ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်
ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် (အင်္ဂလိပ်: Arakan League for Democracy; အတိုကောက် ALD) သည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အခြေစိုက် နိုင်ငံရေးပါတီ တစ်ခုဖြစ်သည်။ ပါတီကို ၁၉၈၉ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့တွင် စတင်တည်ထောင်ခဲ့ပြီး ၁၉၈၉ ခုနှစ် အောက်တိုဘာ ၂ ရက်နေ့တွင် ရွေးကောက်ပွဲ ကော်မရှင်ထံ၌ မှတ်ပုံတင်ခဲ့သည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်မှ မဲများစွာရရှိခဲ့ပြီး[2] အမတ်နေရာ ၁၁ နေရာ အနိုင်ရရှိခဲ့သည်။[3]
ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် | |
---|---|
အင်္ဂလိပ် အမည် | Arakan League for Democracy |
ခေါင်းဆောင် | အေးသာအောင် |
တည်ထောင်ခြင်း | ၂၇ စက်တင်ဘာ ၁၉၈၉ |
ဖျက်သိမ်းခြင်း | ၁၃ ဇန်နဝါရီ ၂၀၁၄[1] |
ဌာနချုပ် | ၃၇၃ အောက်ပုဇွန်တောင်လမ်း၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့ |
ရွေးကောက်ပွဲသင်္ကေတ | |
ပါတီအလံ | |
မြန်မာနိုင်ငံ၏ နိုင်ငံရေး နိုင်ငံရေးပါတီများ |
နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးကောင်စီ လက်ထက်တွင် ပါတီဖျက်သိမ်းခဲ့သည်။
၂၀၁၂ ခုနှစ် ဧပြီ ၆ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့သည်။[4]
၂၀၁၃ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ နှင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် တို့သည် ရခိုင်အမျိုးသားပါတီ အမည်ဖြင့် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။[5] ၂၀၁၃ မေလမှ စတင်ခဲ့သည့် ပါတီနှစ်ခု ပေါင်းစည်းရေးသည် ရှစ်လကျော်ကြာမြင့်ခဲ့ပြီး နှစ်ဦးနှစ်ဖက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။[6][7][8][9][10]
ကိုးကား
- "Arakanese Political Parties Merge to Form ANP"။ 3 February 2014 တွင် ပြန်စစ်ပြီး။
- Authorities threaten to abolish Arakanese party Archived 2 June 2013 at the Wayback Machine. Narinjara.com, 28 November 2012
- Arakan League for Democracy Re-Registers as Political Party Narinjara.com, 30 April 2012
- ALD Allowed to Re-Establish as Political Party Archived 1 June 2012 at the Wayback Machine. Narinjara.com, 11 April 2012
- Naw Say Phaw Waa။ "Rakhine parties formalise merger"၊ 21 June 2013။ 22 June 2013 တွင် ပြန်စစ်ပြီး။
- Arakanese Political Parties Merge to Form ANP။ The Irrawaddy (14 January 2014)။ 3 February 2014 တွင် ပြန်စစ်ပြီး။
- Arakan National Party receives official recognition။ Bnionline.net (2014-03-19)။ 2014-04-14 တွင် ပြန်စစ်ပြီး။
- Mya၊ Nang (2013-10-08)။ Newly formed Rakhine National Party appoints leadership | DVB Multimedia Group။ Dvb.no။ 2014-04-14 တွင် ပြန်စစ်ပြီး။
- Arakan alliance | DVB Multimedia Group။ Dvb.no (2014-03-09)။ 2014-04-14 တွင် ပြန်စစ်ပြီး။
- Sittwe to host Arakan National Party’s important meeting။ Bnionline.net (2014-03-24)။ 2014-04-14 တွင် ပြန်စစ်ပြီး။