ကိုလင်ဒါ ဂရာဘာ-ကီတာရိုဗစ်ချ်

ကိုလင်ဒါ ဂရာဘာ-ကီတာရိုဗစ်ချ် ( ၁၉၆၈ ဧပြီလ ၂၉ ရက်မွေး) သည် ခရိုအေးရှားနိုင်ငံမှ နိုင်ငံရေးသမားနှင့် သံတမန်တစ်ဦးဖြစ်ပြီး ခရိုအေးရှားနိုင်ငံ၏ စတုတ္ထမြောက် နှင့် လက်ရှိ သမ္မတ အဖြစ် ၂၀၁၅ ခုနှစ်မှ စတင်၍ တာဝန်ထမ်းဆောင်လျှက် ရှိသည်။ သူမသည် ၁၉၉၀ ခုနှစ် ခရိုအေးရှားနိုင်ငံ၏ ပါတီစုံ ရွေးကောက်ပွဲအပြီးတွင် ပထမဆုံး ရွေးကောက်တင်မြှောက်ခံရသော အမျိုးသမီး တစ်ဦးလည်း ဖြစ်သည်။ အသက် ၄၆ နှစ်သာ ရှိသေးသဖြင့် အသက်အငယ်ဆုံးသော သမ္မတတစ်ဦးလည်း ဖြစ်သည်။ [1][2][3]

ကိုလင်ဒါဂရာဘာ-ကီတာရိုဗစ်ချ်
Kolinda Grabar-Kitarović

ကိုလင်ဒါ ဂရာဘာ-ကီတာရိုဗစ်ချ်
ခရိုအေးရှားနိုင်ငံ သမ္မတ
စတုတ္ထမြောက်
၁၉ ဖေဖော်ဝါရီ ၂၀၁၅ -
ယခင် အိုင်ဗို ဂျိုဆီပိုဗစ်ချ်
နေတိုးအဖွဲ့ ၊ အများပြည်သူဆိုင်ရာ သံတမန်ရေးရာ
လက်ထောက်အထွေထွေ အတွင်းရေးမှူး
၄ ဇူလိုင် ၂၀၁၁ - ၂ အောက်တိုဘာ ၂၀၁၄
ယခင် စတက်ဖနီဘတ်ဒ် ယာယီ
ဆက်လက် တက်ဒ်ဝှိုက်ဆိုက်ဒ် ယာယီ
ခရိုအေးရှား အမေရိကန်သံရုံး
သံအမတ်
၈ မတ်လ ၂၀၀၈ - ၄ ဇူလိုင် ၂၀၁၁
ယခင် နီဗန်ဂျူရီကာ
ဆက်လက် ဗိုက်စ် ဆကရာစစ်ယာယီ
ကိုယ်ရေး အချက်အလက်
အမည်ရင်း ကိုလင်ဒါ ဂရာဘာ-ကီတာရိုဗစ်ချ်
မွေးနေ့ (1968-04-29) ၂၉ ဧပြီ၊ ၁၉၆၈
မွေးရပ်ဇာတိ ရီဂျေကာ၊ ခရိုအေးရှား ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ ယူဂိုဆလားဗီးယားနိုင်ငံ
ပညာရေး B.A (English, Spanish Language & Literature)(ဇာဂရက်ဘ် တက္ကသိုလ်)
ဒီပလိုမာ(ဗီယင်နာ သံတမန်တက္ကသိုလ်)
ပါတီ ခရိုအေးရှန်း ဒီမိုကရက်တစ် သမဂ္ဂ (၁၉၉၃–၂၀၁၅) ၊ တသီးပုဂ္ဂလ (၂၀၁၅–လက်ရှိ)
ကြင်ဖော် ဂျာကော့ဗ် ကီတာရိုဗစ်ချ် (၁၉၉၆–present)
သားသမီး
ဝဘ်ဆိုတ် အစိုးရ အင်တာနက်စာမျက်နှာ

ဂရာဘာ-ကီတာရိုဗစ်ချ်သည် သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်း မခံရမီက အစိုးရဆိုင်ရာနှင့် သံတမန်ရေးရာတို့၌ ရာထူးအချို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ သူမသည် ၂၀၀၃ မှ ၂၀၀၅ ခုနှစ် အထိ ဥရောပရေးရာ ဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၅ မှ ၂၀၀၈ ခုနှစ် အထိ နိုင်ငံခြားရေးရာနှင့် ဥရောပ ပေါင်းစည်းရေးဆိုင်ရာ ပထမဆုံး အမျိုးသမီး ဝန်ကြီး အဖြစ်တာဝန် ထမ်းဆောင်ခဲ့ပြီး ဝန်ကြီးချုပ် အိုင်ဗိုဆနာဒါ၏ ပထမနှင့် ဒုတိယ အစိုးရ အဖွဲ့ နှစ်ခုစလုံးတွင် တာဝန်ထမ်းဆောင်ခဲ့ခြင်း ဖြစ်သည်။ ၂၀၀၈ မှ ၂၀၁၁ အထိ အမေရိကန်နိုင်ငံတွင် ခရိုအေးရှား သံအမတ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး နေတို့းအဖွဲ့တွင် အများပြည်သူဆိုင်ရာ သံတမန်ရေးရာ ကဏ္ဍ၏ လက်ထောက် အထွေထွေ အတွင်းရေးမှူးချုပ် အဖြစ် ၂၀၁၁ မှ ၂၀၁၄ အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ [4]


ဂရာဘာ-ကီတာရိုဗစ်ချ်သည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ နှင့် ၂၀၁၅ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပသော ခရိုအေးရှား သမ္မတ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သူ ၄ ဦး အနက် တစ်ဦးတည်းသော အမျိုးသမီး အဖြစ် ပါဝင်ယှဉ်ပြိုင် အရွေးခံခဲ့ပြီး ပထမအဆင့်တွင် ဒုတိယ နေရာရရှိခဲ့ကာ ဒုတိယ အဆင့်တွင် လက်ရှိသမ္မတ အိုင်ဗိုဂျိုဆီပိုဗစ်အား မဲအနည်းငယ်မျှ အသာဖြင့် အနိုင်ရခဲ့သည်။ ပထမအဆင့်တွင် သူမ၏ အနိုင်ရမှုအား အများစုက မမျှော်လင့်ထားကြပဲ ထင်မြင်ယူဆချက်များကို မဲအနေဖြင့် ကောက်ခံရာတွင် အများစု၌ လက်ရှိ သမ္မတ ဂျိုဆီပိုဗစ်အနေနှင့် အပြတ်အသတ် အနိုင်ရမည်ဟု ခန့်မှန်းကြပြီး အချို့ဆိုလျှင် လိုအပ်သည့် မဲ ၅၀% ကျော်ကို တစ်ခါတည်းဖြင့် ရရှိလိမ့်မည်ဟု ထင်မြင်ချက်ပေးကြသည်။ ဒုတိယအဆင့်တွင် ဂရာဘာ-ကီတာရိုဗစ်ချ်သည် ဂျိုဆီပိုဗစ်အား အနီးစပ်ဆုံး ရာခိုင်နှုန်းအသာဖြင့် အနိုင်ရရှိခဲ့ပြီး ၁.၄၈% မျှသာ ဖြစ်သဖြင့် ယနေ့အထိ ခရိုအေးရှားတွင် ကျင်းပပြုလုပ်သော ရွေးကောက်ပွဲများတွင် အနည်းဆုံး အသာရမှုဖြစ်ပြီး အရွေးချယ်ခံပြီးခဲ့သမျှ သမ္မတများတွင် အနည်းဆုံး မဲအရေအတွက်ဖြစ်သော ၁.၁၁၄ သန်း မျှ သာ ရရှိခဲ့သည်။ ထို့ပြင် နိုင်ငံတွင် ယခင်က ၂၀၀၉ မှ ၂၀၁၁ အထိ အမျိုးသမီး ဝန်ကြီးချုပ် ဂျန်ဒရာကာ ကိုဆော် ရှိခဲ့သဖြင့် ဂရာဘာ-ကီတာရိုဗစ် သမ္မတအဖြစ် အရွေးချယ်ခံရချင်းကြောင့် ခရိုအေးရှားနိုင်ငံသည် အမျိုးသမီး နိုင်ငံ့ဥသျှောင် နှင့် အစိုးရခေါင်းဆောင် နှစ်ခုစလုံး ရှိခဲ့ဖူးသော ပါလီမန် သမ္မတနိုင်ငံ အနည်းငယ်တွင် စာရင်းဝင်ခဲ့သည်။

ဂရာဘာ-ကီတာရိုဗစ်ချ်သည် ၁၉၉၃ မှ ၂၀၁၅ အထိ ရှေးရိုးစွဲသော ခရိုအေးရှန်း ဒီမိုကရက်တစ် သမဂ္ဂ ပါတီ၏ ပါတီဝင် ဖြစ်ခဲ့သည်။ [5] ဂျပန် အနောက်ဥရောပနှင့် မြောက်အမေရိကတို့ ပူးပေါင်းဆောင်ရွက်သော ထရိုင်လက်ထရယ် ကော်မရှင် အဖွဲ၏ ခရိုအေးရှား အဖွဲ့ဝင် သုံးဦးတွင် တစ်ဦး အဖြစ်ပါဝင်ခဲ့သည်။[6] သို့သော်လည်း သမ္မတ ဖြစ်လာသော အခါတွင် ထိုနှစ်နေရာစလုံးမှ နုတ်ထွက်ခဲ့ရသည်။ အကြောင်းမှာ ခရိုအေးရှား သမ္မတ အနေနှင့် နိုင်ငံရေး ရာထူး နှင့် ပါတီဝင် အဖြစ် သမ္မတ တာဝန်ထမ်းဆောင်နေစဉ် လုပ်ဆောင်ခွင့် မပြုသောကြောင့် ဖြစ်သည်။[7] ၂၀၁၇ ခုနှစ်တွင် ဖော်ဘီ မဂ္ဂဇင်းမှ ဂရာဘာ-ကီတာရိုဗစ်အား ကမ္ဘာပေါ်တွင် ၃၉ ယောက်မြောက် ဩဇာအာဏာ အရှိဆုံး အမျိုးသမီး အဖြစ် စာရင်းသွင်း ဖော်ပြခဲ့သည်။[8]


ကိုးကား

  1. Grabar-Kitarovic elected Croatia's first woman president (12 January 2015)။
  2. "Kolinda Grabar-Kitarovic elected president of Croatia"၊ 11 January 2015။
  3. Hina (2015-02-15)။ NOVA PREDSJEDNICA Evo što svjetske agencije javljaju o Kolindinoj inauguraciji Jutarnji.hr။ 2016-05-01 တွင် ပြန်စစ်ပြီး။
  4. NATO (29 August 2014)။ NATO – Biography: Kolinda Grabar-Kitarovic, Assistant Secretary General for Public Diplomacy NATO
  5. Kolinda se javila šefu Karamarku: Izlazim iz HDZ-a Jutarnji.hr။ 6 March 2015 တွင် ပြန်စစ်ပြီး။
  6. Kolinda Grabar Kitarović - nova nada Hrvatske Narodni List 6 March 2015 တွင် ပြန်စစ်ပြီး။
  7. Kolinda više nije članica Rockefellerove Trilaterale, jedne od najmoćnijih grupa na svijetu - Vijesti Index.hr။ 2015-09-06 တွင် ပြန်စစ်ပြီး။
  8. FORBESOV IZBOR Kolinda Grabar-Kitarović je 39. najmoćnija žena na svijetu 6 February 2018 တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.