ကျော်တင့်ဆွေ၊ ဦး

ဦးကျော်တင့်ဆွေ (၁၉ မတ် ၁၉၄၅ မွေးဖွား[3]) သည် မြန်မာနိုင်ငံသား သံတမန်ဖြစ်ပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်တွင် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။[4] ၂၀၀၁ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ ကုလသမဂ္ဂသို့ မြန်မာနိုင်ငံ သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။[5] ၁၉၆၈ ခုနှစ်တွင် နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် စတင် အလုပ်လုပ်ခဲ့သည်။[5] သူသည် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သူ ဖြစ်သည်။[3]

ကျော်ဆင့်ဆွေ
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနဝန်ကြီး
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၇ မေ ၂၀၁၆[1]
ယခင်လူရာထူးစတင်
ကုလသမဂ္ဂဆိုင်ရာမြန်မာနိုင်ငံသံအမတ်ကြီး
တာဝန်သက်တမ်း
၉ ဧပြီ ၂၀၀၁  ၂၀၁၀
အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နိုင်ငံခြားရေး ဝန်ကြီးဌာန
တာဝန်သက်တမ်း
၁၉၉၈  ၂၀၀၁
အာဆီယံရေးရာ ဦးစီးဌာန ခေတ္တ ညွှန်ကြားရေးမှူးချုပ် နိုင်ငံခြားရေး ဝန်ကြီးဌာန
တာဝန်သက်တမ်း
၁၉၉၈  ၂၀၀၁
ဂျပန်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး
တာဝန်သက်တမ်း
၁၉၉၄  ၁၉၉၇
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1945-03-19) ၁၉ မတ်၊ ၁၉၄၅
လူမျိုးမြန်မာ
ကြင်ဖော်(များ)ဒေါ်မေယဉ်ထွန်း[2]
သားသမီး၂ ဦး
မိခင်ကျောင်းရန်ကုန်တက္ကသိုလ်
International Institute of Social Studies
ကျွမ်းကျင်မှုသံတမန်

ဦးကျော်တင့်ဆွေအား နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဝန်ကြီးဌာန၏ ဝန်ကြီးအဖြစ် ၂၀၁၆ မေလ ၁၇ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြု ခန့်အပ်ခဲ့သည်။[1]

ကိုးကား

  1. Parliament approves appointment of Union Minister for the State Counsellor’s Office Eleven Media Group (၁၈ မေ ၂၀၁၆)။ 19 May 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၉ မေ ၂၀၁၆ တွင် ပြန်စစ်ပြီး။
  2. Mission Personnel Permanent Mission of the Union of Myanmar to the United Nations။ 2 January 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 16 April 2012 တွင် ပြန်စစ်ပြီး။
  3. "Kyaw Tint Swe Of Myanmar Chairman Of Fourth Committee"၊ United Nations၊ 9 April 2001 16 April 2012 တွင် ပြန်စစ်ပြီး
  4. "Burma’s NHRC: An Empty Gesture" (10 January 2012). Burma Partnership.
  5. U Kyaw Tint Swe - Representative Of Myanmar To The Asean Intergovernmental Commission on Human Rights 16 April 2012 တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.