လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန
မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနထားရှိခဲ့ပြီး ၂၀၁၆ ခုနှစ် သမ္မတ ဦးထင်ကျော် လက်ထက်တွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည်။
![]() | |
---|---|
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် | |
အဖွဲ့အစည်းအမျိုးအစား | ဝန်ကြီးဌာန |
ဌာနချုပ် | နေပြည်တော် |
ဝက်ဘ်ဆိုက် | mip.gov.mm |
ယခင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ လက်အောက်ရှိ ဦးစီးဌာနများမှာ
- လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန
- ပြည်သူ့အင်အား ဦးစီးဌာန တို့ ဖြစ်သည်။
လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန
လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်မှာ ဦးမောင်မောင်သန်း ဖြစ်ပြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန လက်အောက်တွင်
- စီမံနှင့်ဘဏ္ဍာဌာနခွဲ
- အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဌာနခွဲ၊
- တာဝန်နှင့် လုပ်ငန်းစစ်ဌာနခွဲ၊
- လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားပြုဌာနခွဲ၊
ပြည်သူ့အင်အားဦးစီးဌာန
ပြည်သူ့အင်အားဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်မှာ ဦးမြင့်ကြိုင် ဖြစ်ပါသည်။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.