လားဟူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ

လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (အင်္ဂလိပ်: Lahu National Development Party; အတိုကောက် LNDP) သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီ တစ်ခုဖြစ်သည်။[3] ပါတီ၏မှုဝါဒမှာ တိုင်းရင်းသား စည်းလုံးညီညွတ်မှု တည်တံ့ခိုင်မြဲရေး၊ လားဟူးတိုင်းရင်းသားများ၏ စာပေ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်း စဉ်လာ၊ အနုပညာ ဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံသားတိုင်း တန်းတူအခွင့်အရေး ရရှိစေရန် ၊ တမျိုးသားလုံး၏ လူနေမှုအဆင့်အတန်းမြင့်မားရေး တို့ဖြစ်သည်။

လားဟူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ
အင်္ဂလိပ် အမည်Lahu National Development Party
နာယကဦးကျဟားရှဲ[1]
အထွေထွေ အတွင်းရေးမှူးဦးသက်ဝင်း
ဒုဥက္ကဋ္ဌဦးယောသပ်
တည်ထောင်ခြင်း၁၉၉၀ (၁၉၉၀)
၂၉ ဧပြီ ၂၀၁၀ (၂၀၁၀-၀၄-၂၉)[1] (ပြန်လည် မှတ်ပုံတင်)
ဌာနချုပ်ရပ်ကွက်(၁)၊ လားရှိုးမြို့ရှမ်းပြည်နယ်
အဖွဲ့ဝင်၈,၂၆၃[2]
နိုင်ငံရေး သဘောတရားလားဟူလူမျိုး အခွင့်အရေး
အမျိုးသားလွှတ်တော် အမတ်နေရာ
၀ / ၂၂၄
ပြည်သူ့လွှတ်တော် အမတ်နေရာ
၀ / ၄၄၀
ရှမ်းပြည်နယ် လွှတ်တော် အမတ်နေရာ
၁ / ၁၄၇
တိုင်းရင်းသားရေးရာဝန်ကြီး
၁ / ၂၉
ရွေးကောက်ပွဲသင်္ကေတ
မြန်မာနိုင်ငံ၏ နိုင်ငံရေး
နိုင်ငံရေးပါတီများ

ပါတီသည် ၁၉၉၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မိုင်းတုံမြို့နယ် ပြည်သူ့လွှတ်တော် အမတ်တစ်နေရာ အနိုင်ရရှိခဲ့သည်။

၂၀၁၀ ခုနှစ် ဧပြီ ၂၉ ရက်နေ့တွင် ပါတီကို ပြန်လည်မှတ်ပုံတင်ခဲ့သည်။[1] လက်ရှိတွင် ပါတီဝင် အရေအတွက် ၈၂၆၃ ဦး ရှိပြီး ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် လားဟူ တိုင်းရင်းသား အများဆုံးနေထိုင်သော ဒေသအတွင်း မြို့နယ် ၁၁ မြို့နယ်ရှိ အမျိုးသားလွှတ်တော် ၁ နေရာ၊ ပြည်သူ့လွှတ်တော် ၉ နေရာ၊ ပြည်နယ်လွှတ်တော် ၁၈ နေရာနှင့် လားဟူ တိုင်းရင်းသား လူမျိုး လွှတ်တော် ၁ နေရာ အားလုံးပေါင်း ၂၉ နေရာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။[2]

ကိုးကား

  1. La Hu National Development Party ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ၁၉ နိုဝင်ဘာ ၂၀၁၅ တွင် ပြန်စစ်ပြီး။
  2. လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ Vote4Myanmar။ 22 October 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၉ နိုဝင်ဘာ ၂၀၁၅ တွင် ပြန်စစ်ပြီး။
  3. Myanmar Now: Resources - Lahu National Development Party 4 March 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 November 2015 တွင် ပြန်စစ်ပြီး။



This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.