ညီပု (ဝန်ကြီးချုပ်)

ဦးညီပု သည် မြန်မာနိုင်ငံသား ရှေ့နေနှင့် နိုင်ငံရေးသမားတစ်ဦး ဖြစ်သည်။ သူသည် လက်ရှိတွင် ရခိုင်ပြည်နယ်၏ တတိယမြောက် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက် ရှိသည်။ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ဂွမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိခဲ့ကာ မတ်လ ၃၀ ရက်နေ့တွင် ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။

ဦးညီပု
ရခိုင်ပြည်နယ် ဝန်ကြီးချုပ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
မတ် ၃၀၊ ၂၀၁၆ (၂၀၁၆-၀၃-၃၀)
ခန့်အပ်သူမြန်မာနိုင်ငံ၏ သမ္မတ
သမ္မတဦးထင်ကျော်
ယခင်လူဦးမောင်မောင်အုန်း
ကိုယ်ရေး အချက်အလက်များ
လူမျိုး မြန်မာ
နိုင်ငံရေးပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အစိုးရအဖွဲ့ရခိုင်ပြည်နယ် အစိုးရအဖွဲ့

အစောပိုင်းဘဝနှင့် နိုင်ငံရေး

ဦးညီပုသည် ရခိုင်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥက္ကဋ္ဌ ဖြစ်သည်။ ၁၉၈၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဥပဒေပညာဖြင့် ဘွဲ့ရရှိခဲ့ပြီး ၁၉၈၈ ခုနှစ်အထိ လုံခြုံရေးဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့သည်။ ကုန်းလမ်းပို့ဆောင်ရေးဌာနတွင် စာရေးအဖြစ် လုပ်ကိုင်ခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကာ ရွေးချယ်ခံခဲ့ရသော်လည်း လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခွင့် မရခဲ့ပေ။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် ဂွမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရရှိခဲ့သည်။[1]

ကိုးကား


This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.