ကိန်းရင်း

ဤစာမျက်နှာမှာ သင်္ချာဘာသာရပ်ရှိ ကိန်းရင်းများ (algebraic numbers) များအကြောင်းရေးရန်ဖြစ်သည်။

"ကိန်းရင်း" ကို ဤနေရာသို့ ညွှန်းသည်။ ပိုမို ကျယ်ပြန်သော့ ကိန်းများအကြောင်း အတွက် ကိန်း တွင်ရှုပါ။

ကိန်းရင်းနှင့် ကိန်းလွန် (Algebraic vs. Transcendental)

ကွန်ပလက်စ်ကိန်းတစ်ခုကို ကိန်းပြည့်အမြှောက်ကိန်း (integer coefficient) များသာပါဝင်သည့် ပိုလီနိုမီရယ် ညီမျှခြင်းတစ်ခု၏ ကိန်းရင်းအဖြေ (root) အဖြစ်ဖော်ပြနိုင်ပါက ၎င်းကွန်ပလက်ကိန်းကို ကိန်းရင်းဟု ခေါ်သည်။ သာဓကဆောင်ရသော် -၃ မှာ ၏ အဖြေတစ်ခုအဖြစ် ဖော်ပြနိုင်သောကြောင့် ကိန်းရင်းတစ်ခုဖြစ်သည်။ ရာရှင်နယ်ကိန်းတိုင်းမှာ a/b (ဤတွင် b မှာ သုညမဟုတ်) သဏ္ဌာန်ရှိ၍ ပိုလီနိုမီရယ်ညီမျှခြင်း၏ အဖြေဖြစ်ရာ ရာရှင်နယ်ကိန်းတိုင်းမှာ ကိန်းရင်းများဖြစ်သည်။ ထို့အတူ နှင့် တို့မှာ အီရာရှင်နယ်ကိန်းနှင့် ကိန်းယောင်အသီးသီး ဖြစ်သော်လည်း နှင့် တို့၏ မသိကိန်းအဖြေများ အသီးသီးဖြစ်သောကြောင့် ၎င်းတို့မှာလည်း ကိန်းရင်းများ ဖြစ်ကြသည်။

ကိန်းရင်းမဟုတ်သော ကွန်ပလက်စ်ကိန်းများကို ကိန်းလွန်များ (transcendental numbers) ဟုခေါ်သည်။ တစ်နည်းဆိုရသော် ကိန်းပြည့်အမြှောက်ကိန်းသက်သက်ပါ ပိုလီနိုမီရယ် ညီမျှခြင်းတစ်ခု၏ အဖြေအဖြစ် ဖော်ပြ၍မရသော ကွန်ပလက်စ်ကိန်းများကို ကိန်းလွန်များဟု ခေါ်သည်။ သာဓကဆိုရသော် အစရှိသည်တို့ဖြစ်သည်။

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.