ကံမဲ့သူ ရှာမှီး၊ ကံကြီးသူ ခံစား

ကံမဲ့သူ ရှာမှီး၊ ကံကြီးသူ ခံစား သည် မြန်မာဆိုရိုးစကား ဖြစ်သည်။ ကံနည်းသူ စုဆောင်း၊ ကံကောင်းသူ ခံစား ဟုလည်း ရှိသည်။[1]

အနက်အဓိပ္ပာယ်

ကုသိုလ်ကံ မရှိသူသည် ဥစ္စာပစ္စည်းများကို ရှာဖွေစုဆောင်းထားပါသော်လည်း မခံစားရဘဲ ရှိတတ်သည်။ ကုသိုလ်ကံရှိသူမှာမူ ထိုသူ ရှာဖွေစုဆောင်းခဲ့သော စည်းစိမ်ဥစ္စာများကို အဆင်သင့် ခံစားရသည်။[1]

ကိုးကား

  1. မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.