ကိုယ်ကျင့်တရား

ကိုယ်ကျင့်တရား (Morality) သည် လူတို့တွင် မရှိမဖြစ်လိုအပ်သော ဂုဏ်တစ်ရပ် ဖြစ်သည်။ ကိုယ်ကျင့်သီလကောင်းခြင်းသည် အကောင်းဆုံးဝါဒဖြစ်သည်။ လူသားတိုင်း ရိုးသားဖြောင့်မတ်စွာကျင့်ကြံရာ၏။ လူသားတိုင်း ရိုးသားဖြောင့်မတ်ရန် ကိုယ်ကျင့်တရားကောင်းရန် အရေးကြီး၏။ ကိုယ်ကျင့်တရားသည် ကောင်းကျိုးအားလုံး၏ အရင်းခံ ရေသောက်မြစ်ကြီးဖြစ်သည်။ ကောင်းရာ သုဂတိဘဝသို့ ပို့ဆောင်ပေးနိုင်သော အထူးယာဉ်ကြီးလည်း ဖြစ်သည်။ မျက်မှောက်သံသရာ နှစ်ဖြာသော ဘဝအတွက် အရိပ်ပမာ အမြဲလိုက်ပါလျက် အကျိုးဆောင် မိတ်ကောင်းမိတ်စစ် ဖြစ်သည်။ အလှတိုးစေနိုင်သော အဆင်းတန်ဆာကောင်းလည်း ဖြစ်သည်။ ကိုယ်နှုတ်ကိုယဉ်ကျေးအောင်ထိန်းကွပ်ပေးသော သက်ဆိုင်ရာကျင့်ဝတ်သီလများကို ကိုယ်ကျင့်တရား ဟု ခေါ်သည်။ ကိုယ်ကျင့်တရားသည် လူတစ်ယောက်နေ့စဉ်ပြုကျင့်သည် အပြုအမူ၊ အကျင့်စရိုက်၊ အကျင့်စာရိတ္တ၊ ကျင့်ဝတ်တရား၊ အလေ့အထ စသည်တို့ဖြစ်သည်။ ...ကိုယ်ကျင့်တရားရှိမှ ယဉ်ကျေးသူဖြစ်မည်။ ...အများချစ်ခင်လေးစားမည်။ ...မိမိကိုယ်တိုင်လည်း စိတ်ချမ်းသာမည်... ဟု မြို့မ-မြင့်ကြွယ် က မှတ်ချက်ပြုသည်။ အထူး အောင်မြင်ကျော်ကြားသော ခေါင်းဆောင်ဆရာကြီးများ အမြင့်ဆုံးသော အတိုင်းအတာတစ်ခု အထိ ရောက်သွားသည့်အခါ ရုတ်တရက် ဆုံးရှုံးပြိုလဲသွားခြင်းမျိုး သတိပြုမိကြပါလိမ့်မည်။ ထိုသို့ ဖြစ်ရသည့် အကြောင်းရင်းမှာ ကိုယ်ကျင့်တရား ကြောင့် ဖြစ်ပါသည်။ ချမ်းသာကြယ်ဝခြင်း ဆုံးရှုံးသည့်အခါ ဘာမှ ဆုံးရှုံးမှုမရှိပါ။ ကျန်းမာရေး ဆုံးရှုံးသည့်အခါ တစ်စုံတစ်ခုကို ဆုံးရှုံးပါသည်။ ကိုယ်ကျင့်တရားဆုံးရှုံးပျက်စီးသည့်အခါ ဘဝတစ်ခုလုံး ဆုံးရှုံးသည်။ ... ဟု အတွေးအခေါ်ပညာရှင်ကြီး ဆိုကရေးတီး က ဤသို့ ဆိုခဲ့ဖူးပါသည်။ စီးပွားရေး၊ ကြီးပွားရေး၊ ပညာရေး စသော ကောင်းကျိုးသီးပွင့်များ ဖြစ်ရခြင်းသည် ကိုယ်ကျင့်တရားမှ အခြေခံခဲ့သည်။ ကိုယ်ကျင့်သီလကောင်းခြင်း SILA သည် ဗုဒ္ဓဘာသာ တွင် လွန်စွာအရေးကြီးသော အရည်အချင်းတစ်ရပ်လည်းဖြစ်သည်။ သီလ ဟူသည် ပါဠိဘာသာစကားဖြစ်ပြီး ကိုယ်၊နှုတ်၊စိတ် အပြုအမူ ကျင့်ဝတ်တစ်ခုခုကို စောင့်ထိန်းဆောက်တည်ခြင်းဟု အဓိပ္ပါယ်ရပါသည်။ Sīla is one of the three practices foundational to Buddhism and the non-sectarian Vipassana movement — sila, samadhi, and panna as well as the Theravada foundations of sīla, dana, and bhavana. ကိုယ်ကျင့်သီလ ကိုစောင့်ထိန်းဆောက်တည်ခြင်းအားဖြင့် အသက်ရှည်ခြင်း၊ အနာရောဂါကင်းခြင်း၊ ကျန်းမာခြင်း စသောကောင်းကျိုးများအပြင် ကောင်းရာသုဂတိဘုံဘဝများသို့ ရောက်ရှိခြင်းနှင့် ဝိပဿနာဉာဏ်၊ မဂ်ဉာဏ်များအထိ ကျေးဇူးပြုနိုင်ခြင်း စသည့် ကောင်းကျိုးများကို ရရှိခံစားစေနိုင်ပါသည်။ ဘုရားလောင်းအဆက်ဆက်တို့ ဖြည့်ဆည်းအပ်သော ပါရမီဆယ်ပါး တွင်လည်း သီလပါရမီ သည် တစ်ခုအပါအဝင်ဖြစ်ပါသည်။ နူးညံ့သိမ်မွေ့သောလူတစ်ယောက်ဖြစ်လာ၏။ ကောင်းသောအသက်မွေးခြင်း ဖြင့်လည်း နေထိုင်တတ်လာ၏။ ထိုသို့ ကိုယ်ကျင့်သီလကောင်းများရှိလာသည့်အတွက်လည်း မိမိ၏ကိုယ်ကျင့်သီလကောင်းများကို ယုံကြည်လေးစားတန်ဖိုးထားကာ မိမိ၏ ပတ်ဝန်းကျင်ရှိ သူတို့ကလည်း အတုလိုက်နေထိုင်လာကြလျှင် မိမိကြောင့် ပတ်ဝန်းကျင်ရှိ သူတကာတို့ အကျင့်ကောင်းများ အတုလိုက်၍ ကျင့်ကြံနိုင်လာကြပေမည်။ ကိုယ်ကျင့်သီလ ကောင်းသူတို့ အချင်းချင်း ပေါင်းဖော်လုပ်ကိုင်ဆောင်ရွက်ကြရသော မည်သည့်လုပ်ငန်းဖြစ်စေ အောင်မြင် ကြီးပွား အကျိုးများသည်သာဖြစ်ချေသည်။ ဒါန သီလ ဘာဝနာ သုံးပါးတို့တွင် သီလသည် ကုသိုလ်တရားအားလုံးတို့၏ အစဖြစ်၍ သီလကို ရှေးဦးစွာ လုံခြုံစေပြီးမှသာ ကျန်ကုသိုလ်များကို ပြုရသည့်အတွက် ကုသိုလ်အားလုံးတွင် “ကိုယ်ကျင့်တရား (သီလ) သည်သာ ပဓာန” ဖြစ်သည်။


ကျမ်းကိုး

    This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.