မန္တလေးတိုင်းဒေသကြီး
မန္တလေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံအလယ်ပိုင်းတွင် တည်ရှိသည်။ အရှေ့ဖက်တွင် ရှမ်းပြည်နယ်၊ အနောက်ဖက်တွင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး၊ တောင်ဖက်တွင် ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ် နှင့် မြောက်ဖက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တို့က အသီးသီးဝန်းရံလျက်ရှိသည်။ တိုင်းဒေသကြီး၏ မြို့တော်ဖြစ်သော မန္တလေးမြို့၌ မြန်မာတို့၏ နောက်ဆုံးမင်းများ စိုးစံခဲ့သော မြနန်းစံကျော် ရွှေနန်းတော်တည်ရှိသည်။ ပထမမြန်မာနိုင်ငံ၏ မြို့တော်ဖြစ်ခဲ့သော ပုဂံမြို့ဟောင်းမှာ မန္တလေးတိုင်းဒေသကြီးတွင်း၌ တည်ရှိပြီး လက်ရှိ အစိုးရအဖွဲ့များ ရုံးစိုက်ရာ နေပြည်တော် ပြည်ထောင်စုနယ်မြေကို မန္တလေးတိုင်းဒေသကြီးမှ ပတ်ပတ်လည် ဝန်းရံထားသည်။
မန္တလေးတိုင်းဒေသကြီး မန္တလေးတိုင်း | |||
---|---|---|---|
တိုင်းဒေသကြီး | |||
| |||
![]() မန္တလေးတိုင်း တည်နေရာ | |||
နိုင်ငံ | ![]() | ||
မြို့တော် | မန္တလေးမြို့ | ||
အစိုးရ | |||
• ဝန်ကြီးချုပ် | ဒေါက်တာဇော်မြင့်မောင် (NLD) | ||
• အစိုးရအဖွဲ့ | မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ | ||
• ဥပဒေပြုလွှတ်တော် | မန္တလေးတိုင်းဒေသကြီး လွှတ်တော် | ||
ဧရိယာ | |||
• စုစုပေါင်း | ၃၇၉၄၅.၆ စတုရန်းကီလိုမီတာ (၁၄၆၅၀.၉ စတုရန်းမိုင်) | ||
ဧရိယာအဆင့် | သတ္တမမြောက် | ||
လူဦးရေ (၂၀၁၄)[1] | |||
• စုစုပေါင်း | ၆,၁၆၅,၇၂၃ ယောက်[1] | ||
• အဆင့် | တတိယမြောက် | ||
လူနေမှု | |||
• လူမျိုးများ | ဗမာ၊ တရုတ်၊ အိန္ဒိယ၊ ရှမ်း၊ ကရင်၊ ဂေါ်ရခါး | ||
• ကိုးကွယ်မှု | ဗုဒ္ဓ၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ | ||
အချိန်ဇုန် | MST (UTC+06:30) | ||
ဝက်ဘ်ဆိုဒ် |
သမိုင်းကြောင်း
မန္တလေးတိုင်းကို မြန်မာမင်းများ လက်ထက်က တမ္ပဒီပတိုင်းဟု ခေါ်ခဲ့ကြသည်။ တိုင်းချစ်၊ ပြည်ချစ်၊ မျိုးချစ်စိတ်တို့ ထွန်းပေါက်ဖွားရာဒေသဟု ပညာရှင်များက သတ်မှတ်ခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် ဤတိုင်းဒေသအတွင်းရှိ အမရပူရတောင်ပိုင်း တောင်သမန်၊ ရွှေစာရံ၊ ပုပ္ပါး စသည့် ဒေသတစ်ဝိုက်တွင် ကျောက်ခေတ်ကာလမှစ၍ မြန်မာ့ယဉ်ကျေးမှု အခြေခံ အညာသားယဉ်ကျေးမှုတစ်ရပ် ထူတောင်ခဲ့ခြင်း (ထိုဒေသများတွင် ကျောက်ခေတ်ဦးပိုင်း လူသားများ အသုံးပြုခဲ့သည့် အသုံးအဆောင်များ၊ ကျောက်လက်နက်များ တစ်ပုံတစ်ပင် တွေ့ရှိခဲ့ရသည်။ ထိုအသုံးပြုခဲ့သော ခေတ်ကာလကို "အညာသားယဉ်ကျေးမှု" (Anyarthian Culture)ဟု ခေါ်တွင်ခဲ့ကြသည်။ သရေခေတ္တရာ၊ ဟန်လင်း၊ ဗိဿနိုးမြို့ဟောင်းနှင့် ခေတ်ပြိုင် မိုင်းမော၊ ဝတီး စသည့် ပျူရှေးဟောင်းမြို့များ တည်ရှိခြင်း၊ တကောင်း(ဘီစီ-၂)၊ ပုဂံ(အေဒီ- ၈၄၉)၊ အမရပူရ(အေဒီ- ၁၁၄၄)၊ ပင်းယ(အေဒီ-၁၃၁၂)၊ အင်းဝ(အေဒီ-၁၃၆၄)၊ ညောင်ရမ်း(အေဒီ-၁၅၉၇)၊ ရတနာပုံ(အေဒီ-၁၈၅၉) စသော မြန်မာမင်းနေပြည်တော်များ စတင်တည်ထောင်ခဲ့ခြင်း၊ (အေဒီ-၁၀၄၄) ပုဂံအနော်ရထာမင်းလက်ထက်တွင် ပထမမြန်မာနိုင်ငံတော် ထူထောင်ခဲ့ခြင်း၊ လယ်ကွင်း(၁၁)ခရိုင် (နောင် (၉)ခရိုင်)တွင် လယ်ယာစိုက်ပျိုးမှု ထွန်းကားခဲ့ခြင်း၊ (အေဒီ-၁၁၁၂)မှ စ၍ မြန်မာစာအရေးအသား ပေါ်ပေါက်ခဲ့ခြင်း၊ ပင်းမြို့(၄၃)မြို့ ထူထောင်၍ ကာကွယ်ရေး တည်ဆောက်နိုင်ခဲ့ခြင်းတို့ကြောင့် ဖြစ်သည်။[2]

တည်နေရာနှင့် အကျယ်အဝန်း
မန္တလေးတိုင်းဒေသကြီးသည် မြောက်လတ္တီတွဒ် ၁၉ ဒီဂရီ ၂၀မိနစ် နှင့် ၂၃ ဒီဂရီ ၄၅မိနစ်အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၄၅မိနစ် နှင့် ၉၇ ဒီဂရီ အကြားတွင် တည်ရှိသည်။ ဧရိယာ စုစုပေါင်း ၁၁၉၂၅.၉၆ စတုရန်းမိုင်[3] ကျယ်ဝန်းသည်။ လူနေသိပ်သည်းသော ဒေသလည်းဖြစ်သည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၆,၁၆၅,၇၂၃ ယောက် ရှိသည်။[1]
ပထဝီဝင်အနေအထား
မြေမျက်နှာသွင်ပြင်
မန္တလေးတိုင်းဒေသကြီး၏ အနောက်ဘက်ပိုင်းတွင် ပုပ္ပါးမီးငြိမ်းတောင်ရှိသည်။မန္တလေးနှင့် ကျောက်ဆည်ပတ်ဝန်းကျင်တွင် လွင်ပြင်များ တည်ရှိသည်။တိုင်းဒေသကြီး၏ အရှေ့ဘက်တွင် ရှမ်းရိုးမတောင်တန်းများတည်ရှိသည်။တိုင်းဒေသကြီး၏ အနောက်ခြမ်းတွင် ညောင်ဦးမြို့နယ်အထိ ဧရာဝတီမြစ်က စီးဆင်းနေသည်။မြစ်ငယ်မြစ်၊ဇော်ဂျီမြစ်၊ပန်းလောင်မြစ်၊ စမုံမြစ်တို့မှာလည်း စီးဆင်းနေသည်။
ရာသီဥတု
ကွဲပြားခြားနားသော ရာသီဥတုများကို တွေ့ရသည်။ အရှေ့ဖက်တောင်တန်းဒေသများ (မိုးကုတ် နှင့် ပြင်ဦးလွင်)တွင် ပူနွေးစိုစွတ်သော ရာသီဥတုမျိုးတွေ့ရသည်။ ၎င်းဒေသများတွင် အပူချိန်မှာ ၇၀ ဒီဂရီ ဖာရင်ဟိုက် မှ ၇၅ ဒီဂရီ ဖာရင်ဟိုက်ထိရှိသည်။ ဆောင်းဥတုတွင် ၆၀ ဒီဂရီဖာရင်ဟိုက်သာ ရှိတတ်သည်။ မိုးရေချိန်မှာ မိုးကုတ်မြို့တွင် ၁၀ဝ လက်မ၊ ပြင်ဦးလွင်မြို့တွင် ၆၀ လက်မကျော် ထိရရှိပါသည်။
တောင်ပိုင်းဒေသများတွင် ပူပြင်းခြောက်သွေ့သည့် ရာသီဥတုမျိုးကိုတွေ့ရသည်။ ပျှမ်းမျှအပူချိန်မှာ ၈၈ ဒီဂရီ ဖာရင်ဟိုက်ဖြစ်ပြီး နေ့ခင်းဘက်အပူချိန်မှာ ၁၁၀ ဒီဂရီဖာရင်ဟိုက်ထိရှိတတ်သည်။ ဆောင်းဥတုတွင်မူ အပူချိန်မှာ ၅၀ ဒီဂရီထိ ကျဆင်းတတ်သည်။ မိုးရေချိန်မှာ မန္တလေးနှင့်ကျောက်ဆည်လွင်ပြင်တွင် ၃၂ မှ ၃၄ လက်မ၊ အလယ်ပိုင်းရှိ မြင်းခြံတွင် ၂၇ လက်မ၊ ပုပ္ပါးတောင်တစ်ဝိုက်ဒေသများတွင် ၄၀ လက်မ ထိရှိတတ်ပြီး ကျန်တောင်ပိုင်းဒေသများတွင် ၅၆ လက်မ ထိရွာသွန်းတတ်ပါသည်။
အုပ်ချုပ်ရေး
အုပ်ချုပ်ရေး
မန္တလေးတိုင်းကို ယခင်က ၂၆ဘီလမ်းနှင့် ၆၆လမ်းထောင့်ရှိ တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ အုပ်ချုပ်ခဲ့သည်။၂၀၁၁ခုနှစ် အစိုးရအသစ်တက်လာချိန်မှစကာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအဖြစ် ၆၄လမ်းနှင့် ၂၄လမ်းထောင့်တွင် ဖွင့်လှစ်ကာ တိုင်းဒေသကြီးဝန်ကြီးချုပ် အမှူးပြုသော တိုင်းဒေသကြီးဝန်ကြီးများမှ အုပ်ချုပ်သည်။

ဥပဒေပြုရေး
၂၀၁၁ခုနှစ် စနစ်အသစ်မှစတင်ကာ မန္တလေးတိုင်းဒေသကြီးအတွက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များပါဝင်သော တိုင်းဒေသကြီးဥပဒေပြုလွှတ်တော် စတင်ကျင်းပခဲ့သည်။ မူလလွှတ်တော်မှာ ၆၅လမ်းနှင့် ၂၄လမ်းထောင့်ရှိ တိုင်းတရားလွှတ်တော်အဆောက်အအုံတွင် တည်ရှိခဲ့ကာ ဒုတိယအကြိမ်လွှတ်တော်သက်တမ်းမှစ၍ ၉လမ်း လမ်း၇၀နှင့် ၇၃လမ်းကြားရှိ လွှတ်တော်အဆောက်အအုံတွင် ကျင်းပခဲ့သည်။

တရားစီရင်ရေး
မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်လက်အောက်တွင် မန္တလေး၊ ကျောက်ဆည်၊ ပြင်ဦးလွင်၊ မြင်းခြံ၊ မိတ္ထီလာ၊ ညောင်ဦး၊ ရမည်းသင်းနှင့် ဒက္ခိဏ ခရိုင်တရားရုံး (၈)ရုံးရှိသည်။ ပြည်ထောင်စုနယ်မြေအပါအဝင် မြို့နယ်တရားရုံး (၃၅)ရုံး၊ မော်တော်ယာဉ်ဆိုင်ရာတရားရုံး၊ စည်ပင်တရားရုံး၊ ကလေးသူငယ်ဆိုင်ရာတရားရုံး စသည့် အထူးတရားရုံး (၅)ရုံးရှိသည်။[4]
ခရိုင်၊ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာ
မန္တလေးတိုင်းဒေသကြီးတွင် ခရိုင် (၇)ခု ရှိသည်။

ခရိုင်ရှိမြို့နယ်
မြို့နယ်ပေါင်း (၂၈) ခု ရှိသည်။

မြို့ပေါင်း (၃၀) မြို့၊ ရပ်ကွက်ပေါင်း (၂၈၀) ကွက်၊ ကျေးရွာအုပ်စု (၁၄၁၅) အုပ်စု၊ ရွာပေါင်း (၄၇၉၉) ရွာ ရှိသည်။[5]
အခြား မြို့ရွာများ
- အေလာ
- အမရပူရ
- အနီးစခန်း
- ပုဂံ
- ဘဲလင်း
- ဟန်ဇား
- လှိုင်းတတ်
- အင်းကုန်း
- ကန်မြဲ
- ကနွား
- ကင်းရွာ
- ကုက္ကိုစု
- ကူမဲ
- ကြံညှပ်
- ကျယ်ကန်
- ကြည်ထောင်ကန်
- လက်ပန်လှ
- လက်ဝဲ
- မတ္တရာ
- မလှိုင်
- မင်းပြင်
- မင်းကုန်း
- မိုးကုတ်
- မြင်းနီ
- မြစ်သား
- မြို့လှ
- နဘူးအိုင်
- နွားထိုးကြီး
- ညောင်လွန်း
- ညောင်အုပ်
- ညောင်ရမ်း
- ပန်းအိုင်
- ပုသိမ်ကြီး
- ပရံကစု
- ပင်းတလဲ
- လေးမျက်နှာရွာ
- တဲစုရွာ
- သုံးဒေါင့်အိုင်
- ပုပ္ပားရွာ
- ပျော်ဘွယ်
- ပြင်စာ
- ပြင်စည်
- ပြည်ညောင်
- စပါယ်နဂို
- ဆည်တော်
- ဆိတ်ထိန်း
- ရှမ်းရွာ
- ရွှေတောင်
- ရွှေစာရံ
- ဆီမီးခုံ
- စဉ့်ကူး
- စဉ့်ကိုင်
- တံတားဦး
- ဂွေးကုန်း
- တကောင်း
- သပိတ်ကျင်း
- သာဝတ္တိ
- သာစည်
- သဲတော
- တွင်းငယ်
- ဝါးဖြူတောင်
- ဝဲလောင်
- ဝက်လူး
- ဝက်ဝံရွာ
- ဝမ်းတွင်း
- ရမည်းသင်း
- ရတနာပုံ နည်းပညာ မြို့သစ်
- ရန္တပို
- ယင်းမာပင်
- ရွာတော်
- ညောင်အိုင်
- ညောင်ကားရား
- ဥသျှစ်ကုန်း
- မကျည်းပင်ပု
- ဥယျာဉ်
- ရွာသစ်
- တောမ
- ထမုန်ကန်
- ညောင်ပင်သာ
- မောက်လောက်
- ချောက်ပင်
- ခင်လူး
- ညောင်ကိုင်း
- ကွက်ငယ်
- အပျောက်
- ပျဉ်သာ
- ပိတောက်ပင်
- ကုက္ကိုပင်
- လူးခင်းကြီး
- မုန်တိုင်
- ရေချို
- ရေချိုကြီး
- ကုန်းတောင်း
- ချမ်းသာကြီး
- နှောပင်
- ဆည်ကြီး
- ကြက်မောက်
- ကွမ်းခြံရိုး
- အပျောက်
- ရုံးတောလေး
- ရုံးတောကြီး
- ရွာမွန်သာ
- လျှော်ဖြူကန်
- တဘက်ကာ
- ဆားတောင်
- ဝါးရင်းတုတ်
- သီးကုန်း
- အလယ်ရွာ
- လက်ပန်ခေါင်း
- ပေါက်ပင်သာ
- ပြည်တော်သာ
- ခင်သာ
- မုံဇင်း
- အရာတော်
- ရွာသာ
- ရေချိုရွာမ
- လေးတိုင်စင်
- ရေချိုသန်းကုန်း
- သမင်ပျို
- ကန်တောင်း
- ဆည်
- အံ့ထူး
- ကျောင်းရာကန်
- လိန်တော
- စည်ပင်သာ
- ကျောက်ဖြူကုန်း
- ပေါက်ပင်အိုင်
- အုန်းနဲပုတ်
- ဆူးဖြူကွက်
- မြင်တော်ကန်
- ကြာပေါက်
- ဖက်တော
- ပေပင်ကုန်း
- ညောင်ပင်ပျို
- ဆူးဖြူကွက်
- ကျီကုန်း
- ညောင်ပင်လျှို
- သရက်တန်း
- ကက္ကူကန်
- ကျောက်ပုံ
- အင်ကြင်းစု
- ဝက်ချောက်
- ပျော်ဘွယ်
- ညောင်ပင်လျှို(အရှ့)
- ညောင်ပင်လျှို(အနောက်)
- အောင်သာ
- ချမ်းသာကြီး(ရွှေစစ်သည်)
- တလင်းကုန်း
- လက်ပံချိုင့်
- ရွှေစစ်သည်
- စည်ပင်သာ
- အိုမတွေေ့
- ညောင်ပင်
- မကျီးပင်တဲ
- ဥယျာဉ်(ချောင်းနား)
- ချာင်းနား
- ရေထွက်
- ကျောက်ပုံကန်
- ပျော်ကုန်း
- သပြေကန်(တောင်)
- သပြေကန်(မြောက်)
- ဆည်အောင်ကုန်း
- မယ်ဇလီကုန်း
- တက်ပိုး
- မြင်းခြံရွာသစ်
- ပေပင်ကုန်း
- ဂွေးတောက်ကန်
- မြေခြား
- ဂွေးအိုင်
- မကျီးကုန်း
- မိုးကောင်း
- ကန်သာ
- ရွာသစ်(ဂွေးအိုင်)
- တယ်ပင်တဲ
- ဘုံးအိုး
- ကန်ကြီးကုန်း
- ရေစင်
- ပျော်ဘွယ်(အိုင့်ကြီးလည်)
- သာစည်လေး
- အိုင့်ကြီးလည်
- နဘဲကုန်း
- အောင်ပန်း(သံဘို)
- သံဘို
- ဥယျာဉ်(သံဘို)
- တဲလှ
- ကမ်းပါးတဲ
- သဲဖြူချောင်း
- ရေငံ
- ဝါးသုံးတော
- ကုက္ကိုတော
- တမာပင်
- သဲတော(တပျော်)
- တပျော်
- ကြာကန်(တပျော်)
- မကျီးတန်း
- လက်ပံအိုင့်(အနောက်)
- ကင်ပွန်းခြုံ
- အိုင်ရွာဟောင်း
- အိုင့်
- လက်ပံအိုင့်(အရှေ့)
- ကျောက်အိုး
- အင်းပင်ဝ
- ရွာသစ်(ရေဝေ)
- ထန်းတော
- ညောင်ဇောက်
- ညောင်ကုန်း(ရေဝေ)
- ရေဝေ
- ကန်သာ
- အင်းမ
- ရွာသစ်(အုံတုံ)
- အုံတုံ
- သီးပင်ခင်
- ညောင်ပင်သာ(မုန်တိုင်)
- ထန်းချောင်းတော
- ဖလန်ကျင်း
- သရက်ခြံ
- လဲတော
- မုန်တိုင်
- ခံပင်အိုင့်
- ကျီးသာအိုင့်
- ဆပ်ပျာကျင်း
- သရက်ပင်(အနောက်)
- သရက်ပင်(အရှေ့)
- ညောင်အိုင်(ကျွယ်ကန်)
- မကျီးကုန်း(ကျွယ်ကန်)
- ကျွယ်ကန်
- သဘွတ်ကုန်း
- ထနောင်းအိုင်(ကျွယ်ကန်)
- သက်ငယ်ကျင်း
- ညောင်ပင်သာ(ကျွယ်ကန်)
- ကန်ခြား
- ကျောက်ဖူး
- ဒဟတ္တန်း
- ကျောက်ဖူး
- ထနောင်းကျင်း
- ဒန်းကုန်း
- ထိန်ကန်
- မြောက်လည်
- သိမ်းကုန်း
- ကြိုးစု
- ရက်တန်း
- ဂွေးကုန်း(မြောက်လည်)
- အိုးအိုင်ကုန်း
- ရေငံ(မြောက်လည်)
- အင်ပင်ဝ
- ကုန်းတန်း
- ကုန်းတန်းကျောင်း
- သာစည်(သီးပင်ကုန်း)
- တဲကြီးကုန်း
- ထနောင်ပင်တဲ
- ကျီကုန်း(သီးပင်ကုန်း)
- ပန်းဒွေး
- ကြက်တက်ပင်
- ထုံးအိုင်
- မကြီးချို
- ရေငံ(အလည်)
- ဆွာတော
- နွားစာငုတ်
- ထုံးအိုင်(အလည်)
- အင်ကြင်းကုန်း(အလည်)
- ပျော်ကုန်း(အလည်)
- သီတပ်ကန်
- ကုန်းသာ(အလည်)
- တည်ပင်ကုန်း(အလည်)
- ကုက္ကိုကျင်း(အလည်)
- သီးပင်ကုန်း(အလည်)
- ဒီးဒုတ်(ဆပ်ပျာကျင်း)
- ဆပ်ပျာကျင်း
- သဖန်းပင်ရိုး
- ကန်ကြီးကုန်း
- ကျောက်ပုံ
- ကြာကန်
- ဖန်းခါးကုန်း
- ကျောက်အိုး
လူဦးရေ
သမိုင်းတစ်လျှောက် လူဦးရေများ | ||
---|---|---|
ခုနှစ် | လူဦးရေ | ±% |
၁၉၇၃ | ၃၆၆၈၄၉၃ | — |
၁၉၈၃ | ၄၅၇၇၇၆၂ | +24.8% |
၂၀၁၄ | ၆၁၆၅၇၂၃ | +34.7% |
Source: ၂၀၁၄ သန်းခေါင်စာရင်း[1] |
မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု မြို့တော်ဖြစ်သော မန္တလေးမြို့သည် လွန်ခဲ့သော နှစ်ပေါင်း ၂၀ ခန့်က တရုတ်လူမျိုးများ ဝင်ရောက်လာခဲ့ပြီး တရုတ်ယဉ်ကျေးမှုများ စီးဆင်းဝင်ရောက်လာသည်။ တရုတ်လူမျိုးများသည် မြန်မာနိုင်ငံသား စိစစ်ရေးကဒ်များကို တရားမဝင်ရကြသည်။ ယခုအခါ တရုတ်လူမျိုးများမှာ မြို့နေလူထု၏ ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ ရှိနေပြီ ဖြစ်သည်။ အိန္ဒိယလူမျိုးများသည်လည်း မန္တလေးမြို့တွင် နေထိုင်ကြသည်။ ဗမာဘာသာစကားမှာ အဓိက ဘာသာစကားဖြစ်သည်။ တရုတ်ပြည်မကြီး စကားကို တရုတ်တန်း နှင့် ဈေးချိုတော် အနီးတဝိုက်တွင် တွင်တွင်ကျယ်ကျယ် အသုံးပြုကြသည်။ အင်္ဂလိပ်ဘာသာစကားမှာ တတိယဘာသာစကား အဖြစ် ပြောဆိုနေကြသည်။
၂၀၁၄ခုနှစ် သန်းခေါင်စာရင်းအရ မန္တလေးတိုင်းဒေသကြီး၏ လူဦးရေသည် ၆၁၆၅၇၂၃ဦးဖြစ်ကာ ကျားဦးရေ ၂၉၂၈၃၆၇ မဦးရေမှာ ၃၂၃၇၃၅၆ဦးဖြစ်သည်။ မြန်မာနိုင်ငံလူဦးရေ ၅၄သန်း၏ ၁၂ရာခိုင်နှုန်းဖြစ်ကာ ရန်ကုန်တိုင်ဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးပြီးလျှင် တတိယအများဆုံးဖြစ်သည်။ မန္တလေးတိုင်းသည် ၁၉၇၃ခုနှစ် သန်းခေါင်စာရင်းတွင် ၃၆၆၈၄၉၃ဦး နှင့် ၁၉၈၃ခုနှစ် သန်းခေါင်စာရင်းတွင် ၄၅၇၇၇၆၂ဦးရှိရာ ၁၉၈၃ခုနှစ်မှ ၂၀၁၄ခုနှစ်အတွင်း ၃၅% တိုးတက်လာခဲ့သည်။ တိုင်းပြည်လူဦးရေ၏ ၁၃%ရှိခဲ့ရာမှ ၁၂%သို့ ကျဆင်းသွားသည်။ အကြောင်းမှာ ပြည်ထောင်စုနယ်မြေအား မန္တလေးတိုင်းမှခွဲထုတ်၍ ရေတွက်ထားသောကြောင့်ဖြစ်သည်။
မန္တလေးတိုင်းသည် ၁၉၇၃သန်းခေါင်စာရင်းတွင် ၃၆၆၈၄၉၃ဦးနှင့် ၁၉၈၃သန်းခေါင်စာရင်းတွင် ၄၅၇၇၇၆၂ဦးရှိရာ ၁၉၈၃ခုနှစ်မှ ၂၀၁၄ခုနှစ်အတွင်း ၃၅% တိုးတက်လာခဲ့သည်။တိုင်းပြည်လူဦးရေ၏ ၁၃%ရှိခဲ့ရာမှ ၁၂%သို့ ကျဆင်းသွားသည်။အကြောင်းမှာ ပြည်ထောင်စုနယ်မြေအား မန္တလေးတိုင်းမှခွဲထုတ်၍ ရေတွက်ထားသောကြောင့်ဖြစ်သည်။

မန္တလေးတိုင်းအတွင်းရှိ ခရိုင်များတွင် မန္တလေးခရိုင်မှာ လူဦးရေအများဆုံးဖြစ်ကာ ညောင်ဦးခရိုင်မှာ အနည်းဆုံးဖြစ်သည်။ သန်းခေါင်စာရင်းကောက်ယူစဉ်က ကျောက်ပန်းတောင်းမြို့နယ်အား ညောင်ဦးခရိုင်အတွင်း ထည့်သွင်းခြင်း မပြုရသေးပေ။

မန္တလေးတိုင်း၏ လူဦးရေသိပ်သည်းဆမှာ တစ်စတုရန်းကီလိုမီတာလျှင် ၂၀၀ဦးဖြစ်ပြီး မြန်မာနိုင်ငံ၏ ၇၆ဦးနှင့် နှိုင်းယှဉ်ပါက အင်မတန်မြင့်မားနေသည်။ ရန်ကုန်တိုင်းပြီးလျှင် ဒုတိယမြောက် လူဦးရေအသိပ်သည်းဆုံးနယ်ပယ်ဖြစ်သည်။ ၁၉၇၃တွင် ၉၉ဦး၊ ၁၉၈၃တွင် ၁၂၄ဦးရှိခဲ့ရာမှ ၂၀၀ဦးသို့ မြင့်တက်လာခြင်းဖြစ်သည်။
တိုင်းဒေသကြီးအတွင်း လူ၁၀၀၌ ၆၅ဦးသည် ကျေးလက်၌ နေထိုင်ကြပြီး ၃၅ဦးသည် မြို့ပြတွင် နေထိုင်ကြသည်။ မြို့ပြဦးရေ ၇၀%ရှိသော ရန်ကုန်တိုင်းနှင့် ၃၆%ရှိသော ကချင်ပြည်နယ်ပြီးလျှင် တတိယအများဆုံးဖြစ်သည်။ မန္တလေးတိုင်း၏ လူဦးရေအများစုမှာ ဗမာလူမျိုးများဖြစ်သည်။ သို့သော်မန္တလေးမြို့ပြဧရိယာတွင် ယူနန်ပြည်မှပြောင်းလာသော တရုတ်လူမျိုးများလည်းနေထိုင်ကြသည်။[6] အိန္ဒိယလူမျိုးများလည်း နေကြသည်။ တိုင်းဒေသကြီး၏ အရှေ့ဘက်နယ်စပ်တစ်လျောက်တွင် ရှမ်းလူမျိုးများလည်းနေထိုင်ကြသည်။

ပညာရေး
မြန်မာနိုင်ငံ၏ အဆင့်မြင့်ပညာရေးအများစုမှာ ရန်ကုန်နှင့် မန္တလေးတွင်ရှိသည်။ အထက်မြန်မာပြည်၏ အဆင့်မြင့်တက္ကသိုလ်အများစုမှာ မန္တလေးတိုင်းတွင်ရှိသည်။ ထို့အပြင် စစ်ဖက်ဆိုင်ရာတက္ကသိုလ်များလည်းတည်ရှိသည်။
အဆင့်မြင့်ပညာ | အရေအတွက် |
---|---|
တက္ကသိုလ် | ၁၈ |
ကောလိပ် | ၂ |
သိပ္ပံကျောင်း | ၂ |
အခြေခံပညာ | အရေအတွက် |
---|---|
အထက | ၂၄၂ |
အလက | ၃၀၁ |
အမက | ၂၄၉၄ |
အထက(ခွဲ) | ၁၈၃ |
အလက(ခွဲ) | ၃၆၁ |
အမက(ခွဲ) | ၇၅ |
မူလွန် | ၅၂၉ |
ဘုန်းတော်ကြီးသင်ပညာရေးကျောင်း | အရေအတွက် |
---|---|
မူလတန်း | ၂၅၂ |
အလယ်တန်း | ၇၁ |
အထက်တန်း | ၂ |
ပုဂ္ဂလိကကျောင်း | ၁၄၉ |
အဆင့်မြင့်ပညာဦးစီးဌာန
- မန္တလေးတက္ကသိုလ်
- မန္တလေးအဝေးသင်တက္ကသိုလ်
- မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်
- ရတနာပုံတက္ကသိုလ်
- ကျောက်ဆည်တက္ကသိုလ်
- မိတ္ထီလာတက္ကသိုလ်
- မိတ္ထီလာစီးပွားရေးတက္ကသိုလ်
- မိတ္ထီလာနည်းပညာတက္ကသိုလ်
- မိတ္ထီလာကွန်ပျူတာတက္ကသိုလ်
- မန္တလေးနည်းပညာတက္ကသိုလ်
- နည်းပညာတက္ကသိုလ်(ရတနာပုံဆိုင်ဘာစီးတီး)
- မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ်
- နည်းပညာတက္ကသိုလ်(မန္တလေး)
- နည်းပညာတက္ကသိုလ်(ကျောက်ဆည်)
- နည်းပညာတက္ကသိုလ်(ရမည်းသင်း)
- မန္တလာတက္ကသိုလ်
- မြင်းခြံဒီဂရီကောလိပ်
- မန္တလေးကွန်ပျူတာတက္ကသိုလ်
- ကွန်ပျူတာတက္ကသိုလ်(မန္တလေး)
- မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်
ဆရာအတတ်သင်နှင့်လေ့ကျင့်ရေးဦးစီးဌာန
- မိတ္ထီလာပညာရေးကောလိပ်
- မန္တလေးပညာရေးကောလိပ်
စက်မှုနည်းပညာမြှင့်တင်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန
- အစိုးရနည်းပညာကောလိပ်(မြင်းခြံ)
- မော်တော်ယာဉ်နည်းပညာသုတေသနဌာန
နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန
- နည်းပညာမြှင့်တင်ရေးသင်တန်းဌာန (ဘယ်လင်း)
- နည်းပညာအထက်တန်းကျောင်း(မိတ္ထီလာ)
- အစိုးရစက်မှုလက်မှုသိပ္ပံ(မန္တလေး)
- အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဆည်)
ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန
- ဆေးတက္ကသိုလ် (မန္တလေး)
- သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (မန္တလေး)
- ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် (မန္တလေး)
- သူနာပြုတက္ကသိုလ် (မန္တလေး)
- ဆေးဝါးတက္ကသိုလ် (မန္တလေး)
- သားဖွားသင်တန်းကျောင်း
- ဘက်စုံသားဖွားသင်တန်းကျောင်း(ပြင်ဦးလွင်)
- သူနာပြုသင်တန်းကျောင်း (မန္တလေး)
- သူနာပြုသင်တန်းကျောင်း(မိတ္ထီလာ)
တိုင်းရင်းဆေးပညာဦးစီးဌာန
အားကစားနှင့်ကာယပညာဦးစီးဌာန
- အားကစားနှင့်ကာယပညာသိပ္ပံ
သမဝါယမဦးစီးဌာန
- ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံ (အမရပူရ)
- ယွန်းပညာကောလိပ် (ပုဂံ)
- သမဝါယမကောလိပ် (မန္တလေး)
စိတ်ဝင်စားဖွယ်နေရာများ
- မြနန်းစံကျော်ရွှေနန်းတော်
- မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး
- ကမ္ဘာ့အကြီးဆုံးစာအုပ်၊
- သုဓမ္မာဇရပ်များ
- ပယ်ပုံတော်ဝင်း
- တဝဂူဘုရား
- မဟာသကျသီဟ ရုပ်ပွားတော်
- မဟာအတုလဝေယန်ကျောင်းတော်ကြီး
- အိမ်တော်ရာဘုရား
- ကျောက်တော်ကြီးဘုရား(မန္တလေး)၊
- ကုသိုလ်တော်၊
- စန္ဒာမုနိစေတီ၊
- ရန်ကင်းတောင်၊
- ရေတံခွန်တောင်၊
- ရွှေစာရံဘုရား၊
- မန္တလေးယဉ်ကျေးမှုပြတိုက်
- အိမ်ရှေ့မင်းထန်းတော
- ရတနာပုံ တိရစ္ဆာန်ဥယျာဉ်
- မန်းသီတာ ဥယျာဉ်
- အောင်ပင်လယ်ကန်
- တောင်ပြုန်းပွဲတော်
- သခင်မတောင်
- အမရပူရနန်းတော်
- သပြေတန်း ခံတပ်
- တောင်သမန်အင်း
- ဦးပိန်တံတား
- မယ်ဇယ်တန်း
- တောင်လေးလုံးကျောင်းတိုက်
- ဗားကရာဘုန်းကြီးကျောင်း
- ဆောင်းဒါး ရက်ကန်းကျောင်း
- ကျောက်တော်ကြီးဘုရား(အမရပူရ)
- ရတနာ့ဂူ
- ပြင်ဦးလွင်မြို့ (ခေါ်)မေမြို့
- အမျိုးသားကန်တော်ကြီးဥယျာဉ်၊ ပြင်ဦးလွင်
- ပုပ္ပါးတောင်
- ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ
- မိုးကုတ်ရတနာမြေ
- တောင်သမန်အင်း
- မန္တလေးတောင်မှနေဝင်ချိန်
- ဦးပိန်တံတားမှနေဝင်ချိန်
- ပုပ္ပါးတောင်
- မန္တလေးတောင်နှင့်ကျုံး
- အမျိုးသားကန်တော်ကြီးဥယျာဉ်
- ပုဂံ
စီးပွားရေး
ဒေသထွက်ကုန်များ
ဒေသထွက်ကုန်များအနေဖြင့် မြင်းခြံဒေသမှ ကြက်သွန်၊ ငရုတ်၊ ကျောက်ပန်းတောင်းဒေသမှ အာလူး၊ စသည်တို့ထွက်ရှိသည်။ မြန်မာတို့၏ ဒြပ်ရှိယဉ်ကျေးမှုဟု သတ်မှတ်ခံထားရသော ယွန်းထည်များကို ပုဂံဒေသမှ ထွက်ရှိသည်။
တွင်းထွက်များ
တွင်းထွက်ပစ္စည်း အနေဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မိုးကုတ်မြို့ မှ ထွက်ရှိသော ပတ္တမြားသည် မြန်မာတွင်သာမက ကမ္ဘာမှာပါ နာမည်ကြီးသော တွင်းထွက်ရတနာတစ်မျိုးဖြစ်သည်။ ကမ္ဘာတွင် အကောင်းဆုံး ပတ္တမြား သည် မိုးကုတ်မှ ထွက်သည်။ ထို့အပြင် ၊ နီလာ စသော ကျောက်မျက်ရတနာများလည်း ထွက်သည်။ ဘုရားစေတီများတွင် တင်လှူပူဇော်လေ့ရှိသော စိန်ဖူးတော်များကို မိုးကုတ်မြို့တွင်သာ ထွင်းထုပြုလုပ်လေ့ရှိသည်။
ကိုးကား
- သန်းခေါင်စာရင်း အစီရင်ခံစာ။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်ထောင်စု သန်းခေါင်စာရင်း အစီရင်ခံစာ။ အတွဲ-၂။ နေပြည်တော်: လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန။ မေ ၂၀၁၅။ pp. ၁၇။
- တိုင်းဒေသကြီးအကြောင်း။ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး။ 1 May 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၁၁ မေ ၂၀၁၅ တွင် ပြန်စစ်ပြီး။
- လူမှုရေးဆိုင်ရာအချက်အလက်များ။ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး။ 20 August 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- "မန္တလေးတိုင်းတရားလွှတ်တော်အကြောင်း"။
- တိုင်းဒေသကြီး/ပြည်နယ်များနှင့် နေပြည်တော်ကောင်စီအတွင်းရှိ ခရိုင်၊ မြို့နယ်၊ မြို့၊ ကျေးရွာအုပ်စုနှင့် ကျေးရွာဦးရေ စာရင်းချုပ်(၁၆−၁၀−၂၀၁၉)
- Stephen Mansfield။ "Myanmar's Chinese connection"၊ The Japan Times၊ 1999-05-13။
- D.P.S. MYANMAR GUIDE MAP. 2000.