မေတ္တေယျဘုရား

မေတ္တေယျဘုရားဗုဒ္ဓမြတ်စွာဘုရားသည် ဗုဒ္ဓဘာသာ၌ နောင်ပွင့်လတ္တံ့သော ဗုဒ္ဓဘုရားတစ်ဆူဖြစ်လေသည်။ ဤဘဒ္ဒကမ္ဘာတွင် ကကုသန် ဗုဒ္ဓမြတ်စွာဘုရားကောဏဂုံ ဗုဒ္ဓမြတ်စွာဘုရားကဿပ ဗုဒ္ဓမြတ်စွာဘုရားဂေါတမ ဗုဒ္ဓမြတ်စွာဘုရား ဟူ၍ ဗုဒ္ဓမြတ်စွာဘုရား(၄) ဆူ ပွင့်တော်မူခဲ့ပြီး ဖြစ်သည်။ ဤ ဘဒ္ဒကမ္ဘာ တွင် ပဉ္စမမြောက် ဗုဒ္ဓမြတ်စွာဘုရား အဖြစ် မေတ္တေယျဗုဒ္ဓမြတ်စွာဘုရား သည် ပွင့်တော်မူ လတ္တံ့ ဖြစ်သည်။ မေတ္တယျမြတ်စွာဘုရားသည် ဤ ဘဒ္ဒကမ္ဘာအတွင်း ငါးကြိမ်မြောက် ပွင့်တော်မူ လတ္တံ့သော ဘုရားရှင် ဖြစ်သည်။

မေတ္တေယျမြတ်စွာဘုရားကို အရိမေတ္တေယျ (အရိယ မေတ္တယျ) ဟု ခေါ်ကြသည်။ အဇိတ ဟုလည်း ‌ခေါ်ကြသည်။

ဘုရားဆုကိုတောင်းခြင်း

လွန်လေပြီးသောအတိတ်က ကပ်ကမ္ဘာတစ်ခုတွင် သိရိမနတ ဘုရား ပွင့်တော်မူခဲ့သည်။ ထိုမြတ်စွာဘုရားလက်ထက်တော်တွင် မေတ္တေယျဘုရားသည် သင်္ခ မည်သော စကြာဝတေးမင်း ဖြစ်ခဲ့သည်။ တစ်နေ့သောအခါ ထိုစကြဝတေးမင်းသည် သာမဏေတစ်ဦးနှင့် တွေဆုံခဲ့သည်။ ထိုသာမဏေသည် မြတ်စွာဘုရားသည် ပုဗ္ဗာရုံကျောင်းတော်၌ နေတော်မူသည်ကိုလျှောက်သောအခါ သင်္ခသည် သာမဏေအား မင်းအရာကို အပ်ပြီး ဘုရားရှိရာအရပ်သို့ သွားလေသည်။

ထိုသို့သွားသောအခါ ပင်ပန်းကြီးစွာဖြစ်၍ ထိုမြတ်စွာဘုရားထံသို့ မရောက်မည်ကို စိုးရိမ်လေ၏။ ထိုစဉ် သိရိမနတ ဘုရားသည် ဒိဗ္ဗစက္ခုဉာဏ်တော်ဖြင့် ဆင်ခြင်တော်မူသောအခါ ထိုစကြဝတေးမင်း၏အဖြစ်ကိုမြင်၍ မြတ်စွာဘုရားသည် လှည်းသမားလူအိုအသွင် ဖန်ဆင်း၍ခေါ်‌ဝောာ်မူခဲ့လေသည်။

ကျောင်းသို့ရောက်သော် မြတ်စွာဘုရားသည် တရားကို‌ ဟောတော်မူလေ၏။ ထိုအခါ သင်္ခစကြဝတေးမင်းသည် မိမိ၏ ဦးခေါင်းကို လက်သည်းဖြင့်ဖြတ်၍ ဘုရားဆုကို တောင်း၍ အလှူပြုပြီးစုတေ‌‌လေသည်။[1]

ဗုဒ္ဓဝင်

ကေတုမတီပြည်မှ သင်္ခစကြာမင်း၏ ပုရောဟိတ် သုဗြဟ္မာပုဏ္ဏားနှင့် ဗြဟ္မဝတီပုဏ္ဏေးမတို့၏ သားတော်ဖြစ်လတ္တံ့။

အရွယ်ရောက်သော် စန္ဒမုခီ အမည်ရှိသော မင်းသမီးနှင့် လက်ထက်ထိမ်းမြား လတ္တံ့။ သားတော်ဗြဟ္မဝဒ္ဓနတစ်ပါး ဖွားမြင်ပြီးနောက် လောကီစည်းစိမ်ကို ပယ်စွန့်ကာ ပြသာဒ်ယာဉ်ဖြင့်တောထွက်တော်မူလတ္တံ့။

၇ ရက်ကြာမျှ ဒုက္ကရစရိယာ ကျင့်တော်မူပြီးနောက် ကံ့ကော်ဗောဓိပင်ရင်းဝယ် သဗ္ဗညုတဉာဏ်ကိုရ၍ ဘုရားဖြစ်တော်မူ လတ္တံ့။ ထိုမြတ်စွာဘုရား၏ အဂ္ဂသာဝက ၂ ပါးကား အသောက မထေရ်နှင့် ဗြဟ္မဒေဝမထေရ်ဖြစ်လတ္တံ့။ အဂ္ဂသာဝိကာ ၂ ပါးကားပဒုမာထေရီနှင့် သုမနထေရီဖြစ်လတ္တံ့။ အလုပ်အကျွေးကား သီဟမထေရ် ဖြစ်လတ္တံ့။

ထိုမြတ်စွာဘုရား၏ ဉာဏ်တော် အမြင့်ကား ၈၈ တောင် မြင့်လတ္တံ့။ သက်တော် ရှစ်သောင်း နေရလတ္တံ့ ။ ထိုမြတ်စွာဘုရား၏ သာသနာသည် အနှစ်တစ်သိန်း ရှစ်သောင်းတိုင်တိုင် တည်လတ္တံ့။[2][3]

ကိုးကား

  1. ဒီပဲယင်းဆရာတော် စီရင်ထားသော အနာဂတ်တဝင်ကျမ်း
  2. အနာဂတ်တဝံသကျမ်းတွင်မူ သုံးသိန်းခြောက်သောင်းဟုဆိုထားသည်။
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)


မှတ်စု

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.