ကူလိန်း / ရန်းဂယ်ဆန်တေးလာ / ဂလေစီယာ ပင်လယ်အော် / တက်ရှန်ရှီးနီး အယ်လ်ဆက်
ကူလိန်း / ရန်းဂယ်ဆန်တေးလာ / ဂလေစီယာ ပင်လယ်အော် / တက်ရှန်ရှီးနီး အယ်လ်ဆက် ဆိုသည်မှာ ကနေဒါနိုင်ငံ နှင့် အမေရိကန်ပြည်ထောင်စုတွင် တည်ရှိသော နိုင်ငံတကာ ဥယျာဉ် တစ်ခု ဖြစ်ပြီး အမေရိကန် ပြည်ထောင်စု အလက်စကာပြည်နယ် ယူကွန် နှင့် ကနေဒါနိုင်ငံ ဗြိတိသျှ ကိုလံဘီယာ ပြည်နယ်တို့တွင် တည်ရှိသည်။
ကူလိန်း / ရန်းဂယ်ဆန်တေးလာ / ဂလေစီယာ ပင်လယ်အော် / တက်ရှန်ရှီးနီး အယ်လ်ဆက်* | |
---|---|
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ | |
![]() | |
တည်ရှိသည့် နိုင်ငံ | ![]() ![]() |
အမျိုးအစား | သဘာဝ |
ရွေးချယ်သည့်စံနှုန်း | vii,viii, ix, x |
ကိုးကား | ၇၂ |
ဒေသ** | ဥရောပနှင့် မြောက်အမေရိက |
သတ်မှတ်ခြင်း မှတ်တမ်း | |
စတင်သတ်မှတ်ခြင်း | ၁၉၇၉ (တတိယအကြိမ်) |
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည် ** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ |
၁၉၉၄ ခုနှစ်တွင် ယူနက်စကိုမှ ကမ္ဘာ့အမွေခံ နေရာအဖြစ် ကြေငြာခဲ့ပြီး အလွန်လှပသော ရေခဲမြစ်နှင့် ရေခဲမြင်ကွင်းတို့ ရှိသည့် အပြင် ဂရစ်ဇလီဝက်ဝံများ ၊ ကာရီဘိုးကောင်များ နှင့် ဒေါလ်သိုးများ နေထိုင်ရာဒေသ ဖြစ်သည့် အတွက်ကြောင့်လည်း ပါဝင်သည်။[1] စုစုပေါင်း အကျယ်အဝန်းမှာ ၂၄,၂၀၅,၉၈၃ ဧက (၉၇,၉၅၈.၁၄ စတုရန်း ကီလိုမီတာ) ရှိသည်။
ကိုးကား
- Unesco World Heritage Site (1994)။ Kluane / Wrangell-St Elias / Glacier Bay / Tatshenshini-Alsek။ 2007-05-11 တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.