သည်းခံခြင်း

သည်းခံခြင်း Patience (or) forbearing သည် မင်္ဂလသုတ် တွင် ပါဝင်သည်။ ကမ္ဘာသူ ကမ္ဘာသား သတ္တဝါအားလုံးတို့အား ချမ်းသာကိုပေးတတ်သော မင်္ဂလာတရားဖြစ်သည်။ သည်းခံခြင်း(Khandi) တရားသည် ကမ္ဘာ့ မင်္ဂလာတရား ဖြစ်သည်။

မင်္ဂလသုတ် မြန်မာပြန်တွင် “အို... နတ်သား... သည်းခံတတ်ခြင်း ၊ သူတော်ကောင်းတို့က ဆုံးမသည့်စကားကို နာယူလွယ်ခြင်း ၊ သူတော်ကောင်းရဟန်းပုဏ္ဏားတို့အား ဖူးမြင်ရခြင်း ၊ အခါအခွင့်သင့်တိုင်း တရားဆွေးနွေး မေးမြန်းခြင်း ၊ ဤတရားလေးပါးကိုလည်း မြတ်သော မင်္ဂလာ ဟူ၍ သင် မှတ်သားဦးလော့ (ခန္တီစ သောဝစဿတာ၊သမဏာနဉ္စ ဒဿနံ၊ကာလေန ဓမ္မသာကစ္ဆာ၊ဧတံ မင်္ဂလ မုတ္တမံ”ဟူ၍ဗုဒ္ဓမြတ်စွာဘုရားကမိန့်ဆိုခဲ့သည်။

မင်္ဂလသုတ် သည် ဗုဒ္ဓ မြတ်စွာဘုရား ၏ လူမှုကျင့်ဝတ်များဆိုင်ရာ သဘောထားများကို လေ့လာလိုလျှင် ချန်လှပ်ထားခဲ့၍ မဖြစ်နိုင်သော သုတ္တန် လည်းဖြစ်သည်။ မင်္ဂလသုတ်ပါဠိတော်သည် ဘုန်းတော်ကြီးသင် ပညာရေးစနစ်၌ သင်ပုန်းကြီးပြီးလျှင်ပြီးချင်း မဖြစ်မနေသင်ယူရသော သင်ခန်းစာလည်းဖြစ်သည်။ မြန်မာနိုင်ငံ တွင် နွေရာသီကျောင်းပိတ်ရက်များ၌ အခြေခံပညာကျောင်းသားများသည် ဘုန်းကြီးကျောင်းများ၌ ဖြစ်စေ၊ ဗုဒ္ဓကလျာဏယုဝအသင်း အစရှိသော ဘာသာရေးအသင်းများမှ ဦးစီးဖွင့်လှစ်သည့် သင်တန်းများမှာဖြစ်စေ လေ့လာသင်ယူကြသည်။ မင်္ဂလာတရား ၃၈-ပါး တွင် ခန္တီစ မင်္ဂလာ- နေရာတိုင်း၌ သည်းခံရခြင်း သည် မင်္ဂလာတရားဖြစ်ကြောင်း ပါဝင်သည်။ မင်္ဂလာတရား (၃၈) ပါးကို ဗုဒ္ဓမြတ်စွာအား သကြားမင်းက မထင်မရှား နတ်သားအသွင်ကို ဆောင်ယူလျှက် သဝတ္ထိပြည် ၊ ဇေတဝန် ကျောင်းတော်၌ အကာလ ည အခါတွင် တောင်းပန် လျှောက်ထားမှု ကြောင့် လူ ၊ နတ် ၊ ဗြဟ္မာ Gods တို့၏ အကျိုးငှာ ဟောကြားတော် မူခဲ့ခြင်း ဖြစ်သည်။ [1][2][3][4]လူသားတိုင်း သည်းခံခြင်းတရား ပြည့်စုံနိုင်စေရန် လူသားတိုင်း မေတ္တာ တရားတို့ကို ဖြည့်ဆည်းထားရန် လိုအပ် ပါသည်၊၊ ဗုဒ္ဓ မြတ်စွာဘုရား နှင့် ဗုဒ္ဓဘာသာပါရမီဆယ်ပါး တွင် ခန္တီ ပါရမီ (သည်းခံခွင့်လွှတ်မှုကို ဖြည့်ကျင့်ခြင်း) ပါဝင်သည်၊၊ နာယက ပြုလုပ်သူတို့ လိုက်နာရမည့် နာယကဂုဏ် ၆-ပါး နှင့် မင်းကျင့်တရား (၁၀)ပါး တွင် သည်းခံခြင်း(ခေါ်) ခန္တီတရားများ ထားရှိရခြင်းပါဝင်သည်၊၊

ပြင်ပလင့်ခ်များ

ကျမ်းကိုး

  1. သုတေသန သရုပ်ပြအဘိဓာန်
  2. My Buddhist Life » Five Buddhist techniques for practising patience 5 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 September 2013 တွင် ပြန်စစ်ပြီး။
  3. Buddhism :: Bodhisattva :: Patience
  4. Buddhism Is a Real True Scientific Religion because.., article by Myoma Myint Kywe
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.