အမျိုးသား ဒီမိုကရေစီ အင်အားစု

အမျိုးသား ဒီမိုကရေစီ အင်အားစု (National Democratic Force, NDF) သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအမှုဆောင် ကော်မတီဝင်ဟောင်းများက ၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ရည်ရွယ်ကာ ဖွဲ့စည်းထူထောင်ထားသည့် မြန်မာ့နိုင်ငံရှိ နိုင်ငံရေးပါတီ တစ်ခုဖြစ်သည်။ ဥက္ကဋ္ဌ မှာဒေါက်တာ သန်းငြိမ်း ဖြစ်သည်။[1] အမျိုးသား ဒီမိုကရေစီ အင်အားစု ဗဟိုဌာနချုပ်မှာ ရန်ကုန်တိုင်း တာမွေမြို့နယ်တွင် တည်ရှိသည်။

အမျိုးသား ဒီမိုကရေစီ အင်အားစု
ဥက္ကဋ္ဌဦးခင်မောင်ဆွေ
နာယကဒေါက်တာ သန်းငြိမ်း
ခေါင်းဆောင်တိုးပို
ဗဟိုလူငယ်ခေါင်းဆောင်ကျော်သူရ
ခွဲထွက်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်
ဌာနချုပ်ဗဟန်းမြို့နယ်ရန်ကုန်မြို့
နိုင်ငံရေး သဘောတရားလစ်ဘရယ်ဝါဒ
လစ်ဘရယ်ဒီမိုကရေစီ၊
Social liberalism
အမျိုးသားလွှတ်တော် အမတ်နေရာ
၀ / ၂၂၄
ပြည်သူ့လွှတ်တော် အမတ်နေရာ
၀ / ၄၄၀
ပါတီအလံ
မြန်မာနိုင်ငံ၏ နိုင်ငံရေး
နိုင်ငံရေးပါတီများ

Time တိုင်းမ် မဂ္ဂဇင်းတွင် The Face of Buddhist Terror ဟု သံဃာတော် ဦးဝီရသူ၏ ဓာတ်ပုံနှင့်အတူ ဖော်ပြခဲ့သော ဟဲန်နာ ဘိချ် Hannah Beech ၏ "When Buddhists Go Bad" ဆောင်းပါးကိုအမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေ နှင့် မြန်မာ နိုင်ငံရေး ပါတီများက ကန့်ကွက်ခဲ့သည်။[2][3][4][5][6][7]

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမတိုင်မီ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံခဲ့သော နိုင်ငံရေးပါတီတွေများတွင် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီလည်း ပါဝင်ခဲ့သည်။[8]


ကိုးကား


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.