ရထားပို့ဆောင်ရေး ဝန်ကြီးဌာန

မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများတွင် သယ်ယူပို့ဆောင်ရေးနှင့် ပတ်သက်၍ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနထားရှိပါသည်။

ရထားပို့ဆောင်ရေး ဝန်ကြီးဌာန
Ministry of Rail Transportation
 မြန်မာအစိုးရအဖွဲ့အစည်း
ရထားပို့ဆောင်ရေးဝန်ကြီးဌာန တံဆိပ်
ဝန်ကြီးဌာန အကျဉ်းချုပ်
ဌာနချုပ်နေပြည်တော်
ဝက်ဘ်ဆိုက်ministryofrailtransportation.com

သမိုင်းကြောင်း

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိသည့်အချိန်တွင် သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး လုပ်ငန်းများကို ရေကြောင်းနှင့် မြို့ပြလေကြောင်းဝန်ကြီးဌာနနှင့် သယ်ယူပို့ဆောင်ရေး၊ စာတိုက်နှင့် ကြေးနန်းဆက်သွယ်ရေး ဝန်ကြီးဌာနဟူ၍ ဝန်ကြီးဌာန နှစ်ဌာနခွဲ၍ ဖွဲ့စည်းခဲ့သည်။ ၁၉၆၁ခုနှစ်တွင် အထက်ပါဝန်ကြီးဌာန နှစ်ဌာနကို ပေါင်းစည်း၍ သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာနအဖြစ် ပြောင်းလဲဖွဲ့စည်းကာ ဌာနများကိုလည်း တိုးချဲ့၍ အောက်ပါဌာနများဖြင့် ဖွဲ့စည်းခဲ့သည်။ [1]

၁၉၇၂ ခုနှစ်တွင် နိုင်ငံပိုင် စီးပွားရေး အဖွဲ့အစည်းများကို ကော်ပိုရေးရှင်း အမည်များဖြင့် ပြောင်းလဲ၍လည်းကောင်း၊ ဝန်ကြီးဌာနကိုလည်း ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန ဟူ၍လည်းကောင်း ပြင်ဆင်၍ လုပ်ငန်းဌာနပေါင်း (၁၇)ဌာနဖြင့် ဖွဲ့စည်းခဲ့သည်။

နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ၁၉၉၂ ခုနှစ်၊ ဇန်နဝါရီလ(၂၉)ရက်နေ့ အမိန့်ကြော်ငြာစာအမှတ်၊ ၁၀/၉၂ အရ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနအား အောက်ပါ ဝန်ကြီးဌာန (၃)ခုအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့သည်။

ဖွဲ့စည်းပုံ

လက်ရှိ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနလက်အောက်တွင် အောက်ပါဌာန (၅)ဌာန ပါဝင် ဖွဲ့စည်းထားသည်။[1]

ရည်မှန်းချက်

  • ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်နေရာတွင် ဖြစ်ပေါ်လာမည့် ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေးဆိုင်ရာ လိုအပ်ချက်များကို အထိရောက်ဆုံးနှင့် စွမ်းဆောင်ရည်ရှိရှိ ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး၊ မိမိလက်ဝယ်ရှိ စွမ်းအားစုများကို အထိရောက်ဆုံး သုံးစွဲနိုင်ရေး။
  • ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး။
  • မော်တော်ယာဉ်များဖြင့် စီးပွားရေးအလို့ငှာ ဆောင်ရွက်သော သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ စနစ်တကျဖြစ်ပေါ်စေရေး။
  • ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် အစဉ်အမြဲ တိုးတက်နေစေရန် လေ့ကျင့်ပေးရေး။
  • ကုန်းလမ်းပို့ဆောင်ရေးဆိုင်ရာ ဝန်ဆောင်မှုကဏ္ဍနှင့် စက်မှုကဏ္ဍတို့တွင် ကမ္ဘာ့အဆင့်သို့ တက်လှမ်းနိုင်စေရေးအတွက် အဆင့်ဆင့်လုပ်ငန်းစဉ်များ ချမှတ်ဆောက်ရွက်နိုင်ရေး။
  • အများပိုင်၊ ပုဂ္ဂလိကပိုင်နှင့် ဖက်စပ်လုပ်ငန်းစနစ်အား အပြန်အလှန် အကျိုးဖြစ်ထွန်းစေသော အခြေအနေများနှင့်အညီ ပွင့်လင်းမြင်သာစွာဆောင်ရွက်ရေး။

[2]

အကိုးအကား

  1. သမိုင်းအကျဉ်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာန။ ၂၀၁၄-၁၀-၂၂ တွင် ပြန်စစ်ပြီး။
  2. ရည်မှန်းချက် ရထားပို့ဆောင်ရေး ဝန်ကြီးဌာန။ ၂၀၁၄-၁၀-၂၂ တွင် ပြန်စစ်ပြီး။

ပြင်ပအဆက်အသွယ်

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.