တရားဂုဏ်တော်
ဘာသာတရား ![]() | |
သမိုင်း | |
ဗုဒ္ဓဝင် - သမိုင်း - သင်္ဂါယနာများ | |
ဘုရားများ | |
နှစ်ကျိပ်ရှစ်ဆူ- ကကုသန်ဘုရား- ကောဏဂုံဘုရား- ကဿပဘုရား-ဂေါတမဘုရား၊ | |
ဆရာ (အစရိယ) | |
သိဒ္ဓတ္ထဂေါတမ - ဘိက္ခု (ရဟန်း) - ဘိက္ခုနီ (ရဟန်းမိန်းမ) | |
လက္ခဏာရေးသုံးပါး | |
အနိစ္စ - အနတ္တ - ဒုက္ခ | |
ရတနာသုံးပါး | |
ရတနာသုံးပါး-ဗုဒ္ဓ - ဓမ္မ - သံဃာ | |
အယူဝါဒ | |
သစ္စာလေးပါး - ခန္ဓာငါးပါး - ငါးပါးသီလ - သီတင်းသီလ | |
တိပိဋကနှင့်ကျမ်းစာများ | |
တိပိဋက (ဝိနည်းပိဋကတ် - သုတ်ပိဋကတ် - အဘိဓမ္မာပိဋကတ်) | |
အဆင့်များ | |
ပုထုဇဉ်၊ ကိုရင်၊ ရဟန်း၊ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ၊ ဧတဒဂ်၊ ဘုရား၊ နိဗ္ဗာန် | |
ကျင့်စဉ်များ | |
သမထ၊ ဝိပဿနာ၊ သတိပဋ္ဌာန်၊ ဓုတင်၊ ကမ္မဋ္ဌာန်း၊ ဒုက္ကရစရိယာ၊ နိကာယ် ငါးရပ်၊ | |
ဂါထာများ | |
ကျင့်ဝတ်၊ သုတ်တော်၊ ဂုဏ်တော်၊ ဂါထာတော်၊ ဘုရားပင့်၊ ဩကာသ၊ ပုတီးစိပ်နည်း၊ | |
ဂိုဏ်းများ | |
ထေရဝါဒ - မဟာယာန-တိဘက်ဗုဒ္ဓဘာသာ | |
နိုင်ငံနှင့်ဒေသများ | |
![]() |
---|
တရား ဂုဏ်တော် ၆-ပါး မှာ
- သွာက္ခာတော ဘဂဝတာ ဓမ္မော
- သန္ဒိဋ္ဌိကော
- အကာလိကော
- ဧဟိပဿိကော
- ဩပနေယျိကော
- ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ။
အဓိပ္ပာယ်များ
- သွာက္ခာတ ဂုဏ်တော်
- မြတ်စွာဘုရား ကောင်းစွာ ဟောထားသည့်တရားဖြစ်ခြင်းဂုဏ်။
- သန္ဒိဌိက ဂုဏ်တော်
- ကိုယ်တိုင်ကျင့်လျှင် ကိုယ်တိုင်သိနိုင်သော တရားဖြစ်ခြင်းဂုဏ်။
- အကာလိက ဂုဏ်တော်
- အခါမလပ် အကျိုးပေးခြင်း၊ မဂ်ရလျှင် ဖိုလ်ချက်ချင်း ဖြစ်ခြင်းဂုဏ်။
- ဧဟိပဿိက ဂုဏ်တော်
- 'လာပါ၊ ကျင့်စမ်းပါ' ဟု ရဲရဲဝံဝံ ဖိတ်ခေါ်ထိုက်ခြင်း၊ အစမ်းသပ်ခံနိုင်ခြင်း ဂုဏ်။
- ဩပနေယျိက ဂုဏ်တော်
- မိမိစိတ်၌ အမြဲကပ်၍ ဆောင်ထားသင့်ခြင်းဂုဏ်။
- ပစ္စတ္တံ ဝေဒိတဗ္ဗ ဝိညူဟိ ဂုဏ်တော်
- အရိယာတို့သည် နိဗ္ဗာန်ချမ်းသာကို အသီးသီး လက်တွေ့ ခံစားနိုင်ခြင်းဂုဏ်။
မဟာစည်ဆရာတော်ကြီး ၏ မြန်မာပြန်
- ဘဂဝါတော- မြတ်စွာဘုရားရှင်၊ အက္ခတော- ဟောကြားတော်မူအပ်သော၊ ဓမ္မော- မဂ်လေးပါး၊ ဖိုလ်လေးပါး၊ နိဗ္ဗာန်၊ ပရိယတ်အားဖြင့် ဆယ်ပါးသော တရားတော်မြတ်သည် ---
- သွာက္ခာတော - ကိလေသာငြိမ်းကြောင်း ကောင်းမွန်မှန်ကန်စွာ ဟောအပ်သော တရားတော်။
- သန္ဒိဋ္ဌိကော - ကျင့်ကြံအားထုတ်လျှင် မျက်မှောက်ကိုယ်တိုင် တွေ့မြင်နိုင်သော တရားတော်။
- အကာလိကော - အချိန်အခွင့် မဆိုင်းလင့်ဘဲ အသင့်လက်ငင်း ချက်ခြင်းအကျိုးပေးတတ်သော တရားတော်။
- ဧဟိပဿိကော - “ လာပါ၊ ကြည်လှည့်ပါ ” ဟု ကျင့်ကြံအားထုတ်ရန် ဖိတ်မန်တိုက်တွန်းထိုက်သော တရားတော်။
- ဩပနေယျိကော - မိမိသန္တာန်၌တည်အောင် ကျင့်ဆောင်ထိုက်သော တရားတော်။
- ပစ္စတ္တံဝေဒိတဗ္ဗော ဝိညူဟိ - တရားသိမြင်သည့် ပညာရှိရှစ်ပါးအရိယာများသာလျှင် အသီးသီးသိမြင်ခံစားရသော တရားတော်။
ကိုးကားချက်
- ယဉ်ကျေးလိမ္မာ ရင်သွေးကမ္ဘာ-ဒေါက်တာ မင်းတင်မွန်
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.