ကယားလူမျိုးစုဒီမိုကရေစီပါတီ

ကယားလူမျိုးစုဒီမိုကရေစီပါတီ (အင်္ဂလိပ်: Kayah Unity Democracy Party၊ အတိုကောက် KUDP) သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီဟောင်းတစ်ခုဖြစ်သည်။ ၂၀၁၂ နှစ်ကုန်ပိုင်းတွင် ပါတီဖွဲ့စည်းရန် စတင်လှုပ်ရှားခဲ့ပြီး ၂၀၁၃ နှစ်ကုန်ပိုင်း၌ ပါတီကို တရားဝင်ဖွဲ့စည်းခဲ့သည်။ ပါတီဝင်အရေအတွက် ၂၅,၀၀၀ ရှိပြီး ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ကယားပြည်နယ် ခုနစ်မြို့နယ်၏ ၂၆ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။[2]

ကယားလူမျိုးစုဒီမိုကရေစီပါတီ
အင်္ဂလိပ် အမည်Kayah Unity Democracy Party
ဥက္ကဋ္ဌဦးစောဒယ်နီယယ်
ဆောင်ပုဒ်အနာဂတ်လူမှုဘဝ မျှော်မှန်းချက်၊ ပြောင်းလဲခြင်းနှင့် ဖော်ဆောင်ရွက်
တည်ထောင်ခြင်းဩဂုတ် ၉၊ ၂၀၁၃ (၂၀၁၃-၀၈-၀၉)[1]
ဖျက်သိမ်းခြင်း၈ စက်တင်ဘာ ၂၀၁၇
ဌာနချုပ်မင်္ဂလာရပ်ကွက်၊ လွိုင်ကော်မြို့ကယားပြည်နယ်
အဖွဲ့ဝင်၂၅,၀၀၀[1]
နိုင်ငံရေး သဘောတရားဖက်ဒရယ်ပြည်ထောင်စုစနစ်
ဖွံ့ဖြိုးတိုးတက်ရေး
အရောင်အနီ၊ အဝါ
မြန်မာနိုင်ငံ၏ နိုင်ငံရေး
နိုင်ငံရေးပါတီများ

၂၀၁၇ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့တွင် နည်းဥပဒေ ၂၅ နှင့် ညွှန်ကြားချက် အမှတ် (၁/၂ဝ၁၃)အရ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကယားလူမျိုးစုဒီမိုကရေစီပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်ခဲ့သည်။[3]

ကိုးကား

  1. ကယားလူမျိုးစုဒီမိုကရေစီပါတီ Vote4Myanmar။ 17 November 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၃ နိုဝင်ဘာ ၂၀၁၅ တွင် ပြန်စစ်ပြီး။
  2. ကယားလူမျိုးစုဒီမိုကရေစီပါတီ ၇ ရက်သတင်းဂျာနယ် (၁၀ စက်တင်ဘာ ၂၀၁၅)။ ၁၄ နိုဝင်ဘာ ၂၀၁၅ တွင် ပြန်စစ်ပြီး။
  3. ပယ်ဖျက်ခဲ့သည့် နိုင်ငံရေးပါတီများစာရင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ၁၇ ဩဂုတ် ၂၀၂၀ တွင် ပြန်စစ်ပြီး။


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.