မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စု အစိုးရအဖွဲ့က မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဖွဲ့စည်းခြင်း ကို အမိန့်ကြော်ငြာစာအမှတ် (၃၄/၂၀၁၁) ဖြင့် ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ (၅)ရက်နေ့ တွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ အတွင်းရေးမှူး ဖြစ်သူ ဦးတင်မျိုးကြည်မှ အစိုးရအဖွဲ့၏ အမိန့်အရ ထုတ်ပြန်ကြေညာသည်။ [1] အဆိုပါအမိန့်ကြော်ငြာစာမှာ -
![]() | |
---|---|
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် | |
ကော်မရှင် အကျဉ်းချုပ် | |
ဖွဲ့စည်းသည့်အချိန် | ၅ စက်တင်ဘာ ၂၀၁၁ |
ယခင်အဖွဲ့အစည်း | လူ့အခွင့်အရေး ကော်မတီ |
ဌာနချုပ် | အမှတ် ၂၇၊ ပြည်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့ |
ဌာနအကြီးအမှူးများ | ဦးလှမြင့်၊ ဥက္ကဋ္ဌ ဒေါက်တာ နန္ဒာမွှန်း၊ ဒုဥက္ကဌ |
ဝက်ဘ်ဆိုက် | mnhrc.org.mm |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးများကို မြှင့်တင်ရေးနှင့် ကာကွယ်ရေးတို့အား ဆောင်ရွက်နိုင်ရန်အလို့ငှါ အောက်ပါ ပုဂ္ဂိုလ်များပါဝင်သော မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ဖွဲ့စည်းလိုက်သည် -
- (က) ဦးဝင်းမြ - ဥက္ကဋ္ဌ - သံအမတ်ကြီး (အငြိမ်းစား)
- (ခ) ဦးကျော်တင့်ဆွေ - ဒုတိယဥက္ကဋ္ဌ - သံအမတ်ကြီး (အငြိမ်းစား)
- ( ဂ ) ဦးထွန်းအောင်ချိန် - အဖွဲ့ဝင် - ပါမောက္ခ(အငြိမ်းစား)၊ သမိုင်းဌာန
- (ဃ) ဦးလှမြင့် - အဖွဲ့ဝင် - သံအမတ်ကြီး(အငြိမ်းစား)
- ( င ) ဦးသန်းဆွေ - အဖွဲ့ဝင် - ညွှန်ကြားရေးမှူးချုပ်(အငြိမ်းစား)၊ သစ်တောဦးစီးဌာန
- (စ) ဒေါက်တာဉာဏ်ဇော် - အဖွဲ့ဝင် - ပြည်နယ်ဆရာဝန်ကြီး(အငြိမ်းစား)
- (ဆ) ဒေါက်တာဒေါ်သန်းနွဲ့ - အဖွဲ့ဝင် - ပါမောက္ခ(အငြိမ်းစား)၊ ဥပဒေပညာဌာန
- ( ဇ ) ဒေါ်စောခင်ကြီး - အဖွဲ့ဝင် - ပါမောက္ခ(အငြိမ်းစား)၊ နိုင်ငံတကာဆက်ဆံရေးပညာဌာန
- (ဈ ) ဦးတင်ညို - အဖွဲ့ဝင် - ညွှန်ကြားရေးမှူးချုပ်(အငြိမ်းစား)၊ အခြေခံပညာဦးစီးဌာန
- (ည) ဦးခွထီးရို - အဖွဲ့ဝင် - ပြည်နယ်ဥပဒေအရာရှိ (အငြိမ်းစား)
- ( ဋ ) ဦးခင်မောင်လေး - အဖွဲ့ဝင် - ညွှန်ကြားရေးမှူး(အငြိမ်းစား)၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန
- ( ဌ ) ဦးလဖိုင်ဇော်ဂွန်း - အဖွဲ့ဝင် - သံမှူးကြီး(အငြိမ်းစား)၊
- ( ဍ ) ဦးညွန့်ဆွေ - အဖွဲ့ဝင် - ဒုတိယညွှန်ကြားရေးမှူးချုပ်(အငြိမ်းစား)၊ နိုင်ငံခြားရေးဝန်ကြီးဌာန
- ( ဎ ) ဒေါ်စန်းစန်း - အဖွဲ့ဝင် - ညွှန်ကြားရေးမှူး(အငြိမ်းစား)၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန
- (ဏ) ဦးစစ်မြိုင် - အတွင်းရေးမှူး - ညွှန်ကြားရေးမှူးချုပ်(အငြိမ်းစား)၊ လူမှုဝန်ထမ်းဦးစီးဌာန
ကိုးကား
- မြန်မာ့အလင်းသတင်းစာ (၆.၉.၂၀၁၁)
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.