ကံ ကံ၏အကျိုး

ပြုလုပ်ကျင့်ကြံ အားထုတ်ထားသော ကုသိုလ်ကံ ၊ အ ကုသိုလ်ကံ(The theory of karma is the theory of cause and effect, of action and reaction; it is a natural law, which has nothing to do with the idea of justice or reward and punishment.")[1][2] [3]တွေကို ဆိုလိုခြင်းဖြစ်သည်။ ကုသိုလ်ကံကြောင့် ကောင်းရာ သုဂတိ ရောက်မည်။ အကုသိုလ်ကံကြောင့် မကောင်းရာ ဒုဂ္ဂတိဘဝရောက်မည်။[4] မည်သည့်ဘဝသို့ ရောက်စေကာမူ သေရ ဦးမည်ဖြစ်သောကြောင့် ကုသိုလ်ကံ ၊ အကုသိုလ်ကံ တို့မှာလည်း တဖန်သေမည့်ဘဝကိုရအောင် ပြုလုပ်ရာ ရောက်နေသော သတ်တတ်သော ၊ သေစေတတ်သော မာရ်ပင် ဖြစ်သည်။

ဘာသာတရား
ဗုဒ္ဓဘာသာ

သမိုင်း
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ
ဘုရားများ
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား
ဆရာ (အစရိယ)
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (ရဟန်းမိန်းမ)
လက္ခဏာရေးသုံးပါး
အနိစ္စ - အနတ္တ - ဒုက္ခ
ရတနာသုံးပါး

ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ

အယူဝါဒ
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ
တိပိဋကနှင့်ကျမ်းစာများ
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်)
အဆင့်များ
ပုထုဇဉ်ကိုရင်ရဟန်းသောတာပန်သကဒါဂါမ်အနာဂါမ်ရဟန္တာဧတဒဂ်ဘုရားနိဗ္ဗာန်
ကျင့်စဉ်များ
သမထဝိပဿနာသတိပဋ္ဌာန်ဓုတင်ကမ္မဋ္ဌာန်းဒုက္ကရစရိယာနိကာယ် ငါးရပ်
ဂါထာများ
ကျင့်ဝတ်သုတ်တော်ဂုဏ်တော်ဂါထာတော်ဘုရားပင့် ဩကာသပုတီးစိပ်နည်း
ဂိုဏ်းများ
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ
နိုင်ငံနှင့်ဒေသများ

သင်္ခါရ တရားကို (၃) မျိုး ခွဲနိုင်သည်။

(၁) ပုညာဘိ သင်္ခါရ = မဟာကုသိုလ် ၊ ရူပကုသိုလ် စေတနာစု ၊ လူ့ဘုံ ၊ နတ်ဘုံ ၊ ရူပ ဗြဟ္မာ ဘုံရောက်ရန် ပြုပြင်သော သင်္ခါရ။ (၂) အပုညာဘိ သင်္ခါရ = အကုသိုလ်စိတ် (၁၂)ခု နှင့်ယှဉ်သော စေတနာစု ၊ အပါယ် (၄)ဘုံ အတွက် ပြုပြင်သော သင်္ခါရ။ (၃) အာနဉ္ဇာဘိ သင်္ခါရ = အရူပ ကုသိုလ် (၄)ခု နှင့် ယှဉ်သော စေတနာစု၊ အရူပ ဗြဟ္မာ ဘုံရောက်ရန် ပြုပြင်သော သင်္ခါရ။ ကုသိုလ်ကံ ၊ အကုသိုလ်ကံ ဆိုသည်မှာ လူသား (ဝါ) သတ္တဝါ၏ ကာယ၊ ဝါစာ၊ ဉာဏ လုပ်အားတို့ပင်ဖြစ်ပေသည်။ အဘိဓမ္မာ သဘောအရဆိုပါကလည်း ကံသည်စေတနာ ပဲဖြစ်သည်။


ပဋ္ဌာန်းမှာ ကမ္မပစ္စယော တိ - ကုသလာ ၊ကုသလံ - ကုသိုလ်အကုသိုလ်ဖြစ်သော ၊ ကမ္မံ - ကံသည် ၊ဝိပါကာနံ - အကျိုးဖြစ်ကုန်သော ၊ ခန္ဓာစ - နာမ်ခန္ဓာ တို.အား၎င်း ၊ ကဋတ္ထာစ ရူပါနံ - ကမ္မဇ ရုပ်တို.အား၎င်း ၊ ကမ္မပစ္စယေန- ကမ္မပစ္စည်း(ကမ္မအကြောင်း) ဖြင်. ၊ ပစ္စယော -ကျေးဇူးပြုသည်၊ ဟောတိ - ဖြစ်၏ ။ …..

စေတနာ - စေတနာသည် ၊ သမ္ပယုတ္တကာနံ - ယှဉ်ဖက်ဖြစ်ကုန်သော ၊ ဓမ္မာနံစ - တရားတို.အား၎င်း ၊ တံသမုဋ္ဌာနာနံ - ထိုစေတနာကြောင့်ဖြစ်ကုန်သော ရူပါနံစ - စိတ္တဇရုပ်တို့အား၎င်း ကမ္မပစ္စယေန- ကမ္မပစ္စည်း(ကမ္မအကြောင်း) ဖြင်. ၊ ပစ္စယော -ကျေးဇူးပြုသည်၊ ဟောတိ - ဖြစ်၏ …ဟုဆိုသည်။

ထို့ကြောင့် ကောင်းခြင်းကိုပြုသောကြောင့် ကောင်းတာဖြစ်ကာ၊ မကောင်းခြင်းကိုပြုသောကြောင့် မကောင်းတာဖြစ်တတ်သကဲ့သို့ ၊ ကောင်းခြင်းကိုပြုသောကြောင့် ကောင်းတာမဖြစ် ၊ မကောင်းခြင်းကိုပြုသောကြောင့် ကောင်းတာဖြစ် တတ်သည့် ဖြစ်စဉ်များလည်းရှိပေသည်။

ကံ- ကံ၏အကျိုး

ပါဠိဘာသာ ကမ္မမှ လာသည်။ ပြုမူခြင်း၊ ပြုလုပ်ခြင်း၊ အမှုဆောင်ခြင်း ကံ၊ အမှုကိစ္စကိုဆိုလိုသည်။ မြန်မာဗုဒ္ဓဘာသာဝင်အများစုသည် ကံအဓိပ္ပာယ်ကို လွဲမှားစွာ ကောက်ယူနားလည်ကြသည်လည်း ရှိသည်။ ကံ ကိုအင်္ဂလိပ်စကားလုံး Action ဟု အနက်ပေးလျှင် ပိုရှင်းလင်း နားလည်နိုင်ပါသည်။ ကံ၏အကျိုး ကိုRe-action ဟု အနက်ပေးလျှင် ပိုရှင်းလင်း နားလည်နိုင်ပါသည်။

ထို ကံ (Action) သည် -

၁။ အကျိုးစီးပွားကို ဖြစ်စေတတ်သော ကုသိုလ်ကံ(Good action) နှင့်

၂။ အကျိုးစီးပွားကို ဖြစ်စေသော အကုသိုလ်ကံ(Bad action) ဟူ၍ နှစ်မျိုးရှိသည်။

ထိုအကုသိုလ်ကံ၊ ကုသိုလ်ကံသည်လည်း -

၁။ ကိုယ်ဖြင့် ပြုလုပ်မှု ကာယကံ၊

၂။ နှုတ်ဖြင့် ပြောဆိုမှု ဝစီကံ၊

၃။ စိတ်ဖြင့် ကြံစည်မှု မနောကံ ဟူ၍ သုံးမျိုးရှိသည်။ ကံ ကံ၏အကျိုး ဖြစ်၏ ။ [5]


အောက်ပါ ကံ (Karma[6]) (သို့မဟုတ်) Kamma[7]( ၄ ) ချက် ပေါ်မူတည်ပါသည်။

ကံ ၊ ကံ ၏အကျိုး action and re-action (or) law of cause and effect ဖြစ်ထွန်းမှု ကို အတိုချုပ်ရရင်-

၁- ချက်ချင်းလက်ငင်း အကျိုး ပေးသော ( ဒိဋ္ဌဓမ္မ ဝေဒနိယ ကံ ) ၂- နောင်ဘဝမှ အကျိုး ပေးသော ( ဥပ ပဇ္ဇဝေဒနိယ ကံ ) ၃- ချက်ချင်းလက်ငင်း ယခုဘဝရော ၊ နောင်ဘဝမှာပါ အကျိုးမ ပေးသေးဘဲ ၊ တတိယ ဘဝမှသည် ကံပိုင်ရှင် ထိုလူသား နိဗ္ဗာန် မရသေးမီ ကြားကာလ တချိန်ချိန် တွင် အကျိုး ပေးမည်။ ( အပရာပရိယ ဝေဒနိယ ကံ ) ၄- ချက်ချင်းလက်ငင်း လည်း အကျိုးပေးခွင့် မရ ဘဲ ကြာလာရာမှ အခြားအင်အားကြီး ကံ တခုခုရဲ့ ဖျက်ဆီးခြင်း ခံလိုက်ရသော ( အဟောသိကံ ) …တို့ဖြစ်သည်။

အဘိဓမ္မာနည်းအရ ဝီထိ တစ်ခုတွင် ပါဝင်သောဇော (၇) ကြိမ် အနက် ပထမဇောစိတ်ဖြင့် ယှဉ်သော စေတနာကံ သည် ဒိဋ္ဌဓမ္မအကျိုး ပေးမည်။ သတ္တမ (၇) ဇောစိတ်နဲ့ ယှဉ်သော စေတနာကံ သည် ဥပ ပဇ္ဇ ဝေဒနိယ (ဒုတိယဘဝ) အကျိုး ပေးမည်။ အလယ်ဇော (၅) ခုသည် အပရာပရိယ ဝေဒနိယအကျိုး ပေးမည် ။ ထိုကံတို့ မရင့်ကျက်နိုင်လျှင် အဟောသိကံ ဖြစ်သွားမည်။

(က) မကောင်းသောကံများ ရှိသော်လည်း ကောင်းသောကံ အားကြီးစေရန် ကိုယ်တိုင် ပြန်လည်စီရင်နိုင်သည်။( ဥပမာ-အရှင် အင်္ဂုလိမာလ …. လူသတ်မှု အကုသိုလ်ကံများမှာ ရဟန္တာဘဝကို အကျိုးပေးခွင့်မရဘဲ အဟောသိကံ ဖြစ်သွားသည်။ )

(ခ) ကောင်းသောကံများရှိ သော်လည်း မကောင်းသောကံ အားကြီးလွန်းသောအခါ အကျိုးပေးခွင့်မရ နိုင်ရန် တားဆီးခြင်းငှာ မတတ်နိုင်တော့ပေ။ ( ဥပမာ - ပထမသံဃာယနာ ၏ ဒါယိကာ ဘုရင် အဇာတသတ်….. အဖကို သတ်သည့် အကုသိုလ်ကြောင့် ဘုရားအား ကြည်ညိုသည့် ပုထုဇဉ်တွေထဲတွင် အသာဆုံးဖြစ်သော်လည်း လောကကုမ္ဘီ ငရဲတွင် လူနှစ် ( ၆၀၀၀၀ ) ခံရရှာဦးမည် ။သို့သော် ငရဲကလွတ်သောအခါ ဝိစိတာဝီ မည်သော ပစ္စေကဗုဒ္ဓ ဖြစ်မည်။)

အရေးကြီးသည်မှာ အကုသိုလ် လုပ်မိလျှင် မတိုးပွားအောင် တိုတိုဖြတ် ၊ သို့မှသာ အကျိုးပေးခွင့်မရ ဘဲ အဟောသိကံ ဖြစ်သွားကြမည်။ ကုသိုလ် လုပ်လျှင် တိုးပွားအောင် အားဆင့်ပေး ၊ သို့မှသာ ကောင်းကျိုးပေးခွင့်ရမည်။ ဒါပေမယ့် ပြုလုပ်တဲ့ ဒါန ၊သီလ ၊ ကံတွေ အပေါ်မှာ လိုချင်တပ်မက်သည့် တဏှာ မကပ်ငြိရပါ။ (မိုးကုတ်ဆရာတော် ဘုရားကြီး အကြိမ်ကြိမ်ဟောလေ့ရှိပါသည်။။ နတ်သမီး ၅၀၀ နှင့် သုဗြဟမ နတ်သားဇာတ်၊မည်သည့် ဘဝရောက်ရောက် သေရဦးမည် ဆိုသည်ကို ထင်ရှားသော ဇာတ်တော်များကို နာယူကြည့်ခြင်းဖြင့် သိနိုင်ပါသည်။)နောက် ဒါန ၊သီလ ၊ဘာဝနာ ပြုနေချိန်မှာ ဘယ်လို စိတ်ထားရမယ်ဆိုတာ ဓမ္မစေတီ ဦးကောသလ၏ ဒသနသမ္ဗဒါ နည်းဖြင့် ရှင်းလင်းပြသသည့် ဒါန ၊ အမြတ်ဆုံးဒါန ၊ သဒ္ဒါမှသည် နိဗ္ဗာန်ဆီသို့ စသောတရားများကို မှတ်သားကြပါ ။ သို့မှာသာ အဘိသင်္ခါရ မာရ်အား အသိဖြင့် တားနိုင်မည်။ အရဟတ္တမဂ်၏ တန်ခိုးဖြင့်သာ အဘိသင်္ခါရ မာရ် ကို အမြစ်ပျက် အောင်နိုင်မည်။ [8][9][10]

ရူပဗေဒပညာရှင်၊ သင်္ချာပညာရှင်၊ နက္ခတ္တဗေဒပညာရှင်၊ အတွေးအခေါ် ပညာရှင်နယူတန် ၏ နိယာမ တွေ့ရှိချက်များသည် ဂေါတမ မြတ်စွာဘုရား၏ ကံ ကံ၏အကျိုး (cause and effect law) အဆုံးအမ အမှန်တရားတော် နောက် နှစ်ပေါင်း(၉ဝဝ) နောက်ကျပြီးမှ နယူတန် သည်(cause and effect law) ၏ အခြေခံ ကို ရှာဖွေ ဖော်ထုတ်နိုင်ခဲ့သည်။ ဆရာကြီးအဲလ်ဘတ် အိုင်းစတိုင်း ၏ ရီလေတီဗတီ သီအိုရီ (Relativity Theory) နိယာမ တွေ့ရှိချက်များသည် ဂေါတမ မြတ်စွာဘုရား၏ ပဋ္ဌာန်း (ပဋ္ဌာန) (cause and effect law) အဆုံးအမ အမှန်တရားတော် နောက် နှစ်ပေါင်း(၂၄ဝဝ) နောက်ကျပြီးမှ အိုင်းစတိုင်း သည်( ၂၄ ပစ္စည်း ပဋ္ဌာန်း (ပဋ္ဌာန)) ၏ အခြေခံ Theory of relativity ( E = mc² )ကို ရှာဖွေ ဖော်ထုတ်နိုင်ခဲ့သည်။ ဗုဒ္ဓဘာသာတွင်အကြောင်းအရာတစ်ခုကိုလေ့လာကျင့်ကြံရာ၌ နည်းစံနစ်ကျသည်။ သိပ္ပံနည်းကျသည်။ ဗုဒ္ဓတရားတော်များသည် အကြောင်းအကျိုး ဆက်စပ်မှုရှိခြင်း၊ ယုတ္တိနည်းကျ လက်တွေ့ကျခြင်း၊ စနစ်တကျ ဖွဲ့စည်းမှု ရှိခြင်း၊ မှန်သည်-မှားသည်၊ လုပ်သင့်သည်-မလုပ်သင့်သည်၊ အကျိုးရှိသည်-အကျိုးမဲ့သည် တို့ကို မိမိတို့ကိုယ်တိုင် ဝေဖန်စမ်းစစ် ခွင့်ရှိခြင်း၊ အချိန်မရွေး၊ နေရာမရွေး၊ လူမျိုး ဘာသာမရွေး လက်တွေ့ကျင့်ကြံပြီး အေးချမ်းမှုကို ကိုယ်တိုင်သိရှိနိုင်ခြင်း၊ အမြဲထာဝရ မှန်ကန်ခြင်း စသော အရည်အချင်းများ ပြည့်စုံသောကြောင့် ဗုဒ္ဓ ၏အဆုံးအမများနှင့် ဗုဒ္ဓဘာသာသည် သိပ္ပံနည်းကျ ဘာသာ အမှန်တရားနှင့် လက်တွေ့သဘာဝကျ သည့် အမှန်ကန်ဆုံးအမှန်တရားဘာသာ လည်း ဖြစ်သည်။ ဗုဒ္ဓဘာသာတွင် တပည့်တို့၏ဝတ္တရား၊ ဆရာတို့၏ဝတ္တရား၊ သားသမီးတို့၏ဝတ္တရား၊ မိဘတို့၏ဝတ္တရား၊ စသည်တို့ရှိရာ ဆရာဝတ် တွင် အတတ်လည်းသင် ပဲ့ပြင်ဆုံးမ သိပ္ပမချန် ဘေးရန်ဆီးကာ သင့်ရာအပ်ပို့ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ ဟုပါရှိသည်။ (၃၈) ဖြာသောမင်္ဂလာတရားတော်တွင်လည်း အပြစ်ကင်းသော သိပ္ပ အတတ်ပညာတို့ကိုတတ်မြောက်ခြင်းသည်လည်း မင်္ဂလာ တစ်ပါးဟု အဆိုရှိပါသည်။ "ကမ္ဘာဦးအစမှ ရှိခဲ့ပြီးသော တွေ့ရှိချက်၊ အမှန်တရားတို့သည် အတိုင်းအတာ တစ်ခု၊ အခြေအနေ အချိန်အခါ နေရာဒေသ တစ်ခု၊ လူအုပ်စုတစ်စု အတွက် သာ မှန်ကန်သည့် အမှန်တရား (customary truth and conventional truth) သမုတိသစ္စာမျှသာ ဖြစ်ကြောင်း၊ အမြဲထာဝရ မှန်ကန်သည့် အမှန်တရား (Universal truth and ultimate truth) ပရမတ္တ သစ္စာ တရားမှာ မြတ်ဗုဒ္ဓ၏ တရားတော်၌သာ တွေ့နိုင်ကြောင်း၊ ဝိဇ္ဇာ၊ သိပ္ပံပညာရှင်တို့၏ တွေ့ရှိချက်များ အပါအဝင် အယူဝါဒဆိုင်ရာ အမှန်တရား အားလုံးတို့၏ ရှေ့ပြေး ပထမ အမှန်ဆုံးတရား ဖြစ်သည်"ဟု သီတဂူ ဆရာတော် အရှင်ဉာဏိဿရချမ်းမြေ့ဆရာတော် အရှင်ဇနကာဘိဝံသဆရာ ဒေါက်တာ မင်းတင်မွန်ဓမ္မာစရိယ ဆရာ ဦးဌေးလှိုင် ဆရာ ဦးကျော်လွင်(နှစ်ဖက်လှ)၊ Egerton C. Baptist နှင့် ဆရာ မြို့မ-မြင့်ကြွယ် တို့က မှတ်ချက် ပြုကြသည်။ [11] [12] [13][14][15][16]

အခြားကြည့်ရန်

ကိုးကား

  1. The Buddhist Understanding of Karma: An Introduction
  2. Buddhism: A Method of Mind Training
  3. http://www.knowledgerush.com/kr/jsp/db/board.jsp?id=77441%5Bလင့်ခ်သေ%5D
  4. Lawrence C. Becker & Charlotte B. Becker, Encyclopedia of Ethics, 2nd Edition, ISBN 0-415-93672-1, Hindu Ethics, pp 678
  5. ဗုဒ္ဓဒေသနာတော်ဝေါဟာရ အဘိဓာန်
  6. Basic Buddhism: The Theory of Karma
  7. http://www.buddhanet.net/cmdsg/kamma.htm
  8. ဆရာ ဦးကျော်လွင်(နှစ်ဖက်လှ) ရေး = ဗုဒ္ဓနှင့် မာရ်နတ် အတွင်းရေး ပဋိပက္ခများ
  9. http://books.google.co.th/books?id=1mXR35jX-TsC&pg=PP5&redir_esc=y#v=onepage&q&f=false
  10. ဆရာ မြို့မ-မြင့်ကြွယ် ရေး = The Lord Buddha and Doctrine of Lord Buddha
  11. The True Lord Buddha
  12. https://docs.google.com/file/d/0Bwl_hA7bJaAeYWY2OGFkMWYtYjU 1MC00MWZkLWEyOGEtM2 YzOGFmYWQxY2Vi/edit?pli=1
  13. မော်ကွန်းတင်ပြီးမိတ္တူ 7 July 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 January 2021 တွင် ပြန်စစ်ပြီး။
  14. Dhamma e-Book written by Dr Mehm Tin Mon
  15. သိပ္ပံနယ်လွန်ဗုဒ္ဓဘာသာ(ဒေါက်တာမင်းတင်မွန်).pdf - Google Drive
  16. g22恒峰娱乐,恒峰娱乐g22在线,www.g22.com
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.