လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ
လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ (အင်္ဂလိပ်: Lisu National Development Party; အတိုကောက် LNDP) သည် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီ တစ်ခုဖြစ်သည်။ ၂၀၁၃ ဩဂုတ်တွင် ပါတီတည်ထောင်ခွင့် မှတ်ပုံတင်ခဲ့ပြီး ဒီဇင်ဘာ၌ ပါတီတည်ထောင်ခွင့်ပြုခဲ့သည်။ ပါတီဝင်အရေအတွက် ၅၀,၀၀၀ ခန့် ရှိပြီး ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့ရှိ မဲဆန္ဒနယ်များမှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။ ပါတီ၏မူဝါဒမှာ တိုင်းရင်းသားများ အပါအဝင် နိုင်ငံသားများ၏ ရပိုင်ခွင့်များ၊ တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အခြားနိုင်ငံရေးပါတီတို့ နှင့် ပူးပေါင်း ဆောင်ရွက်သွားရန် ဖြစ်သည်။[1]
လီဆူအမျိုးသားဖွံ့ဖြိုးရေးပါတီ | |
---|---|
အင်္ဂလိပ် အမည် | Lisu National Development Party |
နာယက | ဦးအားခီဒါဝူ |
တည်ထောင်ခြင်း | ၁၇ ဒီဇင်ဘာ ၂၀၁၃ |
ဌာနချုပ် | မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ် |
အဖွဲ့ဝင် | ၅၀,၀၀၀[1] |
နိုင်ငံရေး သဘောတရား | လီဆူးလူမျိုး အခွင့်အရေး |
အရောင် | အနီ |
အမျိုးသားလွှတ်တော် အမတ်နေရာ | ၀ / ၂၂၄
|
ပြည်သူ့လွှတ်တော် အမတ်နေရာ | ၂ / ၄၄၀
|
ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များ | ၂ / ၈၆၀
|
တိုင်းရေးသားရေးရာဝန်ကြီး | ၁ / ၂၉
|
ပါတီအလံ | |
ဖိုင်:Lisu National Development Party.png | |
မြန်မာနိုင်ငံ၏ နိုင်ငံရေး နိုင်ငံရေးပါတီများ |
ကိုးကား
- လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)။ 22 October 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၇ နိုဝင်ဘာ ၂၀၁၅ တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.