နန်းခင်ထွေးမြင့်

နန်းခင်ထွေးမြင့် (၁၀ မေ ၁၉၅၄ မွေးဖွား) သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမားတစ်ဦး ဖြစ်ပြီး ကရင်ပြည်နယ် အစိုးရအဖွဲ့ခေါင်းဆောင် ကရင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။ သူမသည် တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များအနက် အမျိုးသမီး ဝန်ကြီးချုပ် နှစ်ဦးတွင် အပါအဝင်ဖြစ်သည်။[1][2][3]

နန်းခင်ထွေးမြင့်
ကရင်ပြည်နယ် ဝန်ကြီးချုပ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
မတ် ၃၀၊ ၂၀၁၆ (၂၀၁၆-၀၃-၃၀)
ခန့်အပ်သူမြန်မာနိုင်ငံ၏ သမ္မတ
သမ္မတ
ယခင်လူဦးဇော်မင်း
ကရင်ပြည်နယ်လွှတ်တော် ရွေးကောက်ခံကိုယ်စားလှယ် (၂၀၁၅)
မဲဆန္ဒနယ်ဘားအံမြို့နယ် မဲဆန္ဒနယ် (၁)
အနိုင်ရမဲ အရေအတွက်၁၈,၄၂၃ (၇၄%)
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1954-05-10) ၁၀ မေ၊ ၁၉၅၄
ဘားအံမြို့ကရင်ပြည်နယ်မြန်မာနိုင်ငံ
နိုင်ငံရေးပါတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
မိဘဦးစောလှထွန်း (ဖခင်)
ဒေါ်အမာ (မိခင်)
အစိုးရအဖွဲ့ကရင်ပြည်နယ် အစိုးရအဖွဲ့

အစောပိုင်းဘဝ

နန်းခင်ထွေးမြင့်ကို ကရင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာစောလှထွန်းနှင့် ဒေါ်အမာတို့မှ မွေးဖွားခဲ့သည်။ သူမသည် စီးပွားရေးဘွဲ့ရ တစ်ဦး ဖြစ်သည်။[4]

နိုင်ငံရေး

ရန်ကုန်တက္ကသိုလ် ကျောင်းသားများ ဆန္ဒပြမှုတွင် ပါဝင်ခဲ့ခြင်းကြောင့် နန်းခင်ထွေးမြင့်အား မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရက ၁၉၇၅ ခုနှစ်တွင် ဖမ်းဆီးထောင်ချခဲ့သည်။ ထိုစဉ်က သူမသည် ဒုတိယနှစ်ကျောင်းသူတစ်ဦးဖြစ်ပြီး ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် တက်ရောက်နေဆဲ ဖြစ်သည်။ ၁၉၇၈ ခုနှစ်တွင် ထောင်မှ လွတ်မြောက်လာခဲ့သည်။

၁၉၈၈ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၅၁ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ တက်ရောက်ရန် ရန်ကုန်သို့ အလာတွင် ဖမ်းဆီးခံရပြန်သည်။ သူမအား ဘားအံမြို့အခြေစိုက် တပ်မတော် ထောက်လှမ်းရေးအရာရှိများက သထုံမြို့ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ထောက်လှမ်းရေး အရာရှိများက သူမ အိမ်မှ ထွက်ခွာစဉ်ကတည်းက နောက်ယောင်ခံလိုက်လာခဲ့ပြီး သထုံရဲစခန်းအရောက်တွင် သူမအိတ်အား ရှာဖွေခဲ့ကြပြီး ပြန်ပေးခဲ့သော်လည်း ပစ္စည်းအချို့ ပျောက်ဆုံးခဲ့သည်။ အရာရှိများနှင့် အငြင်းပွားမှု ဖြစ်ပေါ်ခဲ့ပြီး သူမအား ဝတ္တရားနှောက်ယှက်မှုဖြင့် မြေပေါ်တွင် လှဲချဖမ်းဆီးခဲ့သည်။ သူမအား နောက်တစ်ရက်တွင် သထုံတရားရုံး၌ ရာဇသတ်ကြီးပုဒ်မ ၃၅၃ ဖြင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့သည်။ သူမအား ရှေ့နေငှားရမ်းခွင့် မပြုခဲ့သလို သက်သေထွက်ဆိုပေးရန်အတွက် မည်သူ့မျှ ခေါ်ဆိုခွင့် မရခဲ့ပေ။[5][6]

၁၉၉၀ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ဘားအံမြို့နယ် မဲဆန္ဒနယ် အမှတ် ၃ မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မဲအရေအတွက် ၁၈,၄၂၃ (၇၄%) ဖြင့် အနိုင်ရရှိခဲ့သော်လည်း လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခွင့် မရခဲ့ပေ။ ၈၈၈၈ အရေးအခင်းပြီးနောက် ပြည်တွင်းအခွန်များဦးစီးဌာနမှ အလုပ်ထွက်ခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အဆိုအရ သူမသည် ထောင်ချောက်ဆင် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ထောက်လှမ်းရေးအရာရှိ ဗိုလ်ချုပ်ခင်မောင်ကြည်နှင့် ကတောက်ကဆဖြစ်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။ ၁၉၉၂ ခုနှစ် ဇွန်လတွင် ပြုလုပ်ခဲ့သော နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ညီလာခံသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု၍ တက်ရောက်ခဲ့သည်။

နန်းခင်ထွေးမြင့်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် ကရင်ပြည်နယ် လွှတ်တော် မဲဆန္ဒနယ်အမှတ်(၁)မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ကိုယ်စားလှယ်အဖြစ် ဘားအံမြို့နယ် ကိုယ်စားပြု၍ အနိုင်ရရှိခဲ့ပြီး ကရင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံခဲ့ရသည်။[7]

ကိုးကား

  1. Karen State's new chief signals continuity and change (in en)။ Asian Review (16 May 2016)။ 24 September 2017 တွင် ပြန်စစ်ပြီး။
  2. NLD အမတ် ၁၄ ဦးကို ပြည်နယ်နှင့်တိုင်းဝန်ကြီးချုပ် များအဖြစ် အဆိုပြု ခန့်အပ်ပြီ (in my)။ Myanmaronline News (28 March 2016)။ 24 September 2017 တွင် ပြန်စစ်ပြီး။
  3. CAR ACCIDENT PUT KAREN STATE CHIEF MINISTER IN HOSPITAL (in en)။ Karen news 24 September 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 September 2017 တွင် ပြန်စစ်ပြီး။
  4. KIC။ "Nan Khin Htwe Myint Is New Karen State Chief Minister - Burma News International" (in en-gb)။
  5. Chief Ministers
  6. Kayin Chief Minister: ‘We must cooperate and work together for the future of the country’ (in en)။ Frontier Myanmar 24 September 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 September 2017 တွင် ပြန်စစ်ပြီး။
  7. Interview with winning Karen NLD candidate (in en)။ Mizzima (27 November 2015)။ 24 September 2017 တွင် ပြန်စစ်ပြီး။
This article is issued from Wikipedia. The text is licensed under Creative Commons - Attribution - Sharealike. Additional terms may apply for the media files.