ကျိမ်နွဲ

ကျိမ်နွဲ (Ciimnuai) သည် မြန်မာပြည်တွင် ချင်းလူမျိုးအိန္ဒိယနိုင်ငံတွင် မီဇို, ကူကီး၊ Paite သို့မဟုတ် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် Bawmzo ဟုပင်တွင်သော ဇိုမီးတို့၏ ဒဏ္ဍာရီမြို့- ဒဏ္ဍာရီပြည်ပင်ဖြစ်လေသည်။ [1] ကယ်ရီနှင့် Tuck ကလည်း Ciimnuai သည် ဇိုမီးတို့၏မွေးရပ်မြေ "ချင်းတို့၏ဧဒင်ဥယျဉ်" ပင်ဖြစ်သည်ဟု ဆိုခဲ့ဖူးလေသည်။[2]

Ciimnuai

နုတ်သမိုင်းများအရ ကျိမ်နွဲဟုတွင်လာမည့်အရပ်တွင် ဇိုမီး (ချင်း) မျိူးနွယ်စုများထဲမှ သတိုး ခေါ် ထာဒိုမျိူးနွယ်စုများသည် ခရစ်နှစ် ၁၀၁၀ ဝန်းကျင်တွင် အရင်အဦးအခြေချလာခဲ့ကြရာ၊ မြေပြန့်ဒေသ၏စစ်မက်ရန်နှင့် ကင်းလွတ်သည့် နယ်မြေသစ်ပင်ဖြစ်သည်။ ထို့ကြောင့် ခရစ်နှစ် ၁၁၅၀ ဝန်းကျင်တွင် ဂွီးသဲမျိူးရိုးမှ ပထမဂွီးမာန်က ဇိုမီးတို့၏ဘိုးဘေးဖြစ်သော စောဝ်ထှီးဘွဲ့နာမကို ခံယူလျက် ယနေ့ချင်းဟုတွင်လာမည့် သူ၏ဆွေမျိူးသားချင်းများကို ဦးစီပြီး၊ ကျိမ်နွဲဒေသသို့ ပြောင်းရွေ့အခြေချလာသည်။ နောက်တဖန်၊ ၁၄၁၀ အလွန် ခမ်းပတ်ပျက်သောအခါ ကလေးကဘော်ဒေသရှိ လက်ကျန် ဇိုမီးခေါ် ချင်းလူမျိူးအားလုံးသည်လည်း ဤကျိမ်နွဲသို့ အကုန်အစင်ပြောင်းရွေ့လာကြသည်။

ကိုးကား

  1. See recent publication on the sovereignty of the Guite House that well documented how the Guite House established Ciimnuai as a city-state around AD 1150, and how its influence expanded for the next four to five hundred years in Ngul Lian Zam (Guite), B.A., Mualthum Kampau Guite Hausate Tangthu (Chronicle of Guite Chiefs the Sovereign Lord of Three Mountain Regions; Amazon/CreateSpace, United States, 2018), 23-76,
  2. Bertram S. Carey & Henry N. Tuck, The Chins: a history of the people, our dealings with them, their customs and manners, and a gazetteer of their country, vol. 1 (Rangoon, Burma: Government Printing, 1896), 127 [Carey records it as Chin Nwe, probably be the mispronunciation of his Burman guide].
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.