ သတိပဌာန္တရား (၁) - YouTube
  13. အာနာပါန၊ သတိပဌာန္တရား (2) (၁၆-၀၅-၁၉၇၇) - YouTube
  14. အာနာပါန၊ သတိပဌာန္တရား (3) - YouTube
  15. Svět mysli - Gautama Buddha
  16. The Gautama Buddha Avatar - The Ninth Avatar of Lord Vishnu | Divine Brahmanda
  17. Life of Buddha: Birth of the Prince (Part 1)
  18. မော်ကွန်းတင်ပြီးမိတ္တူ 5 September 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 September 2013 တွင် ပြန်စစ်ပြီး။
  19. The Life of Buddha: Part Two: 4. The Buddha Finds His Former Disciples
  20. Buddhist Studies: The Buddha and His Disciples - Teacher of Gods and Men
  21. ဗုဒ္ဓဝင်အကျဉ်း | စႏၵာသူရိယ
  22. thisismyanmar.com -&nbsp Resources and Information
  23. Faith in Buddhism
  24. The True Lord Buddha
  25. https://docs.google.com/file/d/0Bwl_hA7bJaAeYWY2OGFkMWYtYjU 1MC00MWZkLWEyOGEtM2 YzOGFmYWQxY2Vi/edit?pli=1
  26. မော်ကွန်းတင်ပြီးမိတ္တူ 7 July 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 January 2021 တွင် ပြန်စစ်ပြီး။
  27. Dhamma e-Book written by Dr Mehm Tin Mon
  28. သိပ္ပံနယ်လွန်ဗုဒ္ဓဘာသာ(ဒေါက်တာမင်းတင်မွန်).pdf - Google Drive
  29. http://www.chanmyay.org
  30. Hindu Deities: Lord Vishnu 26 May 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 September 2013 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.