ဇော်မြင့်မောင်
ဦးဇော်မြင့်မောင် သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမားနှင့် နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦး ဖြစ်သည်။ လက်ရှိတွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်တွင် အမရပူရမြို့နယ်မှ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံထားရပြီးနောက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးအပ်ခြင်း ခံရသည်။[1] ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲတွင် မဲအရေအတွက် ၂၁,၁၁၉ (၆၆%) ဖြင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသည်။[2]
ဒေါက်တာ ဦးဇော်မြင့်မောင် | |
---|---|
![]() | |
ဒုတိယမြောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် | |
တာဝန်သက်တမ်း ၃၀ မတ် ၂၀၁၆ – ၁ ဖေဖော်ဝါရီ ၂၀၂၁ | |
ယခင်လူ | ဦးရဲမြင့် |
မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် | |
တာဝန်သက်တမ်း ၈ ဖေဖော်ဝါရီ ၂၀၁၆ – ၃၁ ဇန်နဝါရီ ၂၀၂၁ | |
မဲဆန္ဒနယ် | အမရပူရမြို့နယ် မဲဆန္ဒနယ် ၁ |
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် | |
တာဝန်သက်တမ်း ၂ မေ ၂၀၁၂ – ၂၉ ဇန်နဝါရီ ၂၀၁၆ | |
ယခင်လူ | ဦးလှထွန်း |
ဆက်ခံသူ | ဦးရွှေကို |
မဲဆန္ဒနယ် | ကျောက်ပန်းတောင်းမြို့နယ် |
ပြည်သူ့လွှတ်တော် ရွေးကောက်ခံ ကိုယ်စားလှယ် | |
ယခင်လူ | အခြေခံဥပဒေ စတင် |
ဆက်ခံသူ | အခြေခံဥပဒေ ဖျက်သိမ်း |
မဲဆန္ဒနယ် | အမရပူရမြို့နယ် မဲဆန္ဒနယ် ၁ |
အနိုင်ရမဲ အရေအတွက် | ၂၁,၁၁၉ (၆၆%) |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | အမရပူရ၊ မြန်မာနိုင်ငံ | ဒီဇင်ဘာ ၁၁၊ ၁၉၅၁
လူမျိုး | မြန်မာ |
နိုင်ငံရေးပါတီ | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် |
Relations | ဦးချစ်မောင် (ဖခင်) |
မိခင်ကျောင်း | မန္တလေးဆေးတက္ကသိုလ် |
အလုပ်အကိုင် | မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ နိုင်ငံရေးသမား၊ ဆရာဝန် |
ငယ်စဉ်ဘဝ
၁၉၅၁ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် မန္တလေးတိုင်း၊ အမရပူရမြို့နယ်တွင် မွေးဖွားခဲ့သည်။ ၁၉၇၉ ခုနှစ်တွင် မန္တလေးဆေးတက္ကသိုလ်မှ ဆရာဝန်ဘွဲ့ ရရှိခဲ့သည်။[2] ယင်းနောက် စစ်ကိုင်းတိုင်းရှိ ရွာသစ်ကြီးဆေးရုံတွင် အလုပ်လုပ်ကိုင်ခဲ့သလို ၁၉၈၃ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ မန္တလေးတက္ကသိုလ်တွင် ဓာတုဗေဒသရုပ်ပြ အဖြစ် လုပ်ကိုင်ခဲ့သည်။[2]
နိုင်ငံရေး
ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၊ ၁၉၉၀ တွင် အမရပူရမြို့နယ်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားပြု အမတ်အဖြစ်ရွေးကောက်တင်မြှောက်ခြင်း ခံရသည်။ သို့သော်နိုင်ငံရေးအခြေအေနများကြောင့် ၁၉၉၀ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၂ ဖြင့် ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခံခဲ့ရသည်။[2] ရန်ကုန်တက္ကသိုလ် ၇၅ နှစ်မြောက် နှစ်ပတ်လည်တွင် မဂ္ဂဇင်းထုတ်ဝေခဲ့မှုကြောင့် ၁၉၉၆ ခုနှစ် မတ်လတွင် ၁၉၅၀ အရေးပေါ်အက်ဥပဒေဖြင့် နောက်ထပ် ၇ နှစ် ထပ်မံချမှတ်ခံခဲ့ရသည်။[2] မြစ်ကြီးနား အကျဉ်းထောင်တွင် စုစုပေါင်း ၁၉ နှစ် ထောင်ဒဏ်ကျခံခဲ့ရပြီး[3] ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် လွတ်မြောက်လာခဲ့သည်။[3]
ထို့နောက် ကြားဖြတ် ရွေးကောက်ပွဲ၊ ၂၀၁၂တွင် ကျောက်ပန်းတောင်မြို့နယ် ကိုယ်စားပြု၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရသည်။ အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၁၅တွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်အတွက် အမရပူရမြို့နယ် ကိုယ်စားပြုရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရကာ ထိုမှတဆင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။
အိမ်ထောင်ရေး
ဇနီးဖြစ်သူ ဒေါက်တာ ဒေါ်ယုယုမေနှင့် အိမ်ထောင်ကျကာ သမီး (၁) ဦးရှိသည်။
ကိုးကား
- "Names of Pyithu Hluttaw representatives announced"၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၊ Government of Myanmar၊ 2 April 2012။ 5 October 2012 တွင် ပြန်စစ်ပြီး။
- Khin Kyaw Han (1 February 2003)။ Brief Biographies of Elected MPs။ 1990 Multi-party Democracy General Elections။ 5 October 2012 တွင် ပြန်စစ်ပြီး။
- released Political Prisoners from 2007 to date။ Assistance Association for Political Prisoners (Burma) (2008)။ 5 October 2012 တွင် ပြန်စစ်ပြီး။