ကရင်ပြည်နယ်ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ

ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (အင်္ဂလိပ်: Kayin State Democracy and Development Party၊ အတိုကောက် KSDDP) သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီတစ်ခုဖြစ်သည်။ ဒီကေဘီအေမှ အခြေခံပြီး BGF (နယ်ခြားစောင့်တပ်ဖွဲ့) ဖွဲ့စည်းသောအခါ တပ်ဖွဲ့တွင်းမှ အသက်အရွယ် ကြီးသူများက နိုင်ငံရေးပါတီထူထောင်ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။ ပါတီဝင် အရေအတွက်မှာ ၅,၀၀၀ ကျော်ရှိပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ဘားအံ၊ မြဝတီ၊ ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ် စသည့် ကရင်ပြည်နယ်အတွင်းရှိ မဲဆန္ဒနယ်ကိုးခုတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။[2] ပါတီ၏မူဝါဒမှာ ငြိမ်းချမ်းရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ဒီမိုကရေစီ အကောင်အထည်ဖော်ရေး နှင့်အတူ စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးဖြစ်သည်။

ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ
အင်္ဂလိပ် အမည်Kayin State Democracy and Development Party (KSDDP)
ဥက္ကဋ္ဌဦးစောသာထူးကျော်
တည်ထောင်ခြင်းဩဂုတ် ၁၉၊ ၂၀၁၀ (၂၀၁၀-၀၈-၁၉)[1]
ဖျက်သိမ်းခြင်းဖေဖော်ဝါရီ ၂၂၊ ၂၀၁၈ (၂၀၁၈-၀၂-၂၂)
ပူးပေါင်းကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ
ဌာနချုပ်ဦးအောင်မြတ်လမ်း၊ ဘားအံမြို့ကရင်ပြည်နယ်
အဖွဲ့ဝင်၅,၀၀၀+[2]
နိုင်ငံရေး သဘောတရားဖက်ဒရယ်ပြည်ထောင်စုစနစ်
ငြိမ်းချမ်းရေး၊ ဒေသဖွံ့ဖြိုးရေး
မြန်မာနိုင်ငံ၏ နိုင်ငံရေး
နိုင်ငံရေးပါတီများ

ပါတီ ဖျက်သိမ်းခြင်း

ကရင်ပြည်နယ်ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကရင်ဒီမိုကရက်တစ်ပါတီ နှင့် စည်းလုံးညီညွတ်သောကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ တို့သည် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ အဖြစ် ပူးပေါင်းဖွဲ့စည်းခဲ့သဖြင့် ကရင်ပြည်နယ်ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ၏ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ပါတီအား ဖျက်သိမ်းခဲ့သည်။[3]

ကိုးကား

  1. ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ Vote4Myanmar။ 18 November 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၃ နိုဝင်ဘာ ၂၀၁၅ တွင် ပြန်စစ်ပြီး။
  2. ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ၇ ရက်သတင်းဂျာနယ် (၁၈ ဩဂုတ် ၂၀၁၅)။ ၁၄ နိုဝင်ဘာ ၂၀၁၅ တွင် ပြန်စစ်ပြီး။
  3. နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက်၍ ပါတီအား ဖျက်သိမ်းခြင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (၂၂ ဖေဖော်ဝါရီ ၂၀၁၈)။ ၁ မတ် ၂၀၁၈ တွင် ပြန်စစ်ပြီး။



This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.