ကျောက်ခေတ်ဟောင်း

ကျောက်ခေတ်ဟောင်း (Paleolithic ) ကာလ ဆိုသည်မှာ သမိုင်း မတင်မီ ကာလ ဖြစ်ပြီး ရှေးအကျဆုံးသော ကျောက်လက်နက် ကိရိယာများ စတင် အသုံးပြုလာကြသည့် အချိန် ဖြစ်သည်။ ကျောက်ခေတ်ဟောင်းကာလကို ဟိုမီးနန်လူ တို့ ကျောက်လက်နက်များကို စတင်အသုံးပြုခဲ့သည် လွန်ခဲ့သော နှစ်ပေါင်း ၂.၆ သန်းခန့်မှ စတင် ရေတွက်ပြီး လွန်ခဲ့သော နှစ်ပေါင်း ၁၀,၀၀၀ ခန့် အထိ ဖြစ်သည်။ [1]ကျောက်ခေတ်ဟောင်း နောက်တွင် ကျောက်ခေတ်လယ် (Mesolithic) ဟု သတ်မှတ်သည်။ ကျောက်ခေတ်ဟောင်းနှင့် ကျောက်ခေတ်လယ်ကူးပြောင်းသည့် ကြားကာလ သည် နေရာဒေသကို လိုက်၍ နှစ်ထောင်ပေါင်းများစွာ ကွဲပြားခြားနားနိုင်သည်။

သမိုင်းမတင်မီခေတ်
သံခေတ်
  ကြေးဝါခေတ်နှောင်း  
  ​ကြေးဝါခေတ်လယ်
  ကြေးဝါခေတ်ဦး
ကြေးဝါခေတ်
    ကြေးနီခေတ်    
  ကျောက်ခေတ်သစ်
ကျောက်ခေတ်လယ်
    ကျောက်ခေတ်ဟောင်း ခေတ်နှောင်း  
    ကျောက်ခေတ်ဟောင်း ခေတ်လယ်
    ကျောက်ခေတ်ဟောင်း ခေတ်ဦး
  ကျောက်ခေတ်ဟောင်း
ကျောက်ခေတ်

ကျောက်ခေတ်ဟောင်း ကာလတွင် လူတို့သည် ဘန်း (bands) ဟုခေါ်သည့် အစုအဖွဲ့ အသေးစားကလေးများဖြင့် နေထိုင်လေ့ ရှိကြပြီး သစ်ဥသစ်ဖုများ ရှာဖွေခြင်း၊ တောရိုင်းကောင်များကို ရှာဖွေ အမဲလိုက်ခြင်းတို့ဖြင့် အသက်ဆက် နေထိုင်ကြသည်။[2]

ကိုးကား

  1. Toth၊ Nicholas; Schick၊ Kathy (2007)၊ "21 Overview of Paleolithic Archaeology"၊ in Henke၊ H.C. Winfried; Hardt၊ Thorolf; Tattersall၊ Ian (eds.)၊ Handbook of Paleoanthropology၊ Volume 3၊ Berlin; Heidelberg; New York: Springer-Verlag၊ p. 1944၊ ISBN 978-3-540-32474-4 (Print); 978-3-540-33761-4 (Online) |isbn= တန်ဖိုး invalid character စစ်ဆေးရန် (အကူအညီ)၊ 13 April 2020 တွင် မူရင်း အား မော်ကွန်းတင်ပြီး29 March 2011 တွင် ပြန်စစ်ပြီး
  2. McClellan (2006)။ Science and Technology in World History: An Introduction။ Baltimore, Maryland: JHU Press။ ISBN 0801883601 Page 6–12
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.