တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (အင်္ဂလိပ်: National Unity Party; အတိုကောက် တစည) ဆိုသည်မှာ ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ နိုင်ငံရေးပါတီ တစ်ခု ဖြစ်သည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ၏အမွေကို ဆက်ခံယူထားသော ပါတီဖြစ်သည်။ ပါတီ၏ နိုင်ငံရေး သဘောတရားမှာ ဆိုရှယ်လစ်ဝါဒ (ခေါ်) လူအများကောင်းစားရေး ဝါဒဖြစ်သည်။ ပါတီ၏ နိုင်ငံရေးရပ်တည်ချက်မှာ အလယ်-လက်ဝဲ ဖြစ်သည်။[2] တစညပါတီအနေနဲ့ တနိုင်ငံလုံးမှာ ပါတီရုံးရှိတဲ့ မြို့နယ်ပေါင်း ၂၉၀ ရှိသည်။ ၂၀၁ဝမှာပါတီဝင်အင်အား ၇ သိန်းကျော် ရှိသည်။[3] ပထမဦးဆုံးသော ပါတီဥက္ကဋ္ဌမှာ ဦးသာကျော် နိုင်ငံတော်ကောင်စီဝင်(ငြိမ်း) ဖြစ်သည်။ လက်ရှိတွင် အမျိုးသားစာပေဆုရ စာရေးဆရာ ဦးသန်းတင် (လွတ်လပ်ရေး မော်ကွန်းဝင်)က ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဦးဆောင်သည်။

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ
အင်္ဂလိပ် အမည်National Unity Party
ဥက္ကဋ္ဌဦးသန်းတင်
တည်ထောင်ခြင်း၁၉၈၈ (၁၉၈၈)
ယခင်မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ
ဌာနချုပ်အမှတ်၂၄၊ ရွှေတောင်ကြား(၁)ရပ်ကွက်၊ အောင်ဇေယျလမ်း၊ ဗဟန်းမြို့နယ်ရန်ကုန်မြို့
သတင်းစာNational News Journal
အဖွဲ့ဝင်၅၀၀,၀၀၀[1]
နိုင်ငံရေး သဘောတရားဆိုရှယ်လစ်ဝါဒ
အမျိုးသားလွှတ်တော် အမတ်နေရာ
၁ / ၂၂၄
ပြည်သူ့လွှတ်တော် အမတ်နေရာ
၀ / ၄၄၀
ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များ
၀ / ၈၈၀
ပါတီအလံ
မြန်မာနိုင်ငံ၏ နိုင်ငံရေး
နိုင်ငံရေးပါတီများ
ဤဆောင်းပါးသည်
မြန်မာနိုင်ငံ၏
နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ

တစိတ်တဒေသ ဖြစ်သည်

၁၉၉၀ ပြည်လုံးကျွတ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲတွင် စုစုပေါင်းမဲပေးသူ အရေအတွက် ၁၃,၂၅၃,၆၀၆ မဲ တွင် မဲအရေတွက် ၂,၈၀၅,၅၅၉ မဲနှင့် မဲပေးသူ၏ (၂၁.၂%) မဲဆန္ဒနယ် (၄၉၂) ခုရှိရာတွင် မဲဆန္ဒနယ်(၁၀)နေရာ၌ အနိုင်ရရှိခဲ့သည်။ ၁၉၉၀ ရွေးကောက်ပွဲ ကာလက မြန်မာ့နိုင်ငံရေးပါတီများထဲတွင် ဒုတိယ အင်အားအကြီးမားဆုံး နိုင်ငံရေးပါတီဖြစ်သည်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၏ မဟာမိတ်ပါတီများမှာ -

  1. တောင်သူလယ်သမားစည်းလုံးညီညွတ်ရေးပါတီ
  2. အလုပ်သမားစည်းလုံးညီညွတ်ရေးပါတီ
  3. လူငယ်စည်းလုံးညီညွတ်ရေးပါတီတို့ဖြစ်ကြသည်။

၂၀၁၅ ရွေးကောက်ပွဲတုန်းကတော့ မဲဆန္ဒနယ်တိုင်းလိုလိုမှာ ဝင်ရောက်အရွေးခံခဲ့သည်။ ဒါပေမဲ့ ကချင်ပြည်နယ်က အမျိုးသားလွှတ်တော်တနေရာမှာပဲ အနိုင်ရခဲ့သည်။[4]

၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး (တစည) ပါတီက ကိုယ်စားလှယ်လောင်း ၄၀၀‌ကျော် ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့  တိုင်းရင်းသားစည်းလုံးညီညွတ်ပါတီ တာဝန်ရှိသူတွေက ပြောသည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် မြို့နယ် ၁၇၇ မြို့နယ်၌ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ရခိုင်ပြည်နယ်တွင် ယှဉ်ပြိုင်မည်မဟုတ်ဟု ပါတီဒုတိယဥက္ကဋ္ဌ ပြောကြားသည်။[5][6]

ရွေးကောက်ပွဲ ရလဒ်များ

အမျိုးသားလွှတ်တော်

ရွေးကောက်ပွဲ အနိုင်ရနေရာ စုစုပေါင်း မဲစုစုပေါင်း Share of votes ရွေးကောက်ပွဲ ရလဒ် ခေါင်းဆောင်သူ
၂၀၁၀
၅ / ၂၂၄
၄,၃၀၂,၀၈၂ ၅; Opposition ဦးထွန်းရီ
၂၀၁၂ (ပြီးနောက်)
၅ / ၂၂၄
; Opposition ဦးထွန်းရီ
၂၀၁၅
၁ / ၂၂၄
၄; Opposition ဦးသန်းတင်

ပြည်သူ့လွှတ်တော်

ရွေးကောက်ပွဲ အနိုင်ရနေရာ စုစုပေါင်း မဲစုစုပေါင်း Share of votes ရွေးကောက်ပွဲ ရလဒ် ခေါင်းဆောင်သူ
၁၉၉၀
၁၀ / ၄၉၂
၂,၈၀၅,၅ ၂၁.၂% ၁၀; not recognised ဦးသာကျော်
၂၀၁၀
၁၂ / ၄၄၀
၄,၀၆၀,၈၀၂ ၁၉.၄၄% ၂; Opposition ဦးထွန်းရီ
၂၀၁၂ (ပြီးနောက်)
၁၂ / ၄၄၀
; Opposition ဦးထွန်းရီ
၂၀၁၅
၀ / ၄၄၀
၁၂; Extra-parliamentary Opposition ဦးသန်းတင်

ကြားဖြတ်ရွေးကောက်ပွဲ

ရွေးကောက်ပွဲ Seats up for election Seats contested by party Contested seats won Contested seats lost မဲစုစုပေါင်း Share of votes ရွေးကောက်ပွဲ ရလဒ်
၂၀၁၂ ၃၇ (ပြည်သူ့) / ၅ (အမျိုးသား) ၂၈ (ပြည်သူ့) / ၄ (အမျိုးသား) ၀ (ပြည်သူ့) / ၀ (အမျိုးသား) ၃၇ (ပြည်သူ့) / ၄ (အမျိုးသား) no seat gain or lost

ပါတီမူဝါဒ

လူအများကောင်းစားရေး ဝါဒ၊ ပြည်သူ့အကျိုးပြု လမ်းစဉ်၊ မဇ္စျိမ ပဋိပဋာ ဆိုတဲ့ အခြေခံအချက်ကို မပြောင်းလဲဘဲ နိုင်ငံရေးမှာ အရေးကြီးဆုံး ရိုးသားမူကို အခြေခံပြီး ပြည်သူရဲ့ ထောက်ခံမူရအောင် ကြိုးစားသွားမယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ အမျိုးသား အကျိုးစီးပွားကို အခြေခံပြီး ဒီမိုကရေစီစနစ်ကို ကျင့်သုံးရေး။[3]

ဖွဲ့စည်းပုံ

  • ဥက္ကဋ္ဌ - - ဦးသန်းတင်
  • အထွေထွေအတွင်းရေးမှူး -
  • တွဲဖက်အထွေထွေအတွင်းရေးမှူး - ဦးခင်မောင်ကြီး
  • ဒုဥက္ကဋ္ဌ
  • ဗဟိုအလုပ်အမှူဆောင်အဖွဲ့ဝင်များ
  • ဌာနကြီးမှူးများ
  • ဖွဲ့စည်းပုံအဆင့်ဆင့်
  • ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်အဆင့်ဆင့်
  1. အမျိုးသားလွှတ်တော်
  2. ပြည့်သူ့လွှတ်တော်
  3. ပြည်နယ်(သို့မဟုတ်)တိုင်းဒေသကြီးလွှတ်တော်
  • ပါတီတည်ထောင်ခွင့်လျှောက်ထားရက် - ၂၄-၉-၈၈
  • ပါတီအဖြစ်ဆက်လက်မှတ်ပုံတင် - ၂၅-၃-၂၀၁၀
  • ပါတီမှတ်ပုံတင်ခွင့်ရရက် - ၂၉-၄-၂၀၁၀
  • ၁၉၉ဝ ရွေးကောက်ပွဲဝင်ပါတီ

ဆက်လေ့လာရန်

ကိုးကား


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.