ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီ

ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီ (အင်္ဂလိပ်: Democracy and Human Rights Party, DHRP) သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီ တစ်ခုဖြစ်သည်။

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီ
နာယကဦးကျော်မင်း
အထွေထွေ အတွင်းရေးမှူးဦးကျော်စိုးအောင်
တည်ထောင်ခြင်း၁၉၈၉ (၁၉၈၉) (တည်ထောင်)
၁၂ မတ် ၂၀၁၃ (၂၀၁၃-၀၃-၁၂)
(ပြန်လည်မှတ်ပုံတင်)[1]
ဌာနချုပ်ဗိုလ်တထောင်မြို့နယ်ရန်ကုန်တိုင်းဒေသကြီး
အရောင်အပြာ၊ အစိမ်း၊ အနီ
အမျိုးသားလွှတ်တော် အမတ်နေရာ
၀ / ၂၂၄
ပြည်သူ့လွှတ်တော် အမတ်နေရာ
၀ / ၄၄၀
ပါတီအလံ
မြန်မာနိုင်ငံ၏ နိုင်ငံရေး
နိုင်ငံရေးပါတီများ

သမိုင်းကြောင်း

၁၉၈၉ တွင် အမျိုးသားလူ့အခွင့်အရေးနှင့် ဒီမိုကရက်တစ်ပါတီ အဖြစ် စတင် တည်ထောင်ခဲ့သည်။[2] ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲတွင် ရှစ်နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ[3] လေးနေရာ အနိုင်ရရှိခဲ့သည်။[4]

၁၉၉၁ ခုနှစ်တွင် ပါတီကို ဖျက်သိမ်းခဲ့သည်။ ၂၀၁၃ မတ်လ ၁၃ ရက်တွင် ခွင့်ပြုမိန့် အမှတ်စဉ် (၆၃) ဖြင့် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီ ကို တည်ထောင်ခဲ့သည်။ ပါတီဝင်အရေအတွက်မှာ တစ်သောင်းခန့် ရှိသည်။[5]

ကိုးကား

  1. Democracy and Human Rights Party ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်။ 23 January 2016 တွင် ပြန်စစ်ပြီး။
  2. Political Prisoner Profile: U Kyaw Hla Aung Assistance Association for Political Prisoners (Burma)
  3. Robert H Taylor (2009) The State in Myanmar, NUS Press
  4. Dieter Nohlen, Florian Grotz & Christof Hartmann (2001) Elections in Asia: A data handbook, Volume I, p615 ISBN 0-19-924958-X
  5. ဒီမိုကရေစီနှင့်လူ့အခွင့်အရေးပါတီ ၇ ရက်သတင်းဂျာနယ် (၂၃ ဇူလိုင် ၂၀၁၅)။ ၂၃ ဇန်နဝါရီ ၂၀၁၆ တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.