ရခိုင်အမျိုးသားပါတီ

ရခိုင်အမျိုးသားပါတီ (အင်္ဂလိပ်: Rakhine National Party; သို့မဟုတ် Arakan National Party) သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီ တစ်ခုဖြစ်ပြီး ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးရှိ ရခိုင်လူမျိုးများ ကိုယ်စားပြု ပါတီဖြစ်သည်။ ပါတီ၏ နိုင်ငံရေး သဘောတရားမှာ ရခိုင်လူမျိုး အခွင့်အရေး နှင့် ကွန်ဆာဗေးတစ် ဝါဒ ဖြစ်သည်။ ပါတီ၏ နိုင်ငံရေးရပ်တည်ချက်မှာ လက်ယာ ဖြစ်သည်။[1] [2]

ရခိုင်အမျိုးသားပါတီ
အင်္ဂလိပ် အမည်Arakan National Party(ANP)
ဥက္ကဋ္ဌဦးသာထွန်းလှ
တည်ထောင်ခြင်း၆ မတ် ၂၀၁၄
ဌာနချုပ်စစ်တွေမြို့ရခိုင်ပြည်နယ်မြန်မာနိုင်ငံ
နိုင်ငံရေး သဘောတရားရခိုင်လူမျိုး အခွင့်အရေး နှင့်
ကွန်ဆာဗေးတစ် ဝါဒ
အမျိုးသားလွှတ်တော် အမတ်နေရာ
၁၀ / ၂၂၄
ပြည်သူ့လွှတ်တော် အမတ်နေရာ
၁၃ / ၄၄၀
ရခိုင်ပြည်နယ် လွှတ်တော် အမတ်နေရာ
၂၂ / ၄၇
တိုင်းရင်းသားရေးရာဝန်ကြီးများ
၁ / ၂၉
မြန်မာနိုင်ငံ၏ နိုင်ငံရေး
နိုင်ငံရေးပါတီများ

ပါတီကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် တည်ထောင်ခဲ့ပြီး ၂၀၁၄ ခုနှစ် မတ်လ ၆ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ထံတွင် မှတ်ပုံတင်ခဲ့သည်။[3][4][5] ၂၀၁၆ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ဂွမြို့နယ် မဲဆန္ဒနယ် (၂) မှ ရွေးကောက်ခံ ပြည်နယ်အမတ် ဦးညီပုကို ရခိုင်ပြည်နယ် လွှတ်တော်တွင် အဆိုပြုတင်သွင်းလိုက်သည့်အတွက် လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌမှလွဲ၍ ကျန်ရခိုင်အမျိုးသားပါတီမှ လွှတ်တော်အမတ်အားလုံး လွှတ်တော်ကို သပိတ်မှောက်ကာ လွှတ်တော် မပြီးခင် ထွက်ခွာသွားခဲ့ကြသည်။[6]

သမိုင်းကြောင်း

၂၀၁၃ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ နှင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် တို့သည် ရခိုင်အမျိုးသားပါတီ အမည်ဖြင့် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။[7] ၂၀၁၃ မေလမှ စတင်ခဲ့သည့် ပါတီနှစ်ခု ပေါင်းစည်းရေးသည် ရှစ်လကျော်ကြာမြင့်ခဲ့ပြီး နှစ်ဦးနှစ်ဖက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။[5][8][9][10][11]

ဆက်စပ်ဖတ်ရှုရန်

ကိုးကား

  1. https://www.reuters.com/article/us-myanmar-election-rohingya/rising-rakhine-party-looming-threat-to-myanmars-muslim-minority-idUSKCN0RV5RO20151001
  2. https://www.rnz.co.nz/national/programmes/insight/audio/201792668/insight-myanmar-a-democracy-under-construction
  3. Rakhine National Party allowed as political party | Ministry Of Information Moi.gov.mm (2014-03-06)။ 2014-04-14 တွင် ပြန်စစ်ပြီး။
  4. Formation of Rakhine National Party approved | Ministry Of Information Moi.gov.mm။ 2014-04-14 တွင် ပြန်စစ်ပြီး။
  5. Arakanese Political Parties Merge to Form ANP Irrawaddy.org။ 2014-04-14 တွင် ပြန်စစ်ပြီး။
  6. ရခိုင်အမျိုးသားပါတီအမတ်များ လွှတ်တော်ကို သပိတ်မှောက်ထွက်ခွာ ဒီမိုကရက်တစ် မြန်မာ့အသံ (၂၈ မတ် ၂၀၁၆)။ ၂၈ မတ် ၂၀၁၆ တွင် ပြန်စစ်ပြီး။
  7. Naw Say Phaw Waa။ "Rakhine parties formalise merger"၊ 21 June 2013 22 June 2013 တွင် ပြန်စစ်ပြီး
  8. Arakan National Party receives official recognition Bnionline.net (2014-03-19)။ 2014-04-14 တွင် ပြန်စစ်ပြီး။
  9. Mya၊ Nang (2013-10-08)။ Newly formed Rakhine National Party appoints leadership | DVB Multimedia Group Dvb.no။ 2014-04-14 တွင် ပြန်စစ်ပြီး။
  10. Arakan alliance | DVB Multimedia Group Dvb.no (2014-03-09)။ 2014-04-14 တွင် ပြန်စစ်ပြီး။
  11. Sittwe to host Arakan National Party’s important meeting Bnionline.net (2014-03-24)။ 2014-04-14 တွင် ပြန်စစ်ပြီး။

https://www.dmgburmese.com/%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8/rka.html

ပြင်ပလင့်ခ်များ

This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.