ဆလိုင်းလျန်လွယ်

ဆလိုင်းလျန်လွယ် (အင်္ဂလိပ်: Salai Lian Luai) သည် ဥပဒေပညာရှင်အဖြစ်မှ နိုင်ငံရေးသမားဖြစ်လာသူ ဖြစ်ပြီး ချင်းပြည်နယ်၏ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။ သူသည် ရန်ကုန်တက္ကသိုလ်မှ ဥပဒေဘွဲ့ရရှိခဲ့သည်။

ဆလိုင်းလျန်လွယ်
Salai Lian Luai
ချင်းပြည်နယ် ဝန်ကြီးချုပ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
မတ် ၃၀၊ ၂၀၁၆ (၂၀၁၆-၀၃-၃၀)
ခန့်အပ်သူမြန်မာနိုင်ငံ၏ သမ္မတ
သမ္မတဦးထင်ကျော်
ယခင်လူဟုန်းငိုင်
ကိုယ်ရေး အချက်အလက်များ
မွေးဖွားAiribual village
ဖလမ်းမြို့နယ်
ချင်းပြည်နယ်
နိုင်ငံရေးပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
သားသမီးလေးဦး
မိခင်ကျောင်းရန်ကုန်တက္ကသိုလ်
အစိုးရအဖွဲ့ချင်းပြည်နယ် အစိုးရအဖွဲ့

သူသည် ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးစစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့ရှိ အစိုးရရုံးများတွင် ဥပဒေပညာရှင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ အစိုးရဝန်ထမ်းအဖြစ် နောက်ဆုံးလုပ်ကိုင်ခဲ့သည်မှာ တမူးခရိုင် ဥပဒေအရာရှိ အဖြစ် လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။[1]

နိုင်ငံရေး လုပ်ကိုင်ခြင်း

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ချင်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ဖလမ်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီဝင်အသစ်အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့သည်။

ပုဂ္ဂိုလ်ရေးရာ

ဆလိုင်လျန်လွယ်သည် ချင်းလူမျိုးတစ်ဦး ဖြစ်ပြီး ခရစ်ယာန်ဘာသာဝင် ဖြစ်သည်။[2]

ကိုးကား

  1. Meet your Chief Ministers
  2. John Zaw။ "Myanmar names three Christians as regional ministers"၊ Union of Catholic Asian News၊ March 29, 2016။


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.