ကိုလုံးမြို့
ကိုလုံးမြို့ သည် ဘာလင်မြို့၊ ဟမ်းဗတ်မြို့ နှင့် မြူးနစ်မြို့ တို့ပြီးလျှင် ဂျာမနီနိုင်ငံ ၏ စတုတ္ထမြောက် အကြီးဆုံးမြို့ ဖြစ်သည်။ နေထိုင်သူ လူဦးရေ ၁၀သန်းကျော် ရှိပြီး ဥရောပ၏ အဓိက မြို့ပြဒေသကြီးများထဲတွင် တစ်ခု အပါအဝင် ဖြ်စသည်။

ကိုလုံးမြို့သည် ရိုင်းမြစ်၏ မြစ်ကမ်းနှစ်ဖက်စလုံးတွင် တည်ရှိသည်။ ကိုလုံးတက္ကသိုလ်သည် ဥရောပ၏ အကြီးဆုံး နှင့် ရှေးအကျဆုံး တက္ကသိုလ်များတွင် တစ်ခု အပါအဝင် ဖြစ်သည်။
ကိုလုံးမြို့ကို အေဒီ ၁ ရာစုကပင် စတင်တည်ထောင်ခဲသည်။ အလယ်ခေတ်အတွင်းက ဥရောပအတွင်း အရှေ့နှင့် အနောက်ကို ဆက်သွယ်သော လမ်းကြောင်းပေါ်တွင် ရှိသဖြင့် အလွန် စည်ပင်ဝပြောခဲ့သည်။ အလယ်ခေတ်နှင့် ရီနေဆွန်းခေတ်များတွင် အယ်လ်ပ်တောင်တန်း၏ မြောက်ဘက်ရှိ အကြီးဆုံး မြို့များတွင် တစ်ခု အပါအဝင် ဖြစ်ခဲ့သည်။ ဒုတိယကမ္ဘာစစ် တိုင်အောင်ပင် ပြင်သစ်၊ အင်္ဂလိပ်တို့၏ ကျူးကျော်မှုများကို ခံခဲ့ရဖူးသည်။ ဒုတိယကမ္ဘာစစ် အတွင်းက ဂျာမနီနိုင်ငံ အတွင်း ဗုံးအများဆုံး ကြဲခံရသော မြို့များတွင် တစ်ခု အပါအဝင် ဖြစ်ခဲ့သည်။ ထိုသို့ ဗုံးကြဲချမှုကြောင့် လူဦးရေ ၉၅ ရာခိုင်နှုန်းမျှ သေကြေ ပျက်စီးခဲ့ရပြီး တစ်မြို့လုံးနီးပါး ပျက်စီးခဲ့ရသည်။ သမိုင်းဝင် အဆောက်အဦး အများအပြားကို လက်ရာမပျက် ပြန်လည်တည်ဆောက်ရန် ကြိုးစားခဲ့သဖြင့် ရောပြွမ်းပြီး တသီးတသန့်ဖြစ်သော မြို့ပြပုံစံ တစ်ခု ဖြစ်လာခဲ့သည်။
ကိုလုံးမြို့တွင် ပြတိုက်ပေါင်း ၃၀ ကျော်နှင့် ပြခန်းပေါင်း ၁၀၀ ကျော် ရှိသည်။ ပြပွဲများမှာ ဒေသခံ ရှေးကျသော ရောမ ရှေးဟောင်းအဆောက်အအုံများမှ ခေတ်ပြိုင် ဂရပ်ဖစ် နှင့် ပန်းပု များ အထိ အမျိုးမျိုး အစားစား ရှိသည်။